Saturday, May 07, 2011

မာယာတောင်တန်းများ.. နဲ့.. အဆုံးရှာမရခဲ့ တဲ့ ကဗျာ

စိတ်ကူးယဉ်ခဲ့ဖူးတာပေါ့..
ဘယ်ပြောကောင်းပါ့မလဲ..
သူကောက်ကောက် သီခဲ့တဲ့.. ပန်းခြောက်တွေ.
ကိုယ့် အတွက် သာ.. လေ လား.....

ကြည်နူးဖူးခဲ့တာပေါ့...
တနေ့လုံး တည လုံး.. တရာသီလုံး...
အဆုံး မရှိ ချစ်ခြင်းများနဲ့.. ရယ်မော ရွှင်ပြုံး..
သူ့ နှလုံးသား ပိုင် ဆိုင် ခဲ့ ရပြီ ထင်လို့...

တကယ်တော့ .. ကျ မချစ်သူ က..
ဟို ဝေးဝေး က တောင် တန်း ပြာ...

အဲဒီ တောင်တန်းတွေ မှာ..
အဲ သလောက် မာယာ များတဲ့ အကြောင်း..
ခုမှ ကောင်းကောင်း သိခဲ့ရတော့ တာ..

ညိုမလို.. ပြာ မလို.. အမြဲရီဝေချိုနေတတ်တာ မို့လဲ..
တကဲ့.. မသိတတ် မိနိုင်ခဲ့ ရိုး အမှန်...

မကြာ မကြာ.. သူ့ အနား အခါခါ ရောက်မိတော့မှ
အဲဒီ တောင်တန်း တွေ ပေါ့..

ကောင်းကင်မှာ.. တိမ်ညို ပြီ ဆိုတာနဲ့.. သူ က လိုက် ညို့....
မိုး ကလေး တဖွဲဖွဲ စလိုက်ပြီ ဆို... သူ.. .ရေ တံခွန် တွေ နဲ့.. ရင်ကွဲ ပြ...
မိုးကလေး နဲနဲ သဲ မိလို့ကတော့... ပြို နေအောင် လွမ်း....
နှင်းတွေ ဝေတဲ့ အခါ မျိုး မှာ.. ဟန်ချီ ပိတ် ပိတ် ဖုံး......

မုန်းလိုက် ချင်လို့ ဆို ပြီး..... အဲဒီ တောင်တန်းတွေ ကျောခိုင်း...
ဟိုး ကွင်းပြင် တွေ ဆီ... ငါ လှည့်အော်တော့....
မြစ်လယ် က လှိုင်းကြက်ခွပ် ကလေးတွေ... ခိုးခိုး ခစ်ခစ် ငါ့ ကို လှောင် ရီ တယ်.....။


မမသီရိ
၇.၅.၂၀၁၁

No comments: