Monday, July 14, 2014

ပဒိုင်းသီး

ကောက်မိခဲ့ပြီမို့ ..

လွှင့်ပစ်ဖို့ရန်လဲ ... ရှိုက် တမက်မက်..

ဆုပ်လိုက်ဖို့ ကိုလဲ ... ဆူးတယှက်ယှက်..

စားမလို့ဆိုပြန်လဲ .. ရူးရင်ခက်ရရဲ့..

ဒီလိုနဲ့..
နေ့ ..ည .. ရက်.. လီ ခဲ့.
မပီဝိုးဝါး..
နှစ်   လ   တာ    ရှည်ခဲ့


ကျမရဲ့ ပဒိုင်းသီး ကလေး လေ
ခါးသက်မွှေးရီ ဆဲ.. ထီမထင် ခပ်မဆိပ် နဲ့ ....။


မမသီရိ
၁၃ ဇူလိုင် ၂၀၁၄

No comments: