Monday, January 03, 2011

နှင်းတွေထဲမှာ


မင်း အိမ်တံခါး အရှေ့..
ငါ ရပ်နေခဲ့တာ အကြာ ကြီး..
ငါ့ ရင်ခွင် မှာတော့
သဇင်တွေ တပွေ့ တပိုက် နဲ့..

နှင်း....... တွေ က
ငါ့ .. ဘေး ...  ဘယ် ...ညာ..
ပုခုံးပေါ်မှာ..
ခေါင်းပေါ် မှာ..
ခြေရင်းနားမှာ...
နေရာ တကာ...
ကဗျာ ၀ိဥာဏ်တွေ ကလဲ
နှင်း တွေ ထဲ.. 
လင်း ကနဲ.. လက် ကနဲ...
သေချာ ခဲ့တာကတော့..
ရင် ကွဲ အောင် အေး စက်တဲ့ နှင်း... 

ငါ့ လက်တွေ အေးခဲ ကျင်စက်လို့ နေပြီ..
ခြေဖျားတွေ ကလဲ နှင်းတွေ ထဲ နစ် ၀င်လို့..
အနွေး ဓါတ် အလင်းရောင် ကလေး..
မျှော်လင့် ချက် မဝေးခဲ့ဘူး ထင် ရင်း.. 
အဲဒီ နှင်းတွေ ထဲမှာပဲ..
မင်း အိမ် တံ ခါး ရှေ့..
ငါ..................... ရပ်နေခဲ့ မိတာ....
စက္ကန့်တွေ..
မိနစ်တွေ..
နာရီတွေ..
ပျံသန်းသွား....

ဝင်ရိုး စွန် အလင်းတန်း ရောင်ခြည်တွေ
တဖြည်းဖြည်း အားနည်းလာ... 
ရင် မှာ မှောင်လာတဲ့ အရောင် က ပို နက်ခဲ့...
မင်း အိမ်ကလေး ထဲမှာတော့..
မီးရောင် မှိန်ဖျောဖျော့..
ဘယ် အခန်း တခု ထဲ .. မင်း ရှိနေလေ မလဲ
ငါပဲ မသိတတ်နိုင်လေတယ်....


ခွင့် ပြုပါကွယ်...
ပြီးတော့... ခွင့်လွှတ်ပါအုံး...
မင်း ပျော်ရွှင် မယ် ထင်လို့.. 
တိတ် တဆိတ် ထားခဲ့ ပါရစေတော့..

မင်း နိုး ထလာမဲ့..
မနက်ခင်း တခုမှာတော့....
သဇင် ရုပ်ကြွင်းတွေ လေ....
မင်း..... အိမ်ရှေ့မှာ တွေ့ လိမ့်မယ်.......။

မမသီရိ
 31.12.2010

4 comments:

လင်းဒီပ said...

အဲဒီသဇင်ရုပ်ကြွင်းတွေ စောင့်ဆိုင်းရင်း ကျောက်ဖြစ်နေမလားပဲ...။

Moe Cho Thinn said...

ကဗျာလေးက လှလိုက်တာ..
Happy New Year မှာ အစစ အဆင်ပြေပါစေ မမရေ..

ရွှေရတုမှတ်တမ်း said...

ပန်းလေးရေ..
အကိုကြီးတော့ ပြီးခဲ့တဲ့ရက်တွေက သိတ်နေမကောင်းလို့ ..
ခုမှရောက်ရတယ်..
ရွှင်လန်းချမ်းမြေ့ပါစေ..ငါ့နှမရေ..

kiki said...

ဟယ်..
မမသီရိကြီး ပျောက်နေတယ် ဆိုတာ လတ်စသတ်တော့ နှင်းတွေထဲ သွားရပ်စောင့် နေလို့ ကိုး..
အအေးမိနေမှဖြင့်...

( မစ ရတာ ၊ မနောက်ရတာ ကြာပြီ မမရေ ..ဒါကြောင့် လာစ လာနောက်သွားပါတယ် ..Happy New Year ပါ နော် )

ကိကိ