Monday, August 11, 2014

နေ့သစ်

နေရောင်လဲ့လဲ့ ပြန်မြင်ရပြီ ကွဲ့ . တို့မြို့မှာ..
ကလေး ရေ.. တို့တတွေ တွင်းအောင်း သတ္တ၀ါလေးတွေ ဖြစ်ခဲ့တာ
သီတင်းပတ် အတော်ကြာ ခဲ့ပေါ့..
ကဲ လာ... မြက်ပင်တိပ်ဖျား
မိုးရေစက်ကလေးများ ကြွေသွားတဲ့ထိ..
အဲဒီ ကမူ ချောချော .. သောသော ညံ အောင် ပြေးဆင်းကြစို့ရဲ့
ပွင့်ချင်နေတဲ့ ... နှင်းဆီ ၀ါဝါ တွေ အနားမှာ....။

မမသီရိ
၁၁ သြဂုတ် ၂၀၁၄

No comments: