Thursday, September 02, 2010

ချန်ထားမယ်

စကားကို နဲနဲ ပြောပြီး..
အသံကို တိုးတိုး ထိမ်းတယ်..

အစား ကို နဲနဲ စား လို့
ရေကိုဖြည်းဖြည်းသောက်တယ်

အသက်ကို ညှင်ညှင်း ရှူ ရင်း
လမ်းကို ဖွဖွ လျှောက်တယ်..

အလုပ်ပါးလာရင်..ငြိမ်ငြိမ်လေးထိုင်ပြီး
သီချင်းငြိမ့်ငြိမ့်လေး တွေ တိုးတိုးဖွင့်တယ်..

အပြင်သွားစရာရှိတော့
စူပါကပ် အိုအိုလေးကို
နံပါတ်သုံးဂီယာ အသေထားပြီး ဖြည်းဖြည်းမောင်းတယ်

ရီစရာ တွေ့ရင် ပြုံးရုံလေး ပြုံးလို့
ငိုစရာတွေ့တော့ မျက်ရည်ပဲ ၀ဲစေတယ်..


စိတ်အား လူအား.. ချန်ထားတဲ့ အင်အားတွေ ကိုတော့


သူနဲ့ အတူတူ ရှိတဲ့ခါ..
သူ့ကို ကော်ဖီဖျော်ပေးဖို့
သူ့ အ၀တ်တွေ လျှော်ပေးဖို့..
သူကြိုက်တတ်တာလေးတွေ ချက်ပေးဖို့..
သူနဲ့တူတူ ပန်းချီတွေဆွဲဖို့..
သူနဲ့ တူတူ သစ်ပင်တွေ စိုက်ဖို့..
သူပြုံးတဲ့ခါ.. ရီမောပေးဖို့..
သူဝမ်းနည်းရင် လိုက်ငိုပေးဖို့..

(ကိုယ်သန်ရာ သန်ရာပဲ ဆိုကြပါစို့ရဲ့..)
သူ့ကို ချစ်ဖို့နဲ့ လွမ်းဖို့ အတွက်သာ...



မမသီရိ

8 comments:

လင်းဒီပ said...

မသိပါဘူး ။
အစပိုင်း ဖတ်လာတာ သတိလေးနဲ့ အသိလေးကပ်ပြီးနေတော့မယ်ပေါ့ ။ တရားလေးမှတ်ပြီး...။

ပြီးခါနီးကျမှ သူ့အတွက် ချန်ထားမယ် ဆိုတာကိုး :P

Maung Myo said...

ဟိဟိ ကိုဒီပ ပြောတာထောက်ခံတယ် ပထမ မမ တစ်ယောက် တရားစခန်းကိုများ ဂီယာ ၃ ချိန်ပြီး မောင်းသွားသလားလို့ နောက်ကျ သူ့အတွက် ချန်ထားတယ်ဆိုတော့ အင်းး ကြည်နူးစရာလေး သူကတော့ ၀မ်းသာနေမှာ ။

း)

ရွှေရတုမှတ်တမ်း said...

သူနဲ့ အတူရှိတဲ့ခါ..
သူ့ကို ဆိတ်ချေးတုန်းလေးတွေဝါးခွံ့ဖို့....
သူ့ကို နှပ်ချေးသုတ်ခိုင်းဖို့...
သူနဲ့တူတူ ကြက်ဖခွပ်ကြဖို့....

(ကိုယ်သန်ရာသန်ရာပဲဆိုပါစို့)


ပန်းလေး ကို အကိုကြီးနှမငယ်လေးမို့ကျီစားတာနော်....

မိုးခါး said...

အားပါးပါး ... ပြောတော့ဘူး ..း))

Sonata Cantata said...

မမသီရိ ကဗျာတွေ ဖတ်ရတာ
တသွင်သွင် စီးနေတဲ့ စမ်းချောင်းလေးထဲ ပန်းပွင်းလေးတွေ တပွင့်ချင်း ချမျောရသလိုပဲ လို့

တွေးနေမိတယ်

သိင်္ဂါကျော် said...

နုနုရွရွ ကဗျာလေးကို ဖြည်းဖြည်းလေးပဲ ဖတ်သွားတယ်နော်..

tin min htet said...

ချန်ထားရင် ရန်များမယ် :P
မသီရိ လန့်မှာစိုးလို့ မောက်စ်ကို ဖြည်းဖြည်းလေးနှိပ်ပြီးဖတ်သွားပါကြောင်း။

သုခုမလေဒီ said...

မမသီရိရေ..ချစ်စရာကဗျာလေးပါလား..။
ခံစားသွားပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ...။