Monday, February 03, 2014

အလွမ်းဝတ်ရုံ

 လျှောကျသွားတဲ့ ညနေဆည်းဆာ
ဟိုဝေးဝေးမှာ ငှက်တစ်အုပ်
လှိုင်းလွန့်လွန့်လေးတွေပြေးနေတဲ့ မြစ်ရဲ့ တစ်ဖက်ကမ်း
လေပြေက အဲဒီ အနား အရောက်သွားနိုင်သလား
မေ့လျော့ ထားခဲ့ရက်သူဆီ ..
ရွှေရည် ရွှေသွေး ပုဇွန်ဆီ နီနီပြေး..
ကျမကောက်ယူထွေးပွေ့မိတာမှန်သမျှ..
ပန်တော်ကျ သတိရခြင်းများ..သာ..
ဟိုးသက်တံနောက်နားဆီ သီ နေတဲ့ မိုးတိမ်တွေက
မာယာကော့ဖ်စကီးရဲ့ ဘောင်းဘီကို မ၀တ်ထားကြ.

လမင်းကြီး ကိုချောင်းကြည့်ဖို့
ကျမ ပြတင်းဝ လှလှပပ ကြီး အသုံးချကြ..
ခဏလောက်စီးခွင့်ရမလား..
သူ့အနား ကျမ ၀ိဥာဉ်ဖြစ်ဖြစ် သွားချင် ရဲ့..

ဘာမှမဖြစ်နိုင်တော့တာ ကျမ ဘာမှမဖြစ်ချင်တော့
ကျမ က ပုထုဇဉ် ..
တစ်ကိုင်းမှာ နှစ်ကောင်ပဲ နားမယ် .
စားစား သွားသွား..
နဲနဲလောက်ပဲ ဖြစ်ဖြစ် သူမသိသင့်ပေဘူးလား ရှင်တို့ရယ်..
ကျမ ကို နားလည်မပေး ပါနဲ့
ကျမ ကိုနားလည်မပေးပါနဲ့
ကျမ ကို နားလည်မပေးပါနဲ့
ကျမ ဘာကိုမှ နားလည်မပေးနိုင်
ကျမ ဘာကိုမှ နားလည်မပေးနိုင်
ကျမ ဘာကိုမှ နားလည်မပေးနိုင်

တွယ်တာခြင်းပေါင်းမြက်တွေ ရပ်လိုက်တော့ တစ်ခြံလုံးမပွားမီ
သူရော ကျမပါ
တစ်ယောက်အသဲ တစ်ယောက်ခွဲဖို့ လုံလောက်သောအကြောင်းတရားကိုယ်စီရှိထား...

အဲဒီတိမ်တွေ လွန်လေပြီးတဲ့နောက်မှာတော့
ကျမရဲ့ ကိုယ်ပိုင်ဝတ်စုံ အလွမ်းလွှာရုံကလေး ကောက်ခြုံ
(တစ်သက်လုံးအတွက်)
တိတ်တိတ် ကလေးပေါ့  ကမ်းစပ်နားဆီက ကျမထွက်ပြေးခဲ့ပါတယ်.. ။

မမသီရိ
ဇန်န်ဝါရီ - ဖေဖေါ်ရီ ၂၀၁၄

3 comments:

Anonymous said...

ကဗျာတွေ မဖတ်ဖြစ်တာ ကြာလို့ လာဖတ်ပါတယ်..
ဒီကဗျာလေး အရမ်းကြိုက်တယ်.


သိင်္ဂါကျော်

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.