Monday, May 02, 2011

စီးမျောခြင်းများ...

မြစ်တွေစီးဆင်းသွား ကြတယ်...
တိမ်တွေ လွင့်မျော သွားကြတယ်...
ငှက်တွေ ပျံသန်းသွားကြတယ.်....
ပန်းတွေကြွေကျသွားကြတယ်.....

အရာရာ ဟာ....
မတည်မြဲခြင်း သဘောတရား နဲ့
တောက်ပ လင်းလက်လို့...

မှုန်ကုပ်ကုပ် လုပ်ပြီး...
မတုန်လှုပ်တာဆိုလို့..
သင်္ခါရ အစို့ အညှောင့်တွေသာ...
ဟိုမှာ... ဒီမှာ... ဒီမှာ... ဟို မှာ.... နေရာ တိုင်းမှာ.........။


မမသီရိ
၃.၅.၂၀၁၁

1 comment:

သိင်္ဂါကျော် said...

မမြဲခြင်း တရားတွေကတော့ နေရာတကာမှာပါပဲ..
ဖြစ်တာနဲ့ ပျက်တာ နှစ်ခုပဲ ရှိတယ် လို့ ဟောကြတယ်လေ..