Sunday, December 13, 2009

ချစ်ခြင်း မှာ အကြိမ် ကြိမ် သေ...


လွန့်ကနဲ တချက် ရုန်းအကြွ
မင်း နှုတ်ခမ်းထောင့်က အလှကလေးမှာ
ဗုန်းဗုန်းပါအောင် ကျဆုံး
ငါ့ နှလုံးသားတွေ ကြွေ.....


ကောင်မလေးရေ...
ဘယ်လိုမှော်တွေအောင်လို့ မင်း.. ဘယ်လိုလှ..
မင့် အပြုံးမှာ ဘာတွေ ချယ်..
မင့် နှုတ်ခမ်းလေးတွေ ဘာနဲ့ ထွေး..
မင်း ပါးကလေး တွေက ဘယ်တန်ခိုးနဲ့ မို့..
မင့် သွားကလေးတွေ က ဘယ်အစွမ်း နဲ့ ကြွေရောင်ပြေ...
မင်း မျက်လုံးကလေးတွေ ဘာဂါထာနဲ့ မှုန်း
မင့် ပခုံးကလေး က ဘာလို့ ပြေ...

မင်း ဆံနွယ်တွေ ဘာလို့ လက်..
မင့် လက်ကလေးတွေ ကရော ဘာလို့ နွယ်..
မင့် ခြေဖမိုး လေးရယ်.. ဘယ်လို ဖောင်းဖောင်း.. အိ....
ဒီကမ္ဘာပေါ် ရှိသမျှ အလှဆုံး အရာတွေ
မင်း ကို ဆရာ.. ခေါ် ရချည့်. ...

တဒိတ်ဒိတ်နဲ့ ငါ့ ရင်တွေ..
ထိမ်း မရ ချင်ပြီ ကောင်မလေး ရဲ့..

နင့် မျက်တောင် တချက် အခပ်
ငါ... လှလှ ပပ သေ...

နင့် မျက်လုံး တချက် အ၀င့်..
ငါ... လှလှ ပပ သေ...

နင့် အပြုံး တချက် အလက်...
ငါ.. လှလှ ပပ သေ....

နင့် ခြေ တချက် အလှမ်း...
ငါ.. လှလှ.. ပပ သေ..

နင့် ခေါင်း တချက် အငဲ့..
ငါ လှလှ ပပ သေ....

ကောင်မလေး ရေ...
နင့် ကို ဖျတ်ကနဲ... ချစ်မိခြင်းထဲ
ငါ... လေ.. သေ ပြီး ရင်း ..သေ.....။


မမသီရိ


ကျမရဲ့ အချစ်ကဗျာတွေ ဖတ်ရင်း.. ကဗျာထဲက ချစ်သူကို မနာလိုဖြစ်နေကြသော..း)....
ချစ်ခင်ရသော.. မောင်လေး.. အောင်အောင့် အတွက် နဲ့၊ မောင်ငယ်များ ဖြစ်ကြတဲ့ ကဗျာဆရာလေး လင်းဒီပကိုရင်နော်၊ ကျမကဗျာတွေ အမြဲလာဖတ်ကြတဲ့ မောင်ငယ်ဏီလင်းညို ညရဲ့ကောင်းကင်၊ မောင်ဝင်းဇော် (welcome) မောင်လေး ဖိုးသူတော်၊ တူတော်မောင် ရီနိုမာန်၊ ဘလော့ဂါတယောက် မဟုတ်သော်လည်း သူ့ ချစ်သူဖတ်လို့ သူလဲလာဖတ်တာပါ ဆိုတဲ့ ကိုဇော်ထွန်း၊ ကိုဇော် (ခြေလှမ်းသစ်)မောင်ငယ် စိတ်စမ်းရေကလေးလေး ခရေတန်၊ လူပြိုကြီး အကိုကြီးရွှေရတု တို့ ကိုယ်စား ရေးဖွဲ့ ရင်းနဲ့ နှစ်သစ်ကူး လက်ဆောင်အဖြစ် ပေးလိုက်ပါသည်။ ပုံ ကတော့ ငယ်ငယ်တုန်းက ဆွဲခဲ့တာ..။

အစတုန်းကတော့ လူပျိုလေးတွေ အတွက်ပဲ လို့ ရည်ရွယ်ခဲ့တာ ပါ..း).. ။နောက်.. စဉ်းစားတော့.. ကိုဆောင်းယွန်းလနဲ့ ကိုတင်မင်းထက် ကို ပြေးမြင်ယောင်မိတယ်..း)..။.. ကိုဆောင်းယွန်းနဲ့ ကိုတင်မင်းထက် ရေ.. ချန်မထားခဲ့ပါဘူး ရှင့်.. နော်.. . ။

တကယ်တော့ ချစ်ခြင်း ကြောင့် ကိုယ့်ရဲ့ ချစ်သူ ဟာ ကမ္ဘာပေါ် မှာ အလှ ဆုံး ဖြစ်နေတတ်တာလေး ဖွဲ့ ပေးမိတာပါ ..။

ကောင်မလေး.. ရဲ့ အလှ မှာ ကြွေကျပြီး နှစ်သစ် မှာ ပျော်ရွှင်ကြပါစေ..။

ချစ်ခင်သော.. မမသီရိ

23 comments:

Ree Noe Mann said...

တူတော်မောင် က တစ်ပါဗျာ။

Ree Noe Mann said...

တီ လုပ်တာနဲ့ ကောင်မလေးနဲ့တောင် တွေ့ရမှာ
ကြောက်နေပြီ။ ကောင်မလေးနဲ့ တွေ့ရင် ခဏခဏ
သေရမှာကို ကြောက်တာပါ။

ကဗျာလေးက လှသလို
ကောင်မလေးကလည်း အဲလောက်
လှနေမယ်ဆိုရင်တော့ တီ လိုက်တောင်းပေးဖို့သာ
ပြင်ထားပေတော့။

ချစ်တဲ့ တူတော်မောင် ငယ်ငယ်

Nge Naing said...

မမသီရိက ကိုယ့်ခံစားချက်တင်မကဘူး ယောက်ျားလေးနေရာကလည်း ၀င်ခံစားပြီး စပ်တတ်တယ်နော့်။ ဒီကဗျာကို နှစ်သစ်အတွက် မမသီရိ လက်ဆောင်ပေးတဲ့သူတွေ နာမည်ထဲမှာ ကျွန်မနဲ့ သိပ်ခင်မင်ရင်းနှီးသူ တချို့ကတော့ မိန်းကလေး တယောက်ပြီးတယောက် ဒါမှမဟုတ် တချိန်တည်းမှာ သုံးလေးယောက် တွေ့လိုက် ချစ်လိုက်၊ လွမ်းလိုက် ရှောင်ပြေးလိုက် နောက်ထပ်ရှာလိုက်နဲ့ သံသရာလည်နေတာ အခုထိ စွန်သွားတာ မရှိသေးဘူးဆိုတော့ ဒီကဗျာထဲကလို တင်စားရလောက်အောင် လှပနူးညံ့သိမ်မွေ့တဲ့ ကောင်မလေး တယေက်ကို တွေ့လိုတွေ့ငြား ရှာရင်းနဲ့ မတွေ့တော့ အချစ်တွေက ဒီကဗျာထဲကလိုပဲ သေပြီးရင်း သေနေပုံရတယ်။

ကိုလူထွေး said...

လှလှပပပေးသေတော့ အရုပ်မဆိုးတော့ဘူးပေါ့...

းဝ)

Welcome said...

လက်ဆောင်ရ ကဗျာလေး လာဖတ်ပါတယ်။ ယူလည်း သွားပါတယ်။ (ခွင့်ပြုပြု မပြုပြု)

ဆောင်းတွင်းဆိုတော့ မော်ဒယ်လ် ခင်မျာ တော်၂အေးနေရှာ မှာပဲနော်

ခင်မင်ရင်းနှီးသောအားဖြင့်

Welcome said...

မငယ်နိုင်ကတော့ လုပ်ချလိုက်ပြန်ပြီ ...

~ဏီလင်းညို~ said...

အစ်မသီရိရေ...
ကျွန်တော်တို့တွေအတွက် ကဗျာလေးကို လက်ဆောင်အဖြစ်စပ်ပေးတာ... အရမ်းကျေးဇူးတင်စွာနဲ့ ခံစားသွားတယ်ဗျာ...။ ကဗျာလေးက ကောင်းလိုက်တာနော်...။ ကျွန်တော်တောင်...အခါခါသေသွားသလိုမျိုးပဲဗျာ...။
ယူသွားမယ်နော် အစ်မသီရိ...။ ပန်းချီလေးကလည်း..မိုက်တယ်...။
(ကဗျာထဲက အစ်ကိုကြီးကို မနာလိုတာဟုတ်ပါဘူးဗျ...။ အားကျတာပါဗျာ...ဟီးးးး)

ခင်မင်တဲ့
ဏီလင်းညို

လင်းဒီပ said...

ချစ်ခြင်းမှာ အကြိမ်ကြိမ် သေပေးလိုက်ရပေမယ့် ချစ်သူနဘေးမှာ စိတ်ဝိညာဉ်ဟာ ထာဝရရှင်သန်နေမှာပါ အစ်မရေ...။

ကဗျာလေး ဖွဲ့ဆိုပေးတဲ့အတွက် ဝမ်းသာစွာ ကျေးဇူးတင်ပါတယ်..။

Merry X'mas & Happy New Year ပါ အစ်မရေ...။

(PS ကျွန်တော့်ချစ်သူက ဒီကဗျာထဲကထက် ပိုလှတယ်ဗျ..။..ဟီး)

kiki said...

ဟင် ..
လှလှ ပပ လေး နဲ့ ခဏခဏ သေခိုင်းနေပြီးမှ
နှစ် သစ်မှာ ပျော်ရွှင် နေခိုင်းပြန် ပါပြီ
မမသီရိ ကြီးကလေ ...

(ငယ်ငယ်တုံးက ဆွဲထားတဲ့ ပုံလေးက ခုထိ လက် ပြတ် နေတုံး ပဲလား .... ပြီးအောင် ဆက်ဆွဲ လေ .. ဟိဟိ )
ပြာဂလောင် ၊ ပြာ လချောင် တို့လိုပေါ့ ။ ဗီးနပ်စ် ရုပ်လေးမှာ လက်ကလေး ထဲ့ဆွဲ ပေးလိုက်ပါ မမ သီရိရေ.. နော် ...သူ့ ခမျာ သနားပါတယ် ။

သိင်္ဂါကျော် said...

အပေါ်မှာ ပြောထားသလိုပဲ ခဏခဏ သေလောက်အောင် လှနေရင်တော့ တွေ့ရမှာတောင် ကြောက်သလိုဖြစ်လာပြီ..

(ဗီးနပ်စ်က အရမ်းလှတယ်လို့ ပြောကြတယ်.. အဲဒီ အရုပ်ကတော့ နည်းနည်းမှလည်း မလှ ကျက်သရေလည်း မရှိဘူးလို့ ထင်တာပဲ..)

ကောင်းကင်ပြာ said...

ခဏခဏ သေရင်တော့ ဒုခပဲ မမရယ်..

ကောင်းကင်ပြာ said...

ခဏခဏ သေရင်တော့ ဒုခပဲ မမရယ်..

စည်သူ said...

(((((((((((((Rrr:)))))))))))))))))

When i have been red poem,

I wish to shout loudly and loudly.

Don't ask me Why..?
Don't ask me Why..?

Ma Ma thiri Yae.. Can't type Myanmar Words..

Friendly
Si Thu

tin min htet said...

မမသီရိရေ ကျေးဇူးအထူးပါပဲ။ ချစ်ခြင်းမှာ အခါခါ ပြန်ရှင်လာလို့သာ အခါခါသေလို့ ရတာပေါ့ :)
......................

ကီကီပြောမှ ပြာဂလောင် ပြာလချောင် ဗီးနစ်ကို လက်ကျိုးသွားတယ် ထင်ပြီး ဂျုံနဲ့ လက်ပြန်တပ်ပေးထားတဲ့ ပုံ ပြန်မြင်လာတယ်။

Anonymous said...

ဟိဟိ.. ကဗျာက အလန်းကြီးပါလားကွယ်ရို့
နု၏ ရွ၏ ခိုက်လောက်၏ ဟိဟိ
ချစ်ဖို့ကောင်းသော မမသီရိအား ဘွားဇ်အများကြီးပေးလိုက်ပါကြောင်းးးးး)

ရွှေရတုမှတ်တမ်း said...

သူကကိုယ့်ပြန်ဖက်ဖို့လက်မပါလို့....
ငါလေ..သေပြီးရင်းသေ......

ညလင်းအိမ် said...

ကဗျာလေး လက်ဆောင်ပေးတာ ကျေးဇူးပါမမသီရိ...

ချစ်ခြင်းမှာ အကြိမ်ကြိမ်သေနေတာတော့ အမှန်ပဲဗျာ..

ချစ်ကြည်အေး said...

မမ သီရိရေ...ကဗျာလာဖတ်ပါတယ်...လာမယ်..လာမယ် နဲ့ ခုမှပဲ ရောက်ဖြစ်ပါတယ် ။ ပုံဆွဲတတ်တာ ကောင်းလိုက်တာ...၊ လင့်ခ်ယူခွင့်ပြုပါ မမ...။

ဆောင်းယွန်းလ said...

ကျေးဇူးပါမသီရိရေ....
ကြွေလောက်အောင် ရေးထားတဲ့ ကဗျာမို့ သေလောက်အောင် ကြွေပါတယ်...
”ကြွေပါတယ် မသီရိ”

ဝေလင်း said...

ကို craton ဆီမှာလင့်ထားလို့ ရောက်လာတာ..
သူပြောသလို ကြွေလောက်ပါပေတယ်..
တကယ်ကောင်းတဲ့ ကဗျာလေးအတွက် ကျေးဇူးတင်မိပါတယ်။

ကိုရင်နော်ခင်လေးငယ် said...

မမရေ....

ကဗျာလေးဖတ်ရင်း ဘာမှ မဆိုင်ပဲ
အချစ်တွေ ကြွေကျလာလို့...
ခြွေချခဲ့မိတယ်...

မမ အတွက်... ပေါ့..!!

အရမ်းချစ်တဲ့....

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ဟုတ် မမသီရီ ဟုတ်
ဟိုလေ ကိုတိုးကြီး နဲ့  ကိုဇော်ထွန်း က တူတူဘဲလေ ခုတော့ ချစ်သူက ထားသွားပြီလေ ချော့လို့ လည်းရဘူး အဲဒါ ဒီကဗျာလေး ကူးသွားမယ် ချော့လိုက်မယ်နော် ရလိုရငြားပေါ့ ခဏခဏ သေရင်လည်းသေပါစေတော့နော်မမသီရိနော် ကျတော့်ဆီလည်းလာဖတ်ပါဦး ကိုကိုကြီး အကြောင်းရေးထားတယ် မ၀င်ဖြစ်တာကြာလို့ ခုမှ ၀င်ဖြစ်လို့ ခုမှလာဖတ်တာလေ

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ကျတော့်နံမယ်လေး ထည့်ပေးထားလို့ အရမ်းလည်းကျေးဇူးတင်ပါတယ်နော် မမသီရိ