Saturday, October 22, 2011

ဝိုင်နီ တွေ

မေမေ ဖုတ်လေ့ ရှိတဲ့
ဆောင်းဦးအကြို ကိတ်မုန့် ရနံ့ က နှာခေါင်းထဲ တိုးဝင်လာတယ်...
အညိုရောင်စပျစ် ခြောက် လေး တလုံးနှစ်လုံး
ဝါးတောင်မကြည့်ရသေးပဲ ချိုမြနေတယ်ရော....
ကျမ ကိုယ်တိုင် တိုက်ထားတဲ့ သစ်သား ကြမ်းခင်း ပြောင်လက်လက်မှာ..
သူ့ မျက်နှာ ပေါ် ပေါ်လာ တယ် မေမေ
စာကျက်ရတာလဲ စိတ်က တယ် မဖြောင့်ချင်ဘူး..
အိမ်ရှေ့ဥယျာဉ် ပိစိ ကလေးမှာ.. နှင်းဆီပန်းဝါ၀ါ တွေ ဖူးနေကြတယ်..
စာကလေး ပိစိ နှစ်ကောင်လဲ ခဏခဏ အလည် ရောက်တာပေါ့..
ကော်ဖီ ကျဆိမ့် လေးက တောင်.. လွမ်းတဲ့ ရနံ့တွေ ထွက်နေတော့..
..ကျမ ဘာလုပ်ရမလဲ မေမေ ရယ်...
ကောင်လေးတွေ ရီးစား များတာ.. သူတို့ တော်လို့ တဲ့...
ကောင်မလေးတွေ လွမ်း တတ်တာ.. အသုံး မကျ လို့ ဆိုပဲ...
မေမေ့ သမီး ရှပ်တေးမ လေ...
ရှပ်ပျာ .. ရှပ်ပျာနဲ့.. 
ဒီ အသက် အရွယ် မကြီး မငယ် မှာ.မှ....
ဝိုင်နီ ပုလင်း ကလေး တလုံး လွတ်ကျ ခွဲလိုက်ပြန်တယ်....

မစိုး ရိမ်ပါနဲ့ မေမေ

ကော်ဖီ ညိုညို ပဲ စွဲ လမ်းခဲ့တာမို့.. ၀ိုင် နီချိုတာတွေ မသိချင်တော့ပါဘူး..
သူ့ဖာ သာ မွှေး .. တာ..  မွှေး ချင်သလောက်သာ မွှေး ပါစေ...


မမသီရိ
၂၂.၁၀.၂၀၁၁


2 comments:

စံပယ်ချို said...

ကောင်မလေးတွေ လွမ်း တတ်တာအသုံး မကျ လို့
တဲ့----
အဲဒီစာသားလေးကိုတော့အရမ်းကြိုက်မိ
ပါတယ်..ဟုတ်တယ်လေ..ကိုယ်အသုံးမကျလို့
လွမ်းနေတတ်တာပေါ့
ခင်မင်တဲ့ jasmine

Anonymous said...

မလွမ်းရဲသေးဘူးမှောင်ရယ်....
ကုလားနဲ့မထားခဲ့ပါနဲ့....း)
သစ်ရွက်လေး..လှုပ်တာတောင်
ရင်ခုန်တတ်တဲ့..ပုတုဇဉ်တွေဆိုတော့
ဒီလိုလွမ်းတာကို အပြစ်မတင်သင့်ပါဘူးရှင်
အလွမ်းတွေဝေးရအောင်လို့..
တတ်နိုင်သမျှ..၁၅၀၀ နဲ့ဝေးဝေးရှောင်ကြတာပေါ့းP
ချစ်ခင်စွာဖြင့်
မိစံ