Tuesday, February 28, 2012

ဆောင်းနှောင်း ညနေ

ဘယ်လို ပြာလို့ပြာနေမှန်း တောင်
မသိတတ်တော့..
နှုတ်ဆက်ထွက်ခွာမယ်မှန်းသိရက်နဲ့
ယုယု ယယ ပုခုံးပေါ် အသာအယာမှေးတင်
ချစ်ခင်နေလိုက်တာများ.. မှုန်နေအောင် ပြာ..
မြူတွေကြောင့်လား...
ဆိုင်းနေလေ ရဲ့ ...
နွေဦး ဆောင်းကြွင်းမို့လား...
မှိုင်း မှိုင်း .. ဝေ ဝေ..
လုံမလေး ပါးပြင်.. ပုဇွန်ဆီသွေး ကြွေ
နုညက် သနပ်ခါးလေးတွေ
ဆည်းဆာနေ နဲ့.. ပြိုင်နေ..

နေမင်း ကို ဟီးလေးခို လိုက်ချင်သတဲ့ ..
ချစ်သူရှိတဲ့ အရပ်ဆီ...
ကမ္ဘာကြီး က လုံးတယ် ..လုံမ ရဲ့...
ချစ်သူက ယီးလေး ခိုစီးရင်လဲ
ရောက်လာနိုင်တာပဲ မဟုတ်လား.. လို့...

ခေါင်းခါခါ လည်ခါခါ ..ဆံပင်လေးတွေ ၀ဲဝဲ ဖြာ လို့
လုံမ ငြင်းလေတယ်ရော...
ဟင့်အင်း... လုံးဝ မစောင့်ချင်ဘူး တဲ့....
ဖြစ်နိုင်မယ် ဆိုရင်......

ဟော.........
ပြောရင်း ... ဆိုရင်း.... 
 ခပ်နီနီ ... ခပ်ဝါ၀ါ.. အဲဒီ နေမင်းဟာ...
ဘာကိုမှ အမှုလဲ မထား..
ဟန်တခွဲသားနဲ့....  ကျောခိုင်းသွား....
ပြာ မှုန်နေတဲ့.. တောင်တန်းတွေ.. လေ...
နောက်ဆုံးတော့လဲ... ထုံးစံ အတိုင်း ပါပဲ..
တိတ်တိတ် ဆိတ်ဆိတ် ငေး လို့ ကျန်....
သူ့ ပါးကလေး အသာ အယာ... လုံမ... ပွတ်ကြည့်တယ်...
သနပ်ခါးတွေ မွှေး နေတုန်း.... တဲ့..............။


မမသီရိ
၂၇ ဖေဖေါ်ဝါရီ ၂၀၁၂






No comments: