Thursday, March 18, 2010

၁၂ လ ရာသီ


နှင်းတွေက ...
တနှစ်မှာ တရာသီဝေတယ်...
....
မြူတွေက
တနှစ်မှာ တရာသီ ဆိုင်းတယ်....


မိုးစက်တွေ က ...
တနှစ်မှာ တရာသီ ကြွေတယ်...
..
အလွမ်းတွေ ကျတော့ ..
ရာသီတိုင်း .ရိုင်းနေအောင် ပွင့်..လို့...။


မမသီရိ (၃၀.၁.၂၀၁၀)

12 comments:

Anonymous said...

အလဲ့.. တယ်ဟုတ်ပါလား :P

မေ့သမီး said...

တို့အမက အလွမ်းကဗျာရေးတော့ အရမ်းကောင်းတယ်နော်။

kaungkinpyar said...

ဟုတ်လိုက်တာ မမ ရယ်....း)

လင်းဒီပ said...

ဒါဆို အလွမ်းကတော့ ဆယ့်နှစ်ရာသီပန်းပေါ့..ချစ်ခြင်းအပင်ဖျားမှာ..။

ရွှေရတုမှတ်တမ်း said...

အကြွေးတွေကလဲ..
ရာသီတိုင်းမှာ..ဝိုင်းလို့..

ညလင်းအိမ် said...

အမှန်ပဲ မမသီရိရေ ...

kiki said...

မမသီရိ
အလွမ်းပန်း အရောင်လေးက မရိုင်းပဲနဲ့ လှလိုက်တာ.. ...
ဒါပေမဲ့ မှုံဝါးဝါး နဲ့  ..ဟင့်...
များ မျက်စိက မှုံနေပြီလား မသိ..
နွေ ရာသီကျ ဘာတွေ ဝေသလည်း.. ဟင်.

sonata-cantata said...

မမ.. မမသီရိ)))))
လွမ်းလို့ ကုန်းအော်တာ

ဆောင်းယွန်းလ said...

အလွမ်းတွေ ကျတော့ ..
ရာသီတိုင်း .ရိုင်းနေအောင် ပွင့်..လို့..

လွမ်းတတ်သူတွေအတွက်တော့ အလွမ်းဆိုတာ ဘယ်တော့မှမနွမ်းမယ့် သုံးရာသီပန်းတမျိုးပေါ့နော်...

~ဏီလင်းညို~ said...

အစ်မသီရိ.......
ကိုဆောင်းပြောသွားတာနဲ့ အနော်ပြောချင်တာက ကွက်တိပဲဗျာ.......။
ခင်မင်တဲ့
ဏီလင်းညို

ကိုလူထွေး said...

မရိုင်းဘူး...

မိုက်တယ် မမ...

းဝ)

Crystal said...

ရာသီတိုင်း ရိုင်းနေအောင် ပွင့်တဲ့ အလွမ်းတွေပါ။