Thursday, October 20, 2011

ပုန်ကန်သူ


ကျမအတွေးတွေ သူကျူးကျော်ခဲ့တယ်..
ကျမ ညတွေ သူ ကျူးကျော်ခဲ့တယ်..
ကျမ နန်းမြို့ သူမို့ သိမ်းပိုက်နိုင်တယ်...

အကြင်နာအကြည့်..
မြတ်နိုးခြင်း မျက်ဝန်း..
နွေးထွေးသော အပြုံး..
နူးညံ့သော လက်ကလေး တစုံနဲ့..
ရင်ခုန်ခြင်း.. တီးဝိုင်း တစုံ နဲ့...
စစ်အင်္ဂါ လေးပါး ပြည့်စုံစွာ.. ချီတက်လာခဲ့သူ..
ကျမ စိတ်ကောက် ခြေဆောင့်တာလဲ မငြူစူ..
ကျမ နှုတ်ခမ်းထော် ရန်ထောင်တာလဲ.. ကြည်ဖြူ..
ခဲလုံးတွေ ပိတ်ကန်.. တံခါး ဆောင့်ပိတ်တာလဲ.. အပြုံးမပျက်တဲ့သူ..
ဂရုဏာ.. အကြင်နာ.. မြတ်နိုးတာ..ခွင့်လွှတ်တာ
အဲဒီ အကူ တပ်တွေ ကြောင့်ပဲ..
ကျမ အင်ပါယာ ထဲ... သူခွဲဖောက်.. တိုးဝင်း ကျူးကျော်လို့...

ချစ်ခြင်း ကို... ချဉ်ခြင်း တပ်ဖို့.. စိုးရွံ့ နေခဲ့တဲ့သူ..
လက်မြှောက်အရှုံးပေးဖို့ ကိုလဲ.. မတွေးလို...
ဘ၀.. ကလေး တွေ ဒီလောက် တို နေတဲ့ဟာ.. ချိုရုံကလေးပဲ ဆက်နေချင်လို့..
ကျမ စိတ်ဓါတ်အင်အားတွေ စုဆောင်းခဲ့တယ်..သူ့ကို ပုန်ကန်ဖို့..
ကျမ ဥပေက္ခာ စွမ်းအား တွေ စုစည်း..
မေ့လျော့ နိုင်ခြင်း တွေ တိုးပွားအောင် .. စွမ်းဆောင်...
အလံဖြူ တကယ်မတင်ချင်... ပုန်ကန်သူ ပဲ ဖြစ်ပါရစေတော့ ရှင်.......။


မမသီရိ
၁၅ စက်တင်ဘာ ၂၀၁၁

2 comments:

Anonymous said...

ဒီလိုရန်သူရှေ့..
လက်နက်ချရတာက
အင်မတန်..စိတ်ချမ်းမြေ့ဖွယ်ရာပါပဲ
မပုန်ကန်ပါနဲ့အစ်မရယ်
စိတ်ကူးထဲမှာပဲဖြစ်ဖြစ်
ငြိမ်းချမ်းရေး..ယူကြည့်လိုက်ပါလားရှင်း)
ကဗျာဖတ်နေတဲ့ညီမတောင်.
ကဗျာထဲကရန်သူကို
ဓားတွေလှံတွေမပြောနဲ့..နှီးဖျားနဲ့တောင်
မရွယ်ရက်တော့လောက်အောင်ဖြစ်သွားတယ် :P
တော်တော်ကောင်းတဲ့ကဗျာလေးပဲအစ်မရေ..
လှပချောမွေ့တဲ့အနာဂတ်လေးတစ်ခု
အမြန်ပိုင်ဆိုင်နိုင်ပါစေရှင်
ချစ်ခင်စွာဖြင့်
မိစံ

စံပယ်ချို said...

ဘယ်လိုရင်ဘတ်ထဲကထွက်လာတယ်မသိ
ပေမယ့် အရမ်းကိုခံစားလို့ရနေမိတယ်