Monday, September 20, 2010

ပုလွေသံ ဟာ..

ဟိုးဝေးဝေးက ပုလွေသံ
မိုးနှာင်းမိုးတွေလျှံခဲ့လို့
ဒီလောက်ထိ စိုစွတ်နေ၇သလား..

ခရေတွေကြွေတာကလဲ
လွန်လွန်းတယ်လို့ပြောမဲ့သူ မရှိလေတော့
အဲဒီလေပြေ ကပဲ ချွေချင်သလိုချွေ..

အုံလိုက် ကျင်းလိုက်
တက် တက်လာတတ်တဲ့ အလွမ်းတွေ အကြောင်း
ပြောသရွေ့ ဟောင်းမှာမှ မဟုတ်ပဲ ကွယ်...

ပျံနေတဲ့ငှက်ကို
ခြေရာတွေ မချန်နိုင်ရကောင်းလားလို့ တော့

မျက်မာန်တွေ မတက်လိုက်ပါနဲ့.....

အားတင်းထား ပါ မောင်ရဲ့
ခဏလေး .. ခဏကလေးပဲ စောင့်ပေးပါ
တို့ .... ဆုံ မဲ့ရက် နီးလာပြီ...။



မမသီရိ
၂.၉.၂၀၁၀

7 comments:

ရွှေရတုမှတ်တမ်း said...

စောင့်နိုင်ဘူး..စောင့်နိုင်ဘူး..
ပလွေသံကြားရင် မြွေမင်းသားက ကချင်..

Anonymous said...

ဘူလဲဗျ ပုလွေသံကို မိုးမိတယ်ပြောတာ :D

သိင်္ဂါကျော် said...

ခရေတွေ အများကြီး ကြွေနေတယ်လား.. ကောက်ချင်တယ်.. :D

မောင်မျိုး said...

အားတင်းထား ပါ မောင်ရဲ့
ခဏလေး .. ခဏကလေးပဲ စောင့်ပေးပါ
တို့ .... ဆုံ မဲ့ရက် နီးလာပြီ...။


အားပါးပါး ကျနော်သာ မောင် နေရမှာဆိုရင်တော့ ပျော်သွားပြီး အရည်တွေ တတောက်တောက်ဖြစ်လောက်အောင်ကို ပျော်ကျသွားမှာ.

မေပယ်လ် said...

အားတင်းထားပါ မောင်လေးရဲ့...
ဟောဒီ့တစ်ဝါကျက ငါ့ဆေးဝါး
တွေကို လွှင့်ပစ်လိုက်လို့ရတယ်။

လင်းဒီပ said...

ပလွေသံဟာ လေထဲ...။

လင်းခေတ်ဒီနို said...

အုံလိုက် ကျင်းလိုက်
တက် တက်လာတတ်တဲ့ အလွမ်းတွေ အကြောင်း
ပြောသရွေ့ ဟောင်းမှာမှ မဟုတ်ပဲ ကွယ်...

အားတင်းထား ပါ မောင်ရဲ့
ခဏလေး .. ခဏကလေးပဲ စောင့်ပေးပါ
တို့ .... ဆုံ မဲ့ရက် နီးလာပြီ...။

ခံစားချက် သိပ်ကောင်းသလို အရေးအသားလည်း အ၇မ်း ကောင်းတယ် မမ . . .