Sunday, September 12, 2010

နှိုးစက်














မနိုးချင်လို့ အိပ်တာမျိုးမဟုတ်ပေမဲ့
အချိန်တန်နေမှန်းသိပါရက်
နဲနဲကလေးတော့ ဆက်မှိန်းချင်.......

ပိတ်နေဆဲ မျက်ခွံတွေ
လေးလံလွန်းပါဘိသနဲ့
ချစ်စရာ Tone ကလေးတွေ
အမျိုးမျိုး ပြောင်းနေတဲ့ ကြားမှာပဲ
မဖြစ်ညစ်ကျယ် မှတ်ဥာဏ်ကလေး တထွာ တမိုက်နဲ့
တာဝန်ကျေ ကျေပြနိုင်လွန်းတဲ့
ဒီ နှိုးစက်.... ငါ တကယ်မုန်းတယ်.....။


မမသီရိ
၎.၉.၂၀၁၀

5 comments:

khin oo may said...

စောစောအိပ်ပေါ့
သူကဘဲတစ်ပြန်မုန်းနေရသေးတယ်။

khin oo may said...

တို့လဲမုန်းတယ် မနက်ခြောက်နာရီတိုင်း အိပ်ရာကနေ ထရတယ်။ :(

ရွှေရတုမှတ်တမ်း said...

သူ့တာဝန် သူထမ်းတာ မုန်းစရာလား..
နှိုးစက်မမြည်ဘဲ နိုးနိုးနေတဲ့ ကိုယ့်ဖာသာကိုယ်တော့စိတ်ဆိုးတယ်..

မိုးခါး said...

တူတူပဲ
အရမ်းမုန်းပဲ :D

လင်းဒီပ said...

သီချင်းလေးတွေ ပြောင်း ပြောင်း နှိုးခိုင်းလိုက်ပေါ့ အစ်မရဲ့ ...။