Monday, June 21, 2010

ဂန္တ၀င်အလွမ်း


ရာသီကိုက ရုပ်ပျက်ဆင်းပျက် လွမ်းရုပ်ဆင်နေခဲ့

တိမ်တွေ
လေနှင်ရာကို လွင့်ပါး
တောင်တန်းတွေနား အဆိုက်
မုတ်သုန်ဆိုတဲ့ ပညတ်အသစ်နဲ့ ဦးခိုက်..


နှင်းတွေ ဖုံးအုပ်ထားသလို
ဟန်ဆောင်ကောင်းနေတဲ့ အဲဒီတောင် အစွန်အထွတ်အဖျားတွေ
တကယ်တမ်းမတော့ အဲဒါ တောင်ခိုးဝေေ၀
လွမ်းသူတွေ လွမ်းအောင်သာ ထပ်စေရော့

လမ်းအိုအို နံဘေး
ဖုန်းကြိုး အိုအို လေးတွေ ထက်
မိုးစိုစို မို့ အချမ်းပို ငှက်ကလေး တို့

ဒွိယံ.. ဒွိယံ.. ဒွိယံ..ဒွိယံ..

ပူးပူးကပ် ဘေးချင်းဆိုင် အနွေးဓါတ်ထုံအကူး..

မောင်..

မောင့်ရင်ခွင် လွမ်းတယ် မောင် ရဲ့..


နေသာတုန်း က နေသာလို့ လွမ်း..
လသာတော့ လသာ လို့ လွမ်း..
အိပ်မပျော်တဲ့ ညတွေ ညဥ့်ငှက်ဲ့ လွမ်း..
အာရုဏ် အတက် အိပ်မက်နဲ့ လွမ်း
နေ၀င်ချိန်တိမ်အတောက် အမျှော်ထောက်လို့ လွမ်း.
အလွမ်းများ နဲ့ အလွမ်းဖျားနေတာ ရက်တွေ ကြာ သထက်ကြာ

ခုလဲ..
မိုးအသဲ
လေအသဲ
အလင်းဖျော့ ကောင်းကင် ကဗလာဝေ့အ၀ဲ
အဖြူရောင် အရိပ်တွေ တဖြုတ်ဖြုတ်ကြွေ နေတဲ့
အဲဒီ စကား ပင်.. ကိုင်း အဖျားနားမပေါ့..
ကျမရဲ့ ဂန္တ၀င် အလွမ်းတွေက ဆွတ်ဆွတ် ကျင်.......


မမသီရိ
၂၁.၆.၂၀၁၀

5 comments:

kaungkinpyar said...

မမ မတွေ့တာ ကြာလို့ လွမ်းတယ်..း)

မိုးခါး said...

လွမ်းတတ်လိုက်တာ
ကိုယ်ပါ ရောရောင်မျောသွားတယ်
း)))

Nge Naing said...

အလွမ်းတွေကို စမ်းရေထဲမှာ မျောလိုက်ပါ။ ကျွန်မ အမျိုးသား သီဆိုတတ်တဲ့ မြန်မာသံစဉ် သီချင်းတပုဒ်ပါ။ ကိုသန်းလှိုင်ဆိုထားတယ်။ အဲဒီသီချင်းကို နားထောင်ကြည့်ပါ။
အလွမ်းတွေ လွန်မြောက်ပါစေ။

ရွှေရတုမှတ်တမ်း said...

ပန်းကလေးတို့ ဘယ်ဆီမှာသွားလွမ်းနေသလဲ..

မေပယ်လ် said...

အလွမ်းဆိုတာ
ပြင်းရှရှ အဆိပ်တစ်မျိုးပဲ...
သိပ်တော့ မလွမ်းနဲ့ကွာ..
ပြောသာ ပြောရတယ် ကိုယ်လဲ
အလွမ်းတွေ တထွေးကြီးနဲ့...
သတိ.....
အဆိပ်ရှိသည်.....(အလွမ်း)