Tuesday, March 06, 2012

ကိုယ်တိုင်ရေးပြဇာတ်ခွင်များ

အစကတည်းကမှ...
ခပ်ရွ ရွ ကလေး ရယ်....
ဗုံတွေ ဆိုင်းတွေ တီးပေးလိုက်လို့များ..တော့..
ကွေးနေအောင် က တာပေါ့....။

တဟေးဟေး တဟားဟား
အားပေး လိုက်ကြတာများ..
လက်ခုပ် ..လက်ဝါး.. ခြေ၀ါး...
ကား..က..ကာ..ကာ့ ကား...
များ မှ . များ...

ငွေ အပို ထပ်ကုန်စရာ မလို..
ကိုယ့်ကားလိပ် .. ကိုယ် ဆွဲတင်...
ကိုယ့် ပွဲ ခွင် ကိုယ် ခင်းကျင်း ..
ကိုယ့် ငါးချဉ် ကိုယ်ချဉ် ချင်သလောက် ချဉ်..
ကိုယ်လုပ် ချင်တာ အကုန်ဖြစ် နေမှတော့..
ဘာချန် ထားနေအုံးမှာလဲ...
ကဲ... ရွာစားရေ့......
တစ်ချီ တစ်မောင်း ..
ဘာ.. အကြောင်းမှ မထောက်...
ပရိတ်သတ်တွေ လွမ်းလောက် အောင်လို့ 
နှစ်ပါးသွား ခွန်း ထောက်..
ကျယ်ကျယ် လောင်လောင် ဟောက် စမ်း မယ်...
အရောက် ပို့စမ်းပါ့.... ဟောဒီ့ စာမျက်နှာ ပြဇာတ် ခွင်များမှာ...။


မမသီရိ
၎ မတ် ၂၀၁၂
ည ၁၁ နာရီ.



1 comment:

tin min htet said...

မသီရီရေ မရောက်တာကြာလို့ သတိရတာနဲ့ လာဖတ်ကြည့်တာ။ အနုအလှလေးတွေပဲ ဖတ်ဖူးနေကြ။ ဒီလို ကဗျာမျိုးလဲ ဖြစ်တာပဲ :)