Thursday, March 05, 2009

ဂလိုက်ဒါလေး တစ်စီးရဲ့အကြောင်း



မင်း...ယူမယ်ဆို ရနိုင်ရက်နဲ့..
မင်း မလိုအပ်လို့ ထားခဲ့တဲ့ အရာတွေ အတွက်.
မင်း...၀မ်းနည်းမနေခဲ့ သလို...
.......
မင်းလိုအပ်လို့ တောင်းခဲ့တဲ့ အရာတွေကျ
ကိုယ် ပေးဘို့ မစွမ်းနိုင်ခဲ့ တာ..
နားလည်ပေးစေချင်ပါတယ်....။

......
ရွေ့လျားခြင်း သီအိုရီတွေနဲ့..
စက်ကုန်တင်မောင်းထွက်သွားတဲ့..
ဂလိုက်ဒါ ပြာပြာလေး တခုအတွက်..
ဝမ်းနည်းခဲ့တဲ့ ငါ..
နက်ဖန်ခါ မနက်ကျရင်..
ဘ၀ သစ်တပင်အတွက်
ဆက်လက်ရှင်သန်ရမှာ..
အသေအချာ ပါပဲကွယ်...
........
လွမ်းတယ်
........
ပြီးတော့...
........
လွမ်းတယ်..
ပြီးတော့...
......
လွမ်းတယ်...
........
ဒီလောက်ပါပဲ ကွယ်...။
........
ကံကြမ္မာ မျက်နှာသာ ပေးခဲ့သမျှ
ကိုယ်ရခဲ့ တယ်..။
ကိုယ်ရခဲ့သမျှ..
ကိုယ် ကျေနပ်ပါတယ်..။
ကျေနပ်ခြင်းတွေနဲ့ပဲ
ကိုယ်ရှင်သန်နေခဲ့ တယ်..။
....
နောက်ဆံ မတင်းပါနဲ့ ဂလိုက်ဒါလေးရေ...
လေဟုန်တကြော...မျောလိုရာ မျော ပါလေရော့ကွဲ့..။
.....
မင်း..မလိုအပ်လို့
ထားခဲ့တဲ့ အရာတွေ အတွက်တော့..
မင်း ၀မ်းမနည်းပါနဲ့..
ဝမ်းမနည်း ပါနဲ့ ကွယ်......။


မမသီရိ

17 comments:

Phyo Maw said...

ပထမဦးဆုံးတစ်ပိုဒ် ကြိုက်လို့ ကူးသွားရဲ့...
ကဗျာထဲကအလွမ်းတွေ စာသားတွေနဲ့အတူ အမှတ်တရအချို့ ဖြစ်သွားနိုင်ပါစေဗျာ.. :D

ကောင်းကင်ပြာ said...

လွမ်းတယ်...လွမ်းတယ်....လွမ်းတယ် ...မမသီရိ

Welcome said...

အတွေးတွေ ပွားစေတဲ့
ရင်တွင်းဖြစ်ကဗျာလေးကို
ထဲထဲဝင်ဝင် ဖတ်သွားပါတယ်။
ထားခဲ့သူအပေါ်
နားလည်ပေးနိုင်တဲ့သူအတွက်
နာကြဉ်းစိတ်လေး တစ်စွန်းတစ်စမျှတောင်
ရှာမတွေ့ခဲ့ပါဘူး။

လေးစားလျက်

လင်းဒီပ said...

လမ်းမတူတော့လည်း တစ်ခရီးတည်း အတူသွားဖို့မလွယ်ခဲ့ပါဘူးလေ...

နက်ဖန်ခါ မနက်ကျရင်..
ဘ၀ သစ်တပင်အတွက်
ဆက်လက်ရှင်သန်ရမှာ..
အသေအချာ ပါပဲကွယ်...

ကိုယ်ယုံကြည်သလို တစ်လမ်းစီ ရှင်သန်ကြရင်း
နောက်တော့လည်း အသားကျသွားတာပဲ အစ်မရယ်..

yehtutnaung said...

ယုံကြည်မှု မျှော်မှန်းမှု တွေနဲ့ အတူ နေရာတခုဆီကို သွားနေကြရတဲ့ခါ.....။

မီယာ said...

မမရေ... လွမ်းနေရပြန်ပြီလား... ဂလိုက်ဒါလေးလို့ တင်စားထားတာ သဘောကျစရာ။

Anonymous said...

"ရွေ့လျားခြင်း သီအိုရီတွေနဲ့..
စက်ကုန်တင်မောင်းထွက်သွားတဲ့..
ဂလိုက်ဒါ ပြာပြာလေး တခုအတွက်..
ဝမ်းနည်းခဲ့တဲ့ ငါ..
နက်ဖန်ခါ မနက်ကျရင်..
ဘ၀ သစ်တပင်အတွက်
ဆက်လက်ရှင်သန်ရမှာ..
အသေအချာ ပါပဲကွယ်...
........
လွမ်းတယ်
........
ပြီးတော့...
........
လွမ်းတယ်..
ပြီးတော့...
......
လွမ်းတယ်...
........
ဒီလောက်ပါပဲ ကွယ်...။"
အဲ့ဒနေရာလေး သဘောအကျဆုံးပဲ ...
လွမ်းတာကသပ်သပ် .... ကိုယ်လုပ်စရာရှိတာလုပ်နေမှာက သပ်သပ် ... အလွမ်းကြောင့် ပုံကျပြီး ကိုယ့်ရဲ့ရှင်သန်မှု ရပ်မသွားတာ အရမ်းသဘောကျတာပဲ ....

Moe Cho Thinn said...

ကံကြမ္မာ မျက်နှာသာ ပေးခဲ့သမျှ
ကိုယ်ရခဲ့ တယ်..။
ကိုယ်ရခဲ့သမျှ..
ကိုယ် ကျေနပ်ပါတယ်.. ဆိုတဲ့ မမရေ.. အဲဒီလို နားလည် ခွင့်လွှတ်ပေးတတ်လို့များ လွမ်းနေရတာလား။
မမဆီလာတိုင်း အလွမ်းတွေ ကူးစက်သွားတယ်။

Anonymous said...

အလွမ်းဓာတ်ခံရှိပါတယ်ဆိုဗျာ ရင်ထဲမှာ ရှိုက်ခနဲဖြစ်သွားတယ် ။ မိန်းခလေးတွေလည်း တကယ်ကို လွမ်းတတ်တာပါပဲလားးး

Kaung Kin Ko said...

ရွေ့လျားခြင်း သီအိုရီတွေနဲ့..
စက်ကုန်တင်မောင်းထွက်သွားတဲ့..
ဂလိုက်ဒါ ပြာပြာလေး တခုအတွက်..
ဝမ်းနည်းခဲ့တဲ့ ငါ..
နက်ဖန်ခါ မနက်ကျရင်..
ဘ၀ သစ်တပင်အတွက်
ဆက်လက်ရှင်သန်ရမှာ..
အသေအချာ ပါပဲကွယ်...

အဲဒီ့အပိုဒ်လေး အကြိုက်ဆုံးပဲ။ ကဗျာလေး ကောင်းတယ်။ ဟို အချစ်ဆိုတာ ကဗျာက သူငယ်ချင်းက မဂ္ဂဇင်းတိုက်ကို ပို့ လိုက်တာဗျ။ Fashion Image ကို။ ပြီးတော့ ကျွန်တော့်ကို စကန်ဖတ်ပြီး အမှတ်တရ ပို့ ပေးထားတယ်

ကိုအောင် said...

အလွမ်းကဗျာကို လာရောက်ဖတ်ရူသွားပါတယ်၊ အားပေးလျက်ပါ။

ဆောင်းယွန်းလ said...

မင်း...ယူမယ်ဆို ရနိုင်ရက်နဲ့..
မင်း မလိုအပ်လို့ ထားခဲ့တဲ့ အရာတွေ အတွက်.
မင်း...၀မ်းနည်းမနေခဲ့ သလို...
.......

မင်းလိုအပ်လို့ တောင်းခဲ့တဲ့ အရာတွေကျ
ကိုယ် ပေးဘို့ မစွမ်းနိုင်ခဲ့ တာ..
နားလည်ပေးစေချင်ပါတယ်

ကဗျာလေးကောင်းလိုက်တာဗျာ...ကြိုက်တယ်ဗျ..
ကံကြမ္မာ မျက်နှာသာ ပေးခဲ့သမျှ
ကိုယ်ရခဲ့ တယ်..။

ကိုယ်ရခဲ့သမျှ..
ကိုယ် ကျေနပ်ပါတယ်..။

ကျေနပ်ခြင်းတွေနဲ့ပဲ
ကိုယ်ရှင်သန်နေခဲ့ တယ်..
ဒီအပိုဒ်လေးကိုပိုပြီးတောင်ကြိုက်သေးတယ် မသီရိရေ

မင်းအိမ်ဖြူ Minn Eain Phyu said...

ကောင်းလိုက်တာ မမရယ်....
မမရေ သူထွက်သွားတယ် .....
ဒါပေမယ်.သူဝမ်းမနည်းပဲ
ကျွန်တော် လွမ်းနေဆဲ ပဲ ....... ကျွန်တော်. Feeling ပေါ.နော် မမကဗျာလေးဖတ်ပြီးတော.လေ.......

Anonymous said...

ကဗျာက ကောင်းလွန်းနေတယ်.. ခံစားချက်တချို့နဲ့လည်း တိုက်ဆိုင်တယ်။

မသက်ဇင် said...

ရွေ့လျားခြင်း သီအိုရီတွေနဲ့..
စက်ကုန်တင်မောင်းထွက်သွားတဲ့..
ဂလိုက်ဒါ ပြာပြာလေး တခုအတွက်..
ဝမ်းနည်းခဲ့တဲ့ ငါ..
နက်ဖန်ခါ မနက်ကျရင်..
ဘ၀ သစ်တပင်အတွက်
ဆက်လက်ရှင်သန်ရမှာ..
အသေအချာ ပါပဲကွယ်...

ကဗျာလေး--တွေးရင်းခံစားသွားပါတယ်--

JulyDream said...

ကွန့်မန့်တွေက ရှယ်ပဲဗျာ။ အဟီး...

နဒီမိုးညို said...

အားပေးလျှက်ပါ..မမသီ၇ိ