Monday, July 07, 2014

ဒီပုတ်ထဲက ဒီပဲ

ဒီပုတ်ထဲက ဒိ ပဲ

မြန်မာပြည်မှာ တစ်ပါတီစံနစ် တစ်ခေတ်တစ်ခါတုန်းက၊ လူငယ်တွေအတွက် ရွေးချယ်စရာဆိုလို့ တစ်လမ်းစဉ် ထဲသာ ရှိခဲ့တုန်းကပေါ့။ အသက် ၅ နှစ် က ၁၀ နှစ် ဆို တေဇလူငယ်၊ ၁၁ နှစ်က ၁၅ နှစ် ထိ ရှေ့ဆောင်လူငယ်၊ ၁၆ နှစ်က ၁၈ နှစ်ထိ လမ်းစဉ်လူငယ်၊ ၁၈ နှစ် ပြည့်ပြီးသွားရင်တော့ အရံပါတီဝင် ဖြစ်လာပြီး ၂၁ နှစ် ပြည့်တဲ့အခါ တင်းပြည့်ပါတီဝင် အဖြစ် လျှောက်လွှာ တင်နိုင်ပါတယ်။
အသက် အုပ်စုအလိုက် လူငယ်ခေါင်းဆောင်သင်တန်း တွေ ကို ဗဟိုအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ် အဆင့် နဲ့ ကျေးရွာ အုပ်စု အဆင့်ထိ အဆင့် ဆင့်၊ ဆင့်ပွားပြီး ပို့ချ ကြတယ်၊ ထူးချွန်တဲ့ လူငယ်တွေကို နိုင်ငံခြား မှာ ပညာတော်သင် အလှည့် ကျလွှတ်ပေးပြီး၊ အဲဒီတုန်းက ဆိုဗီယက်ယူနီယံ ကို အဓိက စေလွှတ်ခဲ့တယ်၊ (စကားချပ်။ နောက်ပိုင်းမှာတော့ ပါတီ ကောင်စီ လူကြီးတွေ ရဲ့ နီးစပ်ရာတွေသာ အခွင့်အရေး ရခဲ့ကြပါသတဲ့)

လူငယ်တွေ ဖတ်ဖို့စာအုပ်တွေကလဲ ဆိုရှယ်လစ်စံနစ် တည်ဆောက်တဲ့နေရာမယ် အထောက်အကူပြုရေး ကားလ်မာ့ခ်စ်၊ အိန်ဂျယ်လ် တို့ ရဲ့ ဆိုရှယ်လစ်ဝါဒ၊  ဆိုရှယ်လစ်တော်လှန်ရေးခေါင်းဆောင်တွေ ရှဲု အတ္တုပတ္တိ စာအုပ်တွေ ရဲ့ ဘာသာပြန်တွေ ပလူပျံလို့ပေါ့။ ရိုးသားတဲ့၊ ကြိုးစားတဲ့၊ တော်လှန်လိုစိတ်ရှိတဲ့၊ ဖြောင့်မတ် မှန် ကန်တဲ့ ခေါင်းဆောင် တွေ အကြောင်း ဖတ်ရတာ အင်မတန် အားရစရာ ကောင်းပြီ ငါတို့ နိုင်ငံတော် ကို လဲ ငါ တို့ ဘယ်လို တည်ဆောက်ကြမယ်လို့ လူငယ် အများစု က စိတ်ကူးယဉ်ခဲ့ ကြသပေါ့။ ကြိုကြား ကြိုကြား အနောက်တိုင်း ခေါင်းဆောင်တွေနဲ့ အမေရိကန် သမ္မတ တွေ ရဲ့ အကြောင်း က လဲ အတွေး သစ် အမြင်သစ် တွေ ရစေခဲ့ကြပေတယ်။
အဲဒီတုန်းက စာဖတ်တာ အလွန်ဝါသနာပါ ပြီး မီး မရှိတဲ့ကျေးလက်မှာ လပြည့်ည လရောင်နဲ့တောင် စာတွေ ခိုး ဖတ်ခဲ့ တဲ့ ဆယ်ကျော်သက် ကလေးမ တစ်ယောက် က သူနေတဲ့ ကျေးရွာအုပ်စုလေးမှာ လူငယ်ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့သတဲ့။ ကပ်စထရိုနဲ့ ချေဂွေဗားရား ကို အားကျ၊ ဦးသန့်၊ ချူအင်လိုင်း နဲ့ ဟင်နရီကစ်ဆင်ဂျား ကိုလေးစား၊ ဂျိုဆေ ရီဇော်နဲ့ ဗိုလ်ငုယင်ဇက် တို့ကြောင့် ခွန်အားတွေရ၊ အဲဒီတုန်း က လစဉ်ထုတ် နိုင်ငံတကာ ရေးရာ ဂျာနယ်တွေ နဲ့ မြန်မာနိုင်ငံ ဘာသာပြန်အသင်းက ထုတ်ဝေခဲ့ စာအုပ်တွေ ကို ဘကြီးတွေ ဦးလေးတွေ ဆီက ယူဖတ်၊ ပြီးတော့ လူကြီး တွေ စကားဝိုင်းမယ် လူလူသူဝင်ထိုင်၊ အဲဒါ သူမရဲ့ ငယ်ဘ၀ ။

တစ်ခါမတော့၊ သူမ တက်ရတဲ့ လူငယ်ခေါင်းဆောင် မွမ်းမံသင်တန်းတန်းတစ်ခုမှာ ဆိုဗီယက်ပြန် လူငယ်( ကြိး) ခေါင်းဆောင်တစ်ယောက် လာရောက် ပို့ချ ခဲ့ပါတယ်။ သူ့ရဲ့ ဆိုဗီယက် သွား အတွေ့ အကြုံတွေ ကို အလျင်းသင့် သလိုပြန်လည် ပြောပြရင်း ဆိုဗီယက်ဟာ အေးတဲ့ တိုင်းပြည်ဖြစ် သမို့ အမျိုးသမီးတွေ အပါအ၀င် လူတိုင်းနီးပါးဗော့ဒ်ကာ သောက်ကြတာမဆန်းသလို၊ မှန်ကလေးတစ်ချပ်ခြားပြီး အမျိုးသမီးရော အမျိုးသားပါ ၀တ်လစ်စလစ် ရေးချိုးကြတဲ့ အကြောင်း (သူမ ဖတ်ဖူးတဲ့ စာအုပ်တွေထဲ မပါတဲ့ အကြောင်းအရာမို့) ကြားရတော့ ပါးစပ်ကလေး အဟောင်းသား နဲ့ပေါ့။
သင်တန်းကာလ တစ်ချိန်မှာတော ပြည့်သူ့ကိုယ်စားလှယ်၊ ပြည်သူ့ခေါင်းဆောင် နဲ့ ကိုယ်ကျင့်တရား ဆိုတဲ့ အကြောင်း ဆွေးနွေးကြရပါတယ်။ ဆရာ က အာပေါင်အာရင်း သန်စွာ နဲ့ လူငယ်တွေဟာ ရိုးသားဖြောင့်မှန်ပြီး အနာဂတ်ရဲ့ ခေါင်းဆောင် တွေ ဖြစ်လာဖို့ ကြိုးစား သင့်ကြကြောင်းနဲ့ ပြည်သူတွေအတွက် စံပြခေါင်းဆောင် ဖြစ် နေစေဖို့ အစဉ် ကြိုးပမ်းနေကြရမှာ ဖြစ်ကြောင်း ဟော ပြော ခဲ့ပါသတဲ့၊ အဲဒိအချိန်မှာ လူငယ်ခေါင်းဆောင် ကောင်မလေးက လူငယ်တွေ ဟာ ရိုးသားဖြောင့်မတ် ရမယ် ကြိုးစား ရမယ် ဆိုတာတော့ ဟုတ်ပါပြီ၊ လူကြီးတွေ ကျတော့ ဘာဖြစ်လို့များ လာဘ်စားလိုက် ပြည့်သူ့ဆိုင်က ပစ္စည်တွေ ဘုန်းလိုက် ဖြစ်နေရတာလဲ၊ တစ်ယောက် တက် ကောင်းနိုးနိုး၊ နောက်တစ်ယောက်တက် ဒီထက်ဆိုး၊ ကျမ တို့ဘာလုပ်သင့်သလဲဆိုတော့ ဆရာခမျာ တစ်ချက် တွေ ပြီး တိတ်ဆိတ် သွားပါရော။ ခဏနေတော့မှ ဒီသမလူကြီး မကောင်းဘူးလို့ တစ်ပြောထဲပြောနေတဲ့ အရပ်သား က ဟိုလူကြီးပြုတ်တော့ ၀င်အရွေးခံ သူလူကြီး ဖြစ်လာတော့ ဒီပုတ်ထဲ ဒီပဲ ဖြစ်သွားတာ အစဉ်အလာ တစ်ခု လိုတောင် ဖြစ်နေပြိ ထင်ပါရဲ့ တဲ့။ ငါတို့ ကိုယ်တိုင် အဲဒီနေရာတွေ ရောက်သွားရင် အဲသလိုမဖြစ်ဖူးလို့ ဘယ်လို အာမခံ နိုင်မလဲ လို့ ခပ်လေးလေး ပြန်ဖြေပြီး သင်တန်းတစ်ခုလုံး ခံစားချက် ကိုယ်စီနဲ့ နှုတ်ဆိတ်ကုန်ခဲ့ကြဖူးတယ်။ အဲဒါ ၁၉၈၀ ကျော် တိုင်းပြည် လှုပ်စ ပြုခဲ့ပြီလို့ ပြောရမှာပါ။

ဒီလိုနဲ့ ၈၈ အရေးအခင်းကြိးဖြစ် ခေတ်က ပြောင်းမလိုလို . လိုလို နဲ့ ဒီပုတ်ထဲ က ဒီပဲတွေ နဲ့ ပဲ နေလာရင်းနဲ့ ၈ လေးလုံးအလွန် ဆယ်စူနှစ်ကျော်ကာလတစ်ခုမှာ နိုင်ငံတကာလူသားအကျိုးပြုအကူအညီပေးရေးအဖွဲ့ တစ်မှာ အလုပ် ၀င်လုပ်ဖြစ်ခဲ့ပါတယ်။ ဂျပန် အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ်တာမို့ နိုင်ငံတကာ ၀န်ထမ်း အများစုက ဂျပန်တွေဖြစ်ပြီး ကျမ ရဲ့ တိုက်ရိုက် ဆုပါဗိုက်ဆာ ကလဲ ဂျပန် လူမျိုး လူမှန် လူဖြောင့် အလွန်တိကကျ ကြိုးစားသူ တစ်ယောကပါ်။ အဲဒိဲအဖွဲ့ရဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်က လဲဂျပန် လူမျိုး ပေမဲ့ သူ့အမျိုးသမီးက ထိုင်းနိုင်ငံသူ ပါ။ ကျွန်မတို့တွေကပဲ အာရှဆန်လွန်းသလား၊ အဖွဲ့ လူကြီး လင်မယား ကပဲ အာရှတိုက်သားတွေ ဖြစ်နေတာလား။ မယားက မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံသူ ဖြစ်နေလို့ပေပဲလား၊  ယောင်္ကျားက နိုင်ငံကိုယ်စားလှယ်၊ မိန်းမ က အဲဒီ အဖွဲ့ရဲ့ တွဲဖက် စီမံစာရင်းကိုင်၊ အဲဒီ အမျိုးသမီးနဲ့ အဆင်ပြေတဲ့သူတွေ ဆရာကြီး နဲ့ အဆင်ပြေကြ၊ ကိစ္စ ရှိရင် မိန်းမ ဆီ သွားပြော အဆင်တွေ ချောကုန် ဖြစ်လာပါရော၊ သူတို့လင်မယား ပြီးရင် ကျန်တဲ့ နိုင်ငံတကာ ၀န်ထမ်း တွေ (အားလုံးက ဂျပန်လူမျိုးတွေ) က လူငယ်တွေ၊ လူဖြောင့်တွေ၊ တက်ကြွ ပွင့်လင်းသူတွေ ဆိုတော့ .. အစည်းအဝေး တွေမှာ အဲဒီကိစ္စ ပေါ်တင် ကြီး တိုက်ခိုက် ဝေဖန်ကြ တဲ့ အဆင့်ထိ ရောက်လာပါရော၊ ကျွန်မ တို့ ဆရာက အပြင်း ထန်ဆုံး ဆိုပါတော့။ သူ့ ဆက်ရှင် အနား အဲ ဒီအမျိုး အနားတောင် မသီ ရတဲ့ အထိ ပက်ပက် စက်စက် တိုက်ပွဲဝင်ခဲ့တာမျိုး။ တနေ့တော့ ကျွန်မ ကို ဆရာက မေးလာပါတယ်၊ ခင်ပွန်း ယောက်ျား ရဲ့ အလုပ်ကိစ္စတွေ မိန်းမတွေ က ၀င်ရောက်စွက်ဖက်တာ မင်းတို့ ဘယ်လိုမှ မဖြစ်ဖူးလား တဲ့။ ကျွန်မ တစ်ခွန်းထဲ ပြန်ဖြေဖြစ်ပါတယ်။ ကျွန်မတို့ အတွက် ရိုးနေပြီ . လို့။

ဟုတ်တယ်လေ၊ ရာထူးတိုးချင်တဲ့ စာရေးမ က ရုံးအရာရှိ သွားပြောရင် အပြောရခက်နေမယ်၊ သူ့မိန်းမ ဆီ ဆီပုံးကလေးနဲ့သွားတော့ လွယ်လိုက်များ ပေါ့ပေါ့ပါးပါး မဟုတ်လား၊ ကျောင်းပြောင်းချင်တဲ့ ဆရာမ က လဲ ပညာရေးမှူး သွားပြောနေ ဟိုမေး ဒီမေး နဲ့ ကြောက်စရာ၊ ပညာရေးမှူးကတော် ပါတိတ်ဝမ်းဆက်ကလေး နဲ့ အကျိုးအကြောင်း ပြောပြ တော့ နောက် အော်ဒါ မှာ မပါမှာ မပူနဲ့ တော့။

ဒါနဲ့ပဲ နိုင်ငံတကာ အဖွဲ မို့လို့လားတော့ မသိ အဲဒီ ပုတ်ထဲ မှာ ဒီပဲ တွေ ကြာရှည်မခံခဲ့ ။ ကျွန်မတို့ဆရာ နဲ့ အခြား ဂျပန် ၀န်ထမ်း ၂ ယောက် ရယ်၊ အဲဒီ ထိုင်း အမျိုး သမီး ရယ် ငြိမ်ြးိမ်းချမ်းချမ်း ပဲ အဖွဲ့ အစည်း ကို ကျောခိုင်း သွားခဲ့ကြပါတယ်။

ခေတ်တွေ အဆက်ဆက် ပြောင်း ခဲ့ ပေမဲ့ ကျွန်မတို့ နိုင်ငံ ရဲ့ ကိစ္စအတော်များများ၊ နေရာ အတော်များများ မှာ ဒီပုတ် နဲ့ ဒီပဲ ဟာ တောက်ပြောင် သစ်လွင် လတ်ဆတ်နေဆဲ၊

ပြောမဲ့သာ ပြောရတယ် .. ကျွန်မရော မတော်တဆ .. သမ္မတ ဖြစ်သွား ရင် မိဘပြည်သူများရှင့် မိဘပြည်သူများ ရှင့် ဆိုပြီး သနားစဖွယ်မျက်နှာငယ် နဲ့ စာတွေ ဖတ်ပြပြီး အဲဒီပုတ်ထဲ အဲဒီပဲ ဖြစ်မသွားနိုင်ဘူးလို့ ဘယ်သူတွေ ငြင်းရဲကြမှာတုန်း။ 


မမသီရိ
၀၇ ဇူလိုင် ၂၀၁၄



No comments: