Monday, March 15, 2010

မေမေ သာ စိတ်မရှည်လို့ကတော့
မမ က ဘယ်လိုလုပ်ပြီး လှပခဲ့မလဲ မေမေရယ်

ခုတော့
ပန်းတွေကို မွှေးခွင့်ရခဲ့တယ်
နေရောင်ခြည်ကို နမ်းခွင့်ရခဲ့တယ်

မိုးကောင်းကင်ကြီးရဲ့အောက်မှာ
လွမ်းနေရပေမဲ့ မမ ပျော်ပါတယ် မေမေ

မေမေ့ ကျေးဇူးကြောင့်
ပန်းကလေးတွေ ဖူးပွင့်အောင် လုပ်ခွင့် ရခဲ့တယ်

ဖယောင်းပန်းပုလေးတွေသွန်းခွင့်ရခဲ့တယ်

အရောင်မဲ့မျက်ဝန်းတွေ လင်းလက်စေနိုင်ခဲ့တယ်

အဲဒီအပြုံးမျက်နှာလေးတွေကြောင့်
ဘ၀ ဟာ နေပျော်လို့

မမ က လူဖြစ်ကျိုးနပ်ပါတယ် မေမေ

အရာရာ တိုင်းအတွက်
ဒီလောကကြီးထဲ ပို့ပေးခဲ့တဲ့ အတွက်
ကျေးဇူးပါမေမေ..။


မမသီရိ
၁၅.၃.၂၀၁၀

12 comments:

tin min htet said...

တဂိုး ကဗျာလို အသွားမျိုးလေး။ အသံပြေပြေ၊ စကားလုံးလှလှနဲ့ ..

tin min htet said...
This comment has been removed by the author.
kiki said...

သမီးလှလှလေးမွေးပေးခဲ့တဲ့
မမရဲ့  မေမေ ... နဲ့အတူ
လူဆန်တဲ့ လူကျင့်လူကြံ နဲ့  လူသားအားလုံးရဲ့  မေမေတွေအားလုံး .
ကျေးဇူး အထူးတင်သင့်ပါတယ် မမ ရေ ...

( ဟို လူကြီး တွေ ရဲ့ မေမေ တွေ ကိုတော့..း(( )

လင်းဒီပ said...

ကျေးဇူးပါမေမေ ပေါ့ :P

Anonymous said...

အစ်မသီရိရေ....
ဟုတ်တယ်နော်...
မိဘတွေရဲ့ ကျေးဇူးက ပြောပြရရင် ကုန်နိုင်စရာမရှိဘူးဗျာ.....
ခင်မင်တဲ့
ဏီလင်းညို

sonata-cantata said...

ဘလော့လောကကြီးထဲ မမသီရိကို
ပို့ပေးခဲ့တဲ့အတွက်
ကျေးဇူးပါ မမရဲ့မေမေ..။

Ree Noe Mann said...

ကျေးဇူးပါ ဘွားဘွားရေ.

ချစ်တဲ့ ငယ်ငယ်

ရွှေရတုမှတ်တမ်း said...

ဒီတခါ..၅၂၈ ကဗျာလေးကိုး...
အသံသာတယ်..စကးပြေလေးဖတ်ရသလိုပဲ..ပန်းကလေးရေ့...

မေ့သမီး said...

မမမွေးနေ့လားဟင်။ ချစ်ဖို့အကောင်းတဲ့ ကဗျာလေးတွေ ရေးတတ်တဲ့ မမကိုမွေးပေးလို့ မမအမေကို ကျေးဇူးပါ။ :D

sosegado said...

မမ ပျော်ရင် မမ့ မေမေလဲ ပျော်မှာပါ၊ ပျော်အောင်နေ မမရေ၊

ကောင်းကင်ပြာ said...

ကျေးဇူးပါ မေမေ....း)

ညလင်းအိမ် said...

ကဗျာက ဖတ်ရတာ ကောင်းဧ။်း)