Saturday, December 05, 2009

သဲစုတို့ထက်ပိုသော ... ကြယ်စုတို့ထက်ပိုသော.....

ကွေ့ဝေ့သောင်စပ် ..
ကမ်းငွေလှက..
ဖွေးဖွေး ရွရွ... သဲ မှုံစ တွေ...
မောင်.... လေမပျင်း...
ရှင်း ရှင်း စိတ်ဝယ်...
ရည်ချင်တယ် ဆို....
ရာပေါင်း ကုဋေ .. ရှိလိမ့်လေလား..
သန်းပေါင်း ရာ ..ထောင်.. ရှိယောင် တိကျ..
ရလို ရလိမ့် .. မောင်နှစ်သိမ့်ရာ....

ပြန့်ပြော ကျယ်လွင့်
မိုးဆင့်တိမ်လွှာ..
ဝဠာတခို.. ညမှာ စိုလဲ့
ပြိုးပြိုး ပြက်ပြက်ေ၇ွှရည်လက်တဲ့
စိန်ပွင့်ရောင်စုံ.. ကြယ်မှုံလေးတွေ
ကုဋေ ဘယ်လောက် ပြည့်မောက်မလဲ..
မောင် သိချင်လို့ ရည်စို့ရယ်ဆို ..
ပိုလို မရှိ သိချင်သိလိမ့် ..
မောင်နှစ်သိမ့်ရာ
တိုင်းတာတခု.. ရလု ပါတယ်....

မောင့်ရဲ့ အပေါ်
စည်းတွေကျော်လို့ ..
မေတ္တာ သွန်းဖြိုး.. ရင်တွင်း မိုးနှယ်..
သဲဝယ်ချည်ရစ်.. နှောင်တွယ်ချစ်ခဲ့ ..
ကျမ အဖြစ်.. မောင်.. တွက် စစ်ရင်..
နုပျိုချိန်များ ကုန်ဆုံး သွားလို့..
ဇရာနွမ်းတိုင်.. မဆုံး နိုင်ပဲ..
ကျယ်ပြန့် လွင့်ပြော ..မေ့.. မောင်.. မော မယ်..
စိုးလို့ပါကွယ်.. မရည် ပါနဲ့....


အသက်ရှူသရွေ့ ..
အချစ်နေ့ ပါ...

ပိုတာ မဟုတ်..
ချစ်သရုပ် တွေ.. ပီပြင်နေခဲ့..

ဆထက်ထမ်းပိုး....
တိုးလို့ချစ်လာ.. မေ့မေတ္တာ တွေ
ကုဋေ ဆယ်ဆ .. ထောင်မက အောင်..
မောင် သိမှာ ပါ.. အရာရာ ကို..
မောင့်ရဲ့ သဘော... မောင်ပြော သမျှ..
မောင့် အလိုကျ ... ဖြစ်စေရခဲ့
ကိုယ့်ဖက်မတွေး ..ရှေ့ ရေး မမျှော်..
မောင်ပျော်ဖို့ အတွက်....
ကျမ ချစ်တာ.. ကမ္ဘာပေါ် က
သဲမှုန့် ထက် ပို... ကြယ်ပျိုထက် ကဲ..
ကျမ ရင်ထဲ.. မောင့် ကို ချစ်တဲ့ အချစ်တွေ လေ.........။



မမသီရိ

12 comments:

JulyDream said...

အဲဒါလည်း ကုမရတဲ့ ရောဂါတစ်ခုပဲနော်။ အဟီး...

Nge Naing said...

မမသီရိရေ- အဲဒီလို ချစ်တဲ့အကြောင်း ရေးထားတဲ့ ကဗျာဆိုတော့ ကြိုက်တယ်။ နှစ်ခေါက်လောက် အမြဲပြန်ဖတ်ဖြစ်တယ်။ လွမ်းတဲ့အကြောင်းဆိုရင်တော့ ပြီးအောင်မဖတ်ချင်ဘူး။ အချစ်တွေ အမြဲရှင်သန်ပြီး ချစ်တဲ့ စာတွေကဗျာတွေ များများ ရေးနိုင်ပါစေ။

kiki said...

အွန်မငီးးးး
ချစ်တတ်လိုက်ထှာနော် .. မမသီရိ တို့ များ လေ..
မောင်ဆိုတဲ့ လူကြီးကိုတောင် ဆွဲဖဲ့ပလိုက်ချင်တယ် ..
ဘာလို့များ မသိချင်ယောင်ဆောင်နေပါလိမ့်လို့  ...

နုပျိုချိန်များ ကုန်ဆုံး သွားလို့..
ဇရာနွမ်းတိုင်.. မဆုံး နိုင်ပဲ..
ကျယ်ပြန့် လွင့်ပြော ..မေ့.. မောင်.. မော မယ်..

အဲ့လိုကြီးတော့ အဖြစ်မခံပါနဲ့ မမသီရိရေ ..
စစ်ကူလိုရင်ပြော နော် ...ဟိဟိ
များများချစ်ပြီး မြန်မြန်ရပါစေ ..( လိုချင်တာ ကို ပြောတာ နော် )

ကိုရင်နော်ခင်လေးငယ် said...

မမ.....

သူ့ကို အရမ်းချစ်တာပဲလားဟင်..!!
သူဟာ သိပ်ကို ကံကောင်းသူ တစ်ယောက်ပါပဲ..

ချစ်တဲ့....

Welcome said...

အမှန်ပဲ အားကျမိပါတယ် ..

~ဏီလင်းညို~ said...

အစ်မသီရိရေ...
ကဗျာလေးကို ဖြည်းဖြည်းချင်းတောင်ဖတ်မိတယ်..။ မြန်မြန်ပြီးသွားမှာစိုးလို့လေ...။
(တော်တော် ကံကောင်းတဲ့ အစ်ကိုကြီးပဲနော်ဗျ...။)

ခင်မင်တဲ့
ဏီလင်းညို

စိတ်စမ်းရေ said...

အသက်ရှူသရွေ့
အချစ်နေ့ပါ...
အဲဒီ အဖွဲ့လေးကို သဘောကျမိပါတယ်...။

ရွှေရတုမှတ်တမ်း said...

ဇရာနွမ်းတိုင်မဆုံးနိုင်ပဲ
အချစ် ပန်းလေးအမြဲမွှေးသည်..

ဆောင်းယွန်းလ said...

ကိုယ့်ဖက်မတွေး ..ရှေ့ ရေး မမျှော်..
မောင်ပျော်ဖို့ အတွက်....
ကျမ ချစ်တာ.. ကမ္ဘာပေါ် က
သဲမှုန့် ထက် ပို... ကြယ်ပျိုထက် ကဲ..
ကျမ ရင်ထဲ.. မောင့် ကို ချစ်တဲ့ အချစ်တွေ လေ.........။

မသီရိတို့ ချစ်တတ်ပုံများ တခြားသူတွေ လိုက်မီမှာမဟုတ်တော့ဘူးနော်

NweYoe said...

မောင် မောင် မောင်တဲ့ ကောင်းလိုက်တာ အဟစ်ဟစ်
တို့လည်း ခေါ်ခံရဖို့ လူရှားထားဦးမှ

(လာဖတ်သွားပါတယ် မမသီရိ)

ညလင်းအိမ် said...

မမသီရိတို့ ချစ်တတ်လိုက်ပုံများဗျာ...
အဲဒီအစ်ကိုကြီးကို မနာလိုဘူး...ဟွန်း...

လေးလုံးစပ်ကဗျာကို ရှည်ရှည်စပ်နိုင်တာ ချီးကျူးတယ်...
အရမ်းကောင်းတယ်ဗျာ...ကဗျာရေးတာ အရမ်းတော်တယ်...

ချစ်ကြည်အေး said...

မမရေ...ကဗျာလေးတွေကို ချစ်လို့ လာပြန်ဖတ်သွားတယ်....