Thursday, September 16, 2010

အဆိပ်သင့်ချစ်သူ

တစ်ချက်..
တစ်ချက်လေးပဲ လှည့်ကြည့်..
အဲဒီမှာ ကျမ မျက်ရည်တွေရှိတယ်...

တာရာတွေဝန်းရံနေပါလျှက်
အပြည့်အ၀ မကြည်လင်နိုင်တဲ့ စန္ဒာလမင်းငယ်ဟာ
ကျမပေါ့မောင်ရေ...

အဖြူရောင်အဖူးလေးတွေ ရယ်..
အဖြူရောင်အပွင့်လေးတွေရယ်..
ရူးသွပ်ဖွယ်.. ရနံ့လေးကို ပိုင်တယ်..

တမ်းမက်စေမဲ့ အဆိပ်ရည်တွေနဲ့
စံပယ်ပင် အရွက်ဖားဖား.
စိမ်းကားတောက်တောက် လဲ့
အလွမ်းကို ရိုးမယ် ဖွဲ့.. ကျမပျိုးခဲ့တဲ့ အဆိပ်ပင်လေ..

မြေဆီသြဇာ ကျွေးစရာ မလိုပါပဲ
သန်စွမ်းကြီးထွား..
ကပ်ပါး ပင် တပင်ဟာ..
တတိတိ နဲ့စားသွား.. ကျမရဲ့ အတွေးများ..
ကျမရဲ့ အရောင်မထင် နှလုံးသား..
ကျမရဲ့ အချိန်များ..
ကျမရဲ့ပေါ့ပါးရီမောသံများ..
ကျမရဲ့ကြည်လင်အပြုံးပွင့်များ
ကျမရဲ့ လွတ်လပ်ပျော်ရွှင်ခြင်းများ...
တဖြည်းဖြည်း ပါးလျှား လာခဲ့လိုက်တာ..
ပြာနှမ်းနှမ်းနှုတ်ခမ်း... မျက်ဝန်းတွေ ရီဝေ..
သွေးလှည့်ပတ်ခြင်းစံနစ်တခုလုံး
ချွတ်ခြုံ ဂျူံးဂျူံး ကျ
ခုတော့လဲလေ... ကျမ က.. ဖြေဆေး မနိုင်နိုင်တော့ တဲ့
အလွမ်းဆိပ်တွေ သင့်နေသူ...


မမသီရိ

4 comments:

ရွှေရတုမှတ်တမ်း said...

mask စွပ်ပြီး..ကဗျာဖတ်သွားတယ်...ပန်းလေးရေ့
တော်ကြာ..ကိုယ်ပါ အလွမ်းဆိပ်သင့်နေမှာစိုးလို့...

လင်းဒီပ said...

အလွမ်းဆိပ်တွေသင့်တဲ့အခါ တစ်လောကလုံး မှိုင်းမှုန်နေပါပဲနော် ။ အပေါ်က ဦးလေးကြီးဆီက mask ငှားဦးမှ :P

လင်းခေတ်ဒီနို said...

တမ်းမက်စေမဲ့ အဆိပ်ရည်တွေနဲ့
စံပယ်ပင် အရွက်ဖားဖား.
စိမ်းကားတောက်တောက် လဲ့
အလွမ်းကို ရိုးမယ် ဖွဲ့.. ကျမပျိုးခဲ့တဲ့ အဆိပ်ပင်

ိကျမရဲ့ လွတ်လပ်ပျော်ရွှင်ခြင်းများ...
တဖြည်းဖြည်း ပါးလျှား လာခဲ့လိုက်တာ..
ပြာနှမ်းနှမ်းနှုတ်ခမ်း... မျက်ဝန်းတွေ ရီဝေ..
သွေးလှည့်ပတ်ခြင်းစံနစ်တခုလုံး
ချွတ်ခြုံ ဂျူံးဂျူံး ကျ
ခုတော့လဲလေ... ကျမ က.. ဖြေဆေး မနိုင်နိုင်တော့ တဲ့
အလွမ်းဆိပ်တွေ သင့်နေသူ...


မမသီရိ အရမ်းကောင်းတယ်း)

Unknown said...

ကဗျာလေးဝင်ဖတ်သွားတယ်အစ်မရေ..
ကဗျာတွေတော့ကြိုက်တယ်
ကိုယ်လည်းပဲ ကဗျာရေးသူမို့။ ဒါပေမယ့် သိပ်ကောင်းကောင်းမွန်ွန်တော့ ဖြစ်မလာပါဘူး