Monday, February 17, 2014

သံလွင်ခက်

ပန်းချီဆရာ ပန်းချီဆွဲ
ကဗျာဆရာ ကဗျာရေးပြီး
အဆိုတော်က သီချင်းဆိုတဲ့အခါ
ကမ္ဘာကြီး ငြိမ်းချမ်းတယ်..

မြင်ရတဲ့စည်းရိုးများ
မမြင်ရတဲ့ စည်းရိုးများ
တံတိုင်းတွေ မလိုပဲ လုံခြုံသွားတဲ့အခါ..

ရင်ထဲမှာ ပန်းတွေပွင့် ကျည်ဖူးတွေသံချေးတက်
အဲဒီနေ့နယူးယော့ခ် မြို့တော်က ကွေးနေတဲ့သေနတ်ကြီး
အချစ်ရေ . တို့တွေ အတူတူ သွားချိုးမယ်....။

မမသီရိ
၂၁ ဇန်န၀ါရီ ၂၀၁၄

2 comments:

tin min htet said...

ကဗျာပုံစံ ပြောင်းသွားတယ်။ ဒါကဗျာလေး ရှင်းတယ် ကြိုက်တယ်။

မြသွေးနီ said...

ကွေးနေတဲ့သေနတ်ကြီး သွားချိုးရင် မြသွေးကိုခေါ်ပါ မမရေ....