Monday, June 28, 2010

ချိန်းတဲ့ည

ဖွေးဖွေး လှုပ်အောင်ပွင့်နေတဲ့
ဇီဇ၀ါ ခြုံတွေရဲ့ နောက်အကွယ် ဆုံနေကျနေရာလေး
ချစ်သူ စောင့်နေတော့မှာ....


အဲဒီညခင်းရယ်လေ..
လမင်း ကလဲ သာ လို့..
ဝါဆိုပေမဲံ့.. မိုးက လိမ္မာ သတဲ့..

ခေါင်းလျှော်ထားတဲံ့ ဆံနွယ်တွေ
နှင်းဆီ မွှေး ရနံ့ သင်းပျံ့ အောင် .. လုံမ ပြင်ဆင်..

ညနေ ရေခပ်ဆင်းတုန်းက
ရွှင်ပြလွန်း တဲ့ လုံမ မျက်နှာ
သောက်ရေကန်နံဘေး..
ကစားနေကြတဲ့
ကလေးငယ်လေးတွေကတောင် တအံ့တသြ ငေးမော
ဟေး... လုံမ ပြုံးပြတယ်ဝေးးး.... တဲ့.....

အိမ့်နောက်ဖက် စမ်းချောင်းလေး ထဲ
လုံမ ရေဆင်းချိုးရင်း သီချင်းဆိုတော့
လိပ်ပြာလေးတွေ တောင်ပံ တဖျပ်ဖျပ် နဲ့ ကခုန်
ငှက်ကလေးတွေ က သီချင်းသံနောက်က သံယောင်လိုက်
စပျစ်နွယ်တွေ အနောက်ဖက်ဆီ မတော့
ယုန်ဖြူလေး နှစ်ကောင် ပြူတစ် ပြူတစ် နဲ့ ချောင်း ချောင်း ကြည့်
လုံမ ပျော်လို့ အားလုံးပျော်ကြသတဲ့..

ခုနှစ်စင်ကြယ်တွေ
အမြီးထောင်ချိန် အရောက် မတော့
လူကြီးတွေလဲ အိပ်မောကျကုန်ပြီ..

ဇီဇ၀ါခြုံ နောက်ဖက်ဆီက ဗျပ်စောင်းသံကလေး
ညင်ညင်သာသာ ထွက်ပေါ်လာ...

လုံမ ဆံနွယ်တွေက
နှင်းဆီရနံ့ နဲ့ မာယာ များလွန်း တယ်.. လို့
ပြောလာမဲ့ ချစ်သူစကား..ကြားယောင်ရင်း
လုံမ ပါးလေးတွေ.. ရဲရဲစွေ....

လုံမ လက်ကလေးတွေ က
ကြာရိုးလေးတွေလိုပဲ လို့
ပြောလာမဲံ့... ချစ်သူ့ ကိုယ်သင်းရနံ့
လုံမ အတွေး ထဲ ရောက်လာတော့
လုံမ ရင်တွေ ဗုံကလေး တလုံး လို မြည်...

ချစ်သူ တီးသမျှ တေးသွားတွေ
လုံမ နှစ်သက်လေသမို့...
ချစ်သူ့ ကျောပြင် အသာအယာ မှီရင်း..

အကြင်နာ ဗျပ်စောင်းသံစဉ်တွေ ကြား..
ကြယ်စင်တလင်း ဇီဇ၀ါတခင်းနဲ့
ရီဝေ ယစ်မူး.. အာရုဏ် ကူးချိန်ထိ
ချစ်သူ့ ရင်ငွေ့ လှုံ မွေ့ ဖို့ရန်..

အသာအယာ ခြေကိုဖော့..
ခန်းဆီး ကိုကျော့..
လုံမ... အခန်းထဲက ထွက်ခဲ့တော့ တယ်......။


မမသီရိ
၂၂.၆.၂၀၁၀

7 comments:

Anonymous said...

ဒီလုံမကတော့ အိပ်ရေးပျက်ပြီး မနက် အလုပ်မသွားနိုင်မှာ မြင်ယောင်သေး xD

လင်းဒီပ said...

ခရေတွန်ကလည်း လုံမက သောကြာနေ့ည ချိန်းတွေ့တာလေ.. :)

kaungkinpyar said...

မမ ဒီ လုံမ လဲ မျှော်မိတယ်....

ရွှေရတုမှတ်တမ်း said...

ဟဲ့ လုံမ...
အရုဏ်တက်ရင် အမေ ဆွမ်းချက်ထမှာနော်..
မှီအောင်ပြန်မလာနိုင်ရင် တခါထဲလိုက်သွား..

sosegado said...

ချိန်းတဲ့လကတော့ ကွက်ကွက်ကွင်းကွင်း ခံစားလိုက်ရတယ်
လုံမ အဆင်ပြေမှာပါ၊ ဗျပ်စောင်းသံ မကြားဘူးပါဘူး၊

ခြေလှမ်းသစ် said...

ကဗျာလေးထဲ နစ်ဝင်သွားတာ အမရယ် မနည်း ပြန်ရုံးထွက်လာခဲ့ ရတယ် .....

ဏီလင်းညို said...

အစ်မသီရိရေ......

ကဗျာလေးကို......ဖွဖွလေးဖတ်ရင်း......လုံမဆိုတဲ့ အမျိုးသမီးလေးနဲ့ ချစ်သူကိုတောင် မြင်ယောင်မိလာခဲ့ရသလိုလို.....
(ပန်းပွင့်ပုံလေးတွေလည်းလှတယ်)

ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို