Tuesday, October 19, 2010

ဗွေး


ဗွေးရေ..
မင်းဆီမှာ ဆန်း နေတဲ့ လက
ငါ့ညတွေကိုလဲ ဖြတ်သွားတယ်ကွဲ့..
ညမွေးပန်းတွေ  မွှေးတာကလဲ
နေရာမရွေးပါလား ဗွေးရေ…
မိုးလေ ကင်းလွတ်တော့မဲ့ နှင်းအရိပ်တွေ ပုန်းလျှိုးကြည့်လာတဲ့ ဆောင်းကြိုရက်တွေမှာ…
ရွာနဲ့ဝေးတာကြာပေမဲ့.. အလွမ်းတွေက လတ်ဆတ်ဆဲပါ ဗွေး…

ရွာထိပ် သိမ်တော်ဝင်းထဲမှာ ထွန်းညှိချိတ်ဆွဲထားမဲ့ ရောင်စုံမီးပုံးတွေ..
ရွာလယ်ချောင်းကလေးမှာ.. မျှောကြမဲ့ ဖောင်ဆီမီးကလေးတွေ..
ယုန်နားရွက် မီးပုံးကလေးတွေနဲ့ စီတန်းခဲ့ကြတဲ့ ငါတို့ရဲ့ ငယ်ဘ၀တွေ..
လက်တွန်းမီးပုံးကလေးတွေ နဲ့ ရွာပတ်ခဲ့ကြတဲ့ ငါတို့ရဲ့ ငယ်ဘ၀တွေ…

တောင်ခြေနားဆီက လယ်ကွင်းတွေကလဲ 
ရွှေရောင်ဝင်းနေလောက်ပြီပေါ့..
ဝါကျွတ်တော့မှာမို့..
အင်္ကျီ အသစ်တွေ ချုပ်ထားပြီလား ဗွေး..
ငါကြိုက်တဲ့ အပြာရောင်ပဲ နင် ၀ယ်မယ်ဆိုတာ ငါက သေချာနေပြန်သေးသကွဲ့..
ဟိုကောင် လူအေး က မိန်းမရပြီ လို့ ငါ ကြားရဲ့…
တရန်အေးပေမဲ့..
အပျိုကြီးဖားဖား မင်းအနား ..
ဘယ်အကောင်တွေများ ကပ်ပါးချောင်းမြောင်း နေမလဲ.. ငါမတွေးရဲ
ငါ မတွေးချင်…
ငါတို့ ရင်ချင်းအပ်ခွင့်. တနေ့ကတော့ 
အသင့် စောင့်ကြိုနေတယ်
ဘယ်ဆီ ဘယ်ဝယ်.. သေချာတယ်လားလို့ မမေးလာပါနဲ့အုံး ဗွေးရယ်…
အဲဒီ တခုသော ၀ါအကျွတ်… ငါတို့ ဆက်စောင့်ကြစို့ ရဲ့……
ငါ ရှိမနေနိုင်သေးတဲ့ ဒီဝါ အကျွတ်မှာ တော့.. ငါ့ ကိုလွမ်းရင်း နဲ့ ပျော်ပေါ့ကွယ်…………….။


မမသီရိ
၁၄.၁၀.၂၀၁၁

4 comments:

ရွှေရတုမှတ်တမ်း said...

ဂိ ရေ
ပြန်လာရင် ကိုရီးယားမင်းသားလေးလို
ဗွေး ကို ဂုံးပိုးရမယ်နော်..
ဒါပဲ ..ဟင်း...

ဗွေးတုတ်

ဒါနဲ့စကားမစပ် ဗွေး ကို ဂုံးပိုးမယ် ဆိုရင် နေပြည်တော်သွားပြီးဆင်ဖြူတော်ကို အထမ်းကျင့်ဦးနော်.. ခု..ဗွေး က ဆင်မလေးလိုပဲ..

ဟာကြူလီသာဂိရဲ့ ဆင်မဗွေး

အုပ်ကြီး said...

သြော် ..လူအေးတောင်
မိန်းမရပြီကိုး ... :P

မိုးယံ said...

အပျိုကြီးဖားဖား မင်းအနား ..
ဘယ်အကောင်တွေများ ကပ်ပါးချောင်းမြောင်း နေမလဲ.. ငါမတွေးရဲ

တွေးမနေပါနဲ့ ။ ဘကျောက်ပြောသလိုဆိုတော့ အနားမှာ ဘယ်ကောင်မှ ရှိမှာမဟုတ်ဘူး။
လူအေးလဲ မိန်းမရသွားပြီဆိုတော့ တစ်ရန်အေးတာပေါ့

လင်းဒီပ said...

မှတ်မိပါတယ် အတူးရေ... ဆိုတဲ့ သီချင်းလေး ဆိုချင်စိတ်ပေါက်သွားတယ် :)