Thursday, August 18, 2011

မ စိတ်တို...

အဲဒိ တယောက် အနားမှာပေါ့
ပလူးပလဲ ပြူးပြဲနေတဲ့ နီနီ ရဲ ရဲ ကောင်မလေးတွေ
တအိအိ ငြိချင်စရာ ကောင်းအောင် ချွဲ နေတဲ့ ကောင်မလေးတွေ..
 ဟို ပေါ် ဒီပေါ် .. ဖော်ပြ ချင်နေကြနေတဲ့ ချောချောလှလှ မမ လေး တွေ 

ကဲ.. ဆို သူ ကိုယ်တိုင်က .. လဲ ပြနေတာ ကိုး...

အချိန်က လဲ အား .. အား နိုင်ကြ လွန်း...


စိတ်ထဲ မယ် ဘ၀င်မကျ..
နီးနီး နားနား ဆို လဲ ဗိုက် ခေါက်ကလေး ဆွဲ လိမ်မိတော့မှာ..
ထိုင်နေရာက ထ..
ရေ တခွက် ပြေးသောက်..
ကော်ဖီ တခွက်ဖျော်..
နေအုံး... တခြား စာမျက်နှာ တခု.. ဆက်လှန်..
အဆင်က တယ်.. မပြေချင့်....

သ၀န်တို လိုက်ရမလား စဉ်းစား ကြည့်လိုက်သေး..

ခပ်ဝေးဝေး နေတာပဲ ကောင်းမယ် ထင်လို့..
ခပ်ရို့ ရို့ ကုပ်ကုပ် ကလေး လှည့်ပြန်ခဲ့....
အဲဒါ.. ကိုယ် ကျွမ်းကျင် တဲ့ နယ်မြေမှ မဟုတ်ပဲ ကို....

မမသီရိ
၂ ဇူလိုင် ၂၀၁၁

1 comment:

မိုးခါး said...

ဟုတ်တယ် ဟုတ်တယ် .. ညီမလည်း သိပ်မပြောချင်ဘူး .. ဟွန်း ..
အဆင်ကို မပြေပါဘူးကွာ .. :D