Sunday, October 31, 2010

သူ့ကိုသာ...

ယောနိသောမနသိကာရ
သင့်တင့်စွာ နှလုံးသွင်းခြင်း.. ရှင်းရှင်းကြီးသိပါရဲ့..

အချိန်ကအကောင်းဆုံးသမားတော်
ကျော်ကြားလှတဲ့ ဒီစကားတခွန်း
ရင်းနှီးလွန်းလှချည်ရဲ့..

အလျားအနံ မရှိသော်လည်း အသွားအပြန်ရှိတဲ့ မေတ္တာ..
သူကြင်မှ ကိုယ်ကြင်တဲ့ ချင်းစိမ်းနဲ့ မိတ်သလင်အကြောင်း..        
သဒ္ဒါအလွန်.. တဏှာ ကျွံတော့ ဆင်းရဲရတဲ့ ဒုက္ခသစ္စာ သဘော..
ဟိုး.. စောစောထဲက.. ကောင်းကောင်းကြီး သိခဲ့တာပေါ့ ညီမလေးရယ်…

အသိခေါက်ခက်.. အ၀င်နက်တယ်ပဲပြောပြော..
ပေါပေါများများ အလကားရလို့ သောက ၀ယ်တယ်ပဲဆိုဆို..
သူ့ကိုချစ်မိတဲ့ ခံစားချက်စွန်ကလေး..မမ လွှတ်ပေးမိပြီကွဲ့..
လျှော့ကြိုးတကုန်.. စကြာဝဠာ ကိုစုန်ချင်လဲစုန်ပါစေတော့..
စီးမျော သွားတဲ့ အလွမ်းတွေသာ.. သူ့ထံပါး အချိန်တိုင်းစေ…..

ရူးတယ်လို့ထင်ထင်.. ပိုတယ်လို့မှတ်မှတ်..
ချစ်မိလို့ ချစ်ခဲ့တဲ့ နောက်မှ.. ရပ်မရ တော့တဲ့ အချစ်တွေနဲ့
.. သူ့အပျော်.. သူ့သောက.. ကောက်ယူ မျိုမျို ချ..ရင်း

လေတိုးသံအကြား.. သူ့အသံလား မှတ်ဆဲ..
အိပ်မက်တွေထဲ.. သူ့ကို အမြဲထည့်မက်ဆဲ..
နေခြည်ဖြာ အဝေ့.. သူ့ကိုယ်ငွေ့ အဖြစ်မှတ်ဆဲ..
တမ်းတခြင်းမြစ်.. သူ့ကိုလွမ်းခြင်းနဲ့.. လျှံမြဲ..
အလွမ်းပင်လယ်.. သူ့ကိုချစ်ခြင်းနဲ့ အသက်ဝင်ဆဲ..
အဲဒီဥယာဉ်ကလေးမှာ.. သူ့ကို မြတ်နိုးခြင်း ပန်းများသာ ပွင့်ဆဲ..
အဲဒီတောင်တန်းတွေက .. သူ့အပေါ်ငြိတွယ်ခြင်းနဲ့… ပြာမြဲ..

ညီမလေး.. ရဲ့….
မမ လေ.. ... ... ... ... သူ့ကိုပဲ ချစ်တယ်.. …..။

မမသီရိ

2 comments:

ရွှေရတုမှတ်တမ်း said...

ကဲ......သူ့ကိုပဲချစ်တယ်တဲ့..

အဲဒီသူ ကိုညီမလေးကတော့ သိနေပုံပဲ..

Moe Cho Thinn said...

ဒီ ညီမလေးကလဲ မတားတော့ပါဘူး မမရယ်.. :)
မွေးနေ့တူသူများမို့ ကိုယ်ချင်းစာ မိသွားလို့ပါလေ..