Thursday, June 10, 2010

ကမ်းပါးအလွန်.တိမ်သား နှင်း. မိုးစက်ပင်လယ်. အပြာရောင် ကဗျာများ နှင့် ညီမလေး

ရေဆာသလို ဆာလာတဲ့ ကဗျာရေးချင်စိတ်နဲ့
ညီမလေး ရေ.. မင့်ဆံပင် တိုတိုလေး တွေ ခါ ခါ နေတာ သတိရ
ငါ့ဆံပင်ရှည်ရှည်တွေ ကတော့ ရှုပ်ပွလို့..


ငါ့ ကို မချစ်ပါနဲ့ ညီမလေးရယ် လို့ ပြောခဲ့တာ ငါ ပါ ညီမလေး..
ပြီးတော့မှ ပြတင်းဘောင် ကို လက်မှီ ပြီး ငိုနေခဲ့တာ ငါ လေ..

ငါ့ ကဗျာတွေ အပြာ ရောင်ပြောင်းသွားတဲ့နေ့ က နင့်ရီမောသံလေး တွေ ညံညံ ကို စီ လို့

လက်ဆုပ် လက်ကိုင် မရှိတဲံ့ အချစ်နဲ့
နင် ဒီလောက် ပျော်သလား ညီမလေး ရယ်..

ဖက်တွယ်လို့ မရတဲံ့ မော်နီတာ ကို ထိုင်ထိုင်ငေးရင်း
ကြယ်တံခွန်တွေ ဖမ်းပေးပါ လို့ ပြောအုံးမလား ညီမလေး

ဒီလောက် ယူဇနာချီဝေးတာတောင်..
ခဏလေးဖက်ထားပေး ခဏလေးဖက်ထားပေးပါ လို့ ချွဲတတ်တဲ့ ညီမလေး.
စိတ်ကောက်ပြီဆို ငါ့ဆံပင်ရှည်တွေ ဖွ ပြစ်မယ်လို့ ခြိမ်းခြောက်တဲ့ ညီမလေး..
ခဏခဏ ဂစ်တာတီးပြ ပါ လို့ ပူဆာတဲ့ ညီမလေး
မြက်ခင်းရိုင်းလွင်ပြင်ထဲ လျှောက်ပြေးကြစို့လို့ အဖော်စပ်တတ်တဲံ့ညီမလေး .
အဲဒီ သမုဒ္ဒရာကြီး ကူးဖို့ လောက်များလို့ စိန်ခေါ်တတ်တဲ့ ညီမလေး..
သစ်ခွ ဗန်ဒါတွေ ပွင့်နေသရွေ့ ဆုံတွေ့ ခွင့် ရှိသေးတယ် လို့ ကြုံးဝါးတတ်တဲ့ ညီမလေး..
တောင်ပြာ တွေ မှိုင်းနေသရွေ့ အလွမ်းတွေ နဲ့ အသက်ရှင်မယ်လို့ကြွေးကြော်တဲ့ ညီမလေး..

နင့်သွား ညီညီလေးတွေ ငါတမ်းတ
နင့် ပါးချိုင့် ယောင်ယောင်လေး လဲ ငါ သတိရ
နင့်အသံစာစာလေးလဲ ငါ လွမ်းရ..

ညီမလေး

ညီမလေး ရယ်
နင် က ငါ့ ကဗျာတွေ ထဲမှာ ရှိတယ်
ငါ့ဂစ်တာထဲမှာ ရှိတယ်
ငါ့ နှလုံးသားထဲမှာ ရှိတယ်
ငါ့ အိပ်မက်ထဲမှာ ရှိတယ်
ငါ့ ရဲ့ ကွက်လပ်တိုင်းမှာ ရှိတယ်
ငါ့ ကို မချစ်စေချင်တဲ့ စိတ်နဲ့ နင့်ကို ချစ်မိရင်း ငါ ဒီကဗျာ ကို ရေးတယ် ညီမလေး..


မမသီရိ
၁၀.၆.၂၀၁၀

8 comments:

ရွှေရတုမှတ်တမ်း said...

ပြန်ရောက်ပြီလား ပန်းကလေးရေ..
ကဗျာလေးတွေပြန်တွေ့လို့ ပြေးလာဖတ်တာ..

tin min htet said...

မမသီရိ ပျောက်နေတာကြာတော့ ဟန်လည်း နည်းနည်းပြောင်းသွားတယ်။
ညီမလေးရဲ့ မမကြီး ပျော်ရွှင်ပါစေ။

ကိုအောင် said...

မမသီရိ ပို့စ်အသစ်တက်လို့ လာဖတ်တယ်။
အရာရာအဆင်ပြေပါစေ၊ အားပေးလျက်။

Unknown said...

မသိပေမယ့်လည်း၊ကဗျာ လေး ကိုဖတ်ရင်း link ကိုယူသွားမိပါတယ်၊ခွင့်ပြုနိုင်မယ်လို့မျှော်လင့်ပါတယ်။

ချစ်ကြည်အေး said...

ကဗျာလေးဖတ်သွားတယ်မမရေ...ပုံစံတမျိုးလေးနော်...ကောင်းတာပဲ :)

Unknown said...

အားပေးလျှက်ပါ...

Unknown said...

အား​ပေးလျှက်​ပါ

Unknown said...

အား​ပေးလျှက်​ပါ