Thursday, March 11, 2010

မင်းက မချစ်ပါနဲ့ ကွယ် ဆိုတိုင်း..

မင်းကမချစ်ပါနဲ့ ကွယ် ဆိုတိုင်း..
ရပ်ဆိုင်းပစ်လိုက်ရအောင်လို့..
ငါ့ အသဲနှလုံး က ကွန်ပျူတာ တလုံးမှ မဟုတ်တာကို....

သိမ်းချင်တဲ့အခါ သိမ်း..
ဖျက်ချင်တဲ့အခါ ဖျက်လို့ ရတဲ့
ပရိုဂရမ် တခုဖြစ်ခဲ့ ရင်တော့ တမျိုးပေါ့ ချစ်သူရယ်...

လူထူထူ လမ်းမပေါ် ရောက်တော့
ဆံပင်ရှည်ရှည်.. စမတ်ကျကျ ကောင်လေးတွေ
မင်း ဖြစ်နေမလား... ရင်ခုန်ရင်း ငေးမိ...
(တကယ်တော့ မင်းက စမတ်ကျသူလဲ မဟုတ်ပဲနဲ့..)

လူခပ်ရှင်းရှင်းပန်းခြံတွင်း လမ်းလျှောက်...
အရောက်ပျောက်လု ခုံ တန်းလေးပေါ် ထိုင်ခိုက်
ကိုယ့်ပုခုံးကိုများ တယောက်ယောက် လာဖက်လေသလား..
ကယောင်ချောက်ချား ထင်မှတ်မှားမိ.တာ က ခဏခဏ

အဲဒီတယောက်က မင်းကလွဲ လို့ ဘယ်သူ ဖြစ်အုံးမလဲ..

မော်နီတာ ဒက်စတော့ထောင့်မှာ
မိန့်မိန့်ကြီး ပြုံးရင်း...
ပြုံးပြုံးကြီး နဲ့ ငါ့ကို..
ငါ အလုပ်လုပ်တာ ထိုင်စောင့်ကြည့်နေတာ
မင်းပဲ မဟုတ်လား ချစ်သူလေး ရဲ့..

မင်းက နေ၀င်ရာ အရပ်ဆီမှာ ရှိတယ်
ငါ နေထွက်ရာ အရပ်ဆီမှာ ရှိတယ်..
ဒါပေမဲ့ ကမ္ဘာကြီးက လုံးနေတော့.. ငါတို့ ဘယ်မှာဝေးလို့လဲ..

မင်းက ညတွေကို မုန်းတယ် မုန်းတယ် ပြော၇င်း
အဲဒီညတွေ ကို ဖက်တွယ်ထားတယ်
(အိပ်မပျော်ဘူး..လို့..ငါ့ကို ပြောခဲ့တာ ခဏခဏ)

ငါက လရောင်တွေ ကို ချစ်တယ်.. ချစ်တယ်.. ပြောပြီး
အဲဒီ လရောင်အောက်မှာ ငို ငို နေတတ်တယ်
(မင်း ကို လွမ်းလို့..)

မင်း ဆီမှာ တခါ သာ.. ငါ့ ဆီမှာ တခါ သာတဲ့
တခုသော လမင်းရဲ့ အရှေ့
မတိုင်မပင်.. မရွံ့ မဆုတ်..

ချစ်တယ်.. လို့ ပြိုင်တူပြောဖြစ်ခဲ့တာ
မင်းနဲ့ ငါပဲ မဟုတ်လား ကွယ်...

မင်းက ဂစ်တာ တီးရင်း. ငါ့ကို လွမ်းနေခဲ့ တယ်..
ငါက ကဗျာတွေရေးရင်း.. မင်းကို လွမ်းနေခဲ့တယ်..

မင်းရဲ့ ညတွေ ကို ငါ့အလင်းတွေ နဲ့ ထွေးပွေ့လို့..
ငါ့ ရဲ့ နေ့တွေ ကိုတော့ မင့် သီချင်းတွေ နဲ့ ရင်ခုန်စေခဲ့တယ်..

ဒါနဲ့များ..
ဒါနဲ့များ..

ဒါနဲ့များ... မင်းမို့ ပြောရက်တယ်..
မချစ်ပါနဲ့တော့ကွယ်.. တဲ့...

အဲသလို ရရိုးလား ချစ်သူ ရဲ့...

မင်းကမချစ်ပါနဲ့ ကွယ် ဆိုတိုင်း..
ရပ်ဆိုင်းပစ်လိုက်ရအောင်လို့..
ငါ့ အသဲနှလုံး က ကွန်ပျူတာ တလုံးမှ မဟုတ်တာကို......။


မမသီရိ
၁၈.၂.၂၀၁၀

10 comments:

Anonymous said...

ကြိုက်တယ်ဗျာ..ကဗျာတွေကရှယ်ပဲ...
ကြိုက်ပီးရင်ကြိုက်ပဲဗျို့ ...
ပုန်းပီးအားပေးနေတာကြာပြီဗျ..(loverstar)

ဂျူနို said...

မမသီရိ အသဲက ဗိုင်းရပ်စ်ထိနေပြီလေ ခုပဲ ကြည့် ရပ်ဆို မရပ်တော့ဘူး။:))

မအယ်

မေ့သမီး said...

အလဲ့ မမ တယ်မိုက်နေပါလား။ ဟုတ်ပါတယ်။ ထောက်ခံပါတယ်။ မချစ်ပါနဲ့ပြောတာနဲ့ ရပ်ရကျေးလားနော်။

ကိုခိုင် said...

အတွေးလေးတွေလှတယ်။
“ငါ့ အသဲနှလုံးကကွန်ပြုတာတလုံးမှမဟုတ်တာ”

ကိုခိုင်

ချစ်ကြည်အေး said...

ကဗျာလေး ချစ်စရာမမရေ...တကယ်လန်းတယ်...:)

~ဏီလင်းညို~ said...

အစ်မသီရိရေ.....
“မင်းက ဂစ်တာ တီးရင်း. ငါ့ကို လွမ်းနေခဲ့ တယ်..
ငါက ကဗျာတွေရေးရင်း.. မင်းကို လွမ်းနေခဲ့တယ်”.....
အဲ့သည့်နေရာလေးကို အရမ်းကြိုက်တယ်......
(ဒါပေမယ့် အနော့်မှာရှိတော့ဘူးဗျာ.....)
ခင်မင်တဲ့
ဏီလင်းညို

ရွှေရတုမှတ်တမ်း said...

re start လုပ်လို့ရပါတယ်ကွယ်

kiki said...

အဲ့လိုဖြစ်နေရင် Ctrl+Alt+Delete သာလုပ်လိုက်ပါတော့ ကိုယ့်မမရယ်..
ဒါနဲ့မှ မရရင် ဦးနှောက်စားမခံနေပါနဲ့တော့.. Window အသစ်သာ ပြန်တင်လိုက်..
ဟင်းဟင်း...( ကိုယ်ချင်းမစာ စွာ ပြောမိပါ၏ )..

ကောင်းကင်ပြာ said...

အေးလေ ကွန်ပျူတာမှ မဟုတ်တာ...နော့

ညလင်းအိမ် said...

မိုက်တယ်ဗျာ ... ကဗျာတွေကတော့ ရှယ်ပဲ ...