Friday, October 14, 2011

ဒုံးဒုံးချ


ခွဲသွားမလား.. ဆွဲမထားချင်သူ
ချန်ထားခဲ့မလား.. စိတ်မများချင်သူ..
နီးနီးဝေးဝေး.. စိတ်မလေး ပဲ...
ချစ်မိတဲ့နောက်.. ခရီးဆုံးလျှောက်မှာမို့ ..



ရင်ခတ်အလွမ်း
မနွမ်းစေချင်...
အချစ်မြစ်များ..
ခမ်းမသွားစေချင်...
စီးဆင်းခဲ့သော အကြင်နာ..
အမြဲသာ.. ဝေဖြာပါစေချင်....


မမသီရိ
၁၄ အောက်တိုဘာ ၂၀၁၁

2 comments:

seesein said...

ဒုံးးးးးးးးးဒုံးးးးးးးးချ လိုက်ပြီ

သောက်လေ သောက်လေ ငတ်မပြေတဲ့
ပင်လယ်လို အချစ်တွေ ဖြစ်မှာစိုးကြောက်လို့
မေတ္တာ တရားတွေနဲ့ စီးဆင်းတဲ့ ....
အကြင်နာ တရားတွေနဲ့ စီးဆင်းတဲ့.....
မြစ်မျိုးသာ အမြဲထာဝရ စီးစေချင်ရဲ့။

Anonymous said...

အင်း..
ပေးဆပ်သူတို့စကားပေါ့း))
ချစ်သူတို့လျှောက်မယ့်လမ်း.
သာယာဖြောင့်ဖြူးကြပါစေရှင်
ဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျပါစေ
ချစ်ခင်စွာဖြင့်
မိစံ