Wednesday, May 26, 2010

လွမ်းပါသော်လည်း

ပြီးခဲ့တဲ့လ ကဗျာတပုဒ် တင်ပြီးထဲက အလုပ်တွေ ဆက်တိုက် များခဲ့ပြန်တာကြောင့် ၊ ဘလော့လဲမလည်အား၊ ကိုယ့်ဘလော့လဲမကြည့်အား၊ ခရိးတွေဆက်တိုက်သွား..နဲ့..။ သင်တန်း အဆိုင်းမင့်တွေ တခုပြိးတခု ပိနေပေမဲ့.. ဘလော့ဖတ်ရတာ လွမ်းတယ်၊ ဘလော့မိတ်ဆွေတွေ ကိုလွမ်းတယ်၊ ကလေးတွေကိုလွမ်းတယ်။ တောင်တန်းပြာပြာကြီးတွေကို လွမ်းတယ်.. ခုရောက်နေတာဧရိယာအတိုင်းအတာအရ ကမ္ဘာ့အကြီး ဆုံးမြို့ကြိးမှာပါ၊ မြန်မာပြည်နဲ့ အလွန်တရာဆင်တူပါတယ်။ လွမ်းစရာ ဓါတ်ပုံတချို့ တင်ပေးလိုက်ပါတယ်။ ဇွန်လလယ် လောက်မှာတော့ အေးအေးဆေးဆေး ဘလော့တွေ လည်နိုင်ကောင်းပါရဲ့..အားလုံး အဆင်ပြေ ကျန်းမာကြပါစေ...။

အားလုံးကို ချစ်ခင်လေးစားတဲ့

မမသီ၇ိ

10 comments:

Maung Myo said...

အစ်မ ဘယ်တွေလည်ဖြစ်နေတာလဲး)

kiki said...

ဘယ်မြို့  ပါ လိမ့်နော် ..
မမသီရိ တယောက် ကလည်း ပဟေဠိတွေ ဖွက်နေပြန်ပါပြီ ။ ပထဝီ မကျွမ်းပါဘူး ဆိုနေမှ ...း))

တောင်တန်းတွေ ရော ၊ ပင်လယ်ရော ရှိတယ် ..ပြည်မကြီး ထဲက တမြို့ မြို့  များ လား လို့ ..

မမသီရိ ကဗျာ တွေ ပိုစပ် ဖြစ်မှာ ပေါ့ နော် ..
ခရီးက ပြန်လာရင် အချစ် အလွမ်း ကဗျာကောင်းကောင်းလေးတွေ ဖတ်ဖို့  မျှော်နေပါတယ် ... အဆင်ပြေပါစေ မမ ရေ ။

Anonymous said...

ဒေါ်သီရိရေ....
ဘလော့ဖတ်ရတာ လွမ်းတယ် အသစ်များများရေးပေးစေချင်တယ်

ခင်တဲ့
seesein

sonata-cantata said...

ဇွန်လလယ်နော် ok မျှော်နေမယ်

ရွှေရတုမှတ်တမ်း said...

ပန်းလေး..သင်တန်းတွေနဲ့အရမ်းbusyနေသလား..
ခုမှပဲ blogထဲပြန်တွေ့ရတယ်..

Nge Naing said...

မမသီရိကလည်း ဆိုးလ်မြို့ကို ရောက်နေတယ်ဆိုတာ တိုက်ရိုက် မပြောဘဲ ကမ္ဘာအကြီးဆုံးမြို့ကို ရောက်နေတယ် ပြောလို့ ရှာကြည့်ဖြစ်သွားတယ်။ အချိန်နည်းနည်း ပေးလိုက်ရပေမဲ့ ကျေးဇူးတင်ပါတယ်။ ရှုခင်းလေးတတွေ ကြည့်သွားတယ်။ ဇွန်လအလယ် ပြန်လာမှာ မျှော်နေမယ်။

သိင်္ဂါကျော် said...

ပုံတွေ ကြည့်သွားတယ်..
ဆိုးလ်မှာ ကောင်းကောင်း လျှောက်လည်ခဲ့နော်..

Ree Noe said...

သား သိတယ် ဘယ်နေရာ လဲ ဆိုတာ

tin min htet said...

မမသီရိရေ
ကျွန်တော်လည်း ဘလော့ဂ်နဲ့ ၂ လလောက် အဆက်ပြတ်သွားတာ။ ဘယ်မှ မသွားဘဲကို အဆက်ပြတ်သွားတာ။

သူ နဲ့ သူမ ကိုစောင့်မျှော်နေပါ့မယ်။

လင်းဒီပ said...

ဟုတ်ပါပြီဗျာ....ဘယ်မြို့လဲ ဆိုတာ ပြောပါဦးလေ..။
ဒီလလည်လောက်မှာ ပြန်ရေးမယ့် စာတွေကို စောင့်နေပါတယ် ။