Sunday, April 26, 2009

သုဘဒ္ဒါ အလွမ်း

အချစ်ကြီးလို့.. အပြစ်ကြီး ထင်
အငြိုးဝင် ချစ်သူလှ ကို
နိုင်လိုတယ် သတ်ချင်ဇောနဲ့
ရင်ကွဲ ပက်လက်
အသက်ကို အသေခံ
ပစ္စေက ဗုဒ္ဓါ ထံမှာ
ကြာရိုး ကြာနွယ်
လှူကာရယ် ဆုချွေတောင်း
ဘ၀ဟောင်းကို စွန့်ခွာ
စူဠသုဘဒ္ဒါ ငယ်...


ငယ်စဉ်အရွယ်
ရာဇ၀င် အလယ်
ဖတ်ဖူးတယ် မှတ်ခဲ့ရ
လွမ်း တသသ နဲ့
အချစ်ကြီး သမားရယ်လို့
ဆဒ္ဒန်ကို သနား
ခံစားချက်များလဲ..
ဝေမျှကာ ယူခဲ့ဖူး သလို..


မျက်နှာငယ်..
အပြစ်ပယ်ခံ ဘ၀ပမာ
အချစ်ကို အတူမရတာကြောင့်
တဘ၀ တခါ
ချုပ်ငြိမ်းကာ ပြောင်းခဲ့ပေမဲ့
နောက်ဘ၀တော့လဲ မဖြေသာ
အဆုံးမှာ...
ရင်ကွဲကာ
သေပွဲကို အတူ နွှဲ ပြီး
အသဲ နှစ်ခါ ကွဲ တာတောင်
ယောင်ကာပင် မစာနာကြ
ရက်စက်သူ မိန်းမရိုင်းရယ်လို့
သတ်မှတ်တယ်.. လူ့ သမိုင်းမှာ
တို့ မပါ..
သုဘဒ္ဒါ ဒေ၀ီလေး ရယ်
သနားမိပါတယ်.....။


မမသီရိ

14 comments:

သီဟသစ် said...

မမသီရိရေ
ကျွန်တော်တို့ မမြင်ခဲ့တဲ့ဒေါင့်ကနေ ရေးပြသွားတာကိုး ၊ ကောင်းပခင်ဗျာ..

ကောင်းကင်ပြာ said...

ကောင်းလိုက်တဲ့ ကဗျာလေး မမသီရိ ရယ်၊ သနားစရာ သုဘဒ္ဒါ ဒေ၀ီလေး ကိုရုပ်လုံးပေါ်အောင် ဖွဲ့ဆိုထားတာ လှလိုက်တာ၊
လာသေးဘူးလားဟင်၊ ချစ်လို့ tag ထားတယ်နော်

ကိုရင်နော်ခင်လေးငယ် said...

မမသီရိရေ..
ကဗျာလေး အရမ်းကောင်းတယ်..

Anonymous said...

:)
ဒီလိုပြောလည်းရပါတယ်..
အချစ်ကိုဝေမျှပေးဆပ်ဖို့ ဘယ်နည်းမှလက်မခံတဲ့နေရာမှာတူတယ်..
သစ္စာမရှိသူကိုမုန်းတယ်.. စူဠသုဘဒ္ဒါကိုထောက်ခံတယ်

စိတ်စမ်းရေ said...

အတွေးသစ်ကလေးနဲ့ရေးထားတဲ့ကဗျာလေးပါလား...
အရမ်းကောင်းပါ၏။

တလနွန် said...

စူဠသုဘဒ္ဒါ ဘက်ကနေတွေးရင် ဟုတ်ပေသားပဲ
အချစ်ကဗျာလေးလှပါတရ်

ဆောင်းယွန်းလ said...

အချစ်ကဗျာဆရာမကတော့ ရေးတတ်ပါပေ့

မိုးခါး said...

ဘာပြောရမှန်းတောင် မသိတော့ဘူး မမရယ်
ညီမကတော့ အမလိုမတွေးမိတာ အမှန်ပါပဲ ..း)
ဘယ်သူ့ကို အပြစ်တင်ရမလဲ .. ခါချဉ်ကြောင့်လေ .. ခါချဉ် ၀င်မွှေလို့ ခုလိုဖြစ်ကုန်တာ .. :D

Welcome said...

မမသီရိ

ကဗျာလေးကို နှစ်နှစ်သက်သက်နဲ့ ဖတ်သွား ပါတယ်။

ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်

Moe Cho Thinn said...

စူဠသုဘဒ္ဒါ မမကြီး
ချစ်တတ်ပါပေ့...

မီယာ said...

မမရေ ပြန်လာတော့မှာလား။ ဒီကဗျာလေးကိုလည်း ကြိုက်ပြန်ပြီ။ ကဗျာတွေ အများကြီး ရေးနိုင်လို့ အားကျလိုက်တာ။

vanko said...

ကဗျာလေးတွေကို လာဖတ်သွားပါတယ်။ စူဠသုဘဒ္ဒါကို မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးတဲ့။ မမသီရိလိုတွေးကြည့်တော့လည်း အချစ်ကြီးလို့ ၂ ခါသေရတယ်။ သနားစရာပါနော်။
စကားမစပ် မမသီရိလည်း အရမ်းချစ်တက်နေတယ် ထင်တယ်။ ဟိဟိ။ စတာနော်။ ကိုယ့်အစ်မကြီးကို။ :P
မေလဆန်း ပြန်လာမယ်ဆို။ ပြန်မရောက်သေးဘူးလား။

မေ့သမီး said...

မမက စူဠသုဘဒ္ဒါကိုသနားနေတာလား။ ခံစားတတ်နေတယ်ပေါ့။ ကိုယ့်ချစ်သူကို သူများနဲ့မဝေမျှ နိုင်တာတော့ အမှန်ပဲ။ အဲလိုဝေမျှရမယ်ဆိုရင်တော့ သူ့လိုများ မုန်းသွားမလားပဲ။

မင်းအိမ်ဖြူ Minn Eain Phyu said...

ကြိုက်တယ် ၊၊ အဲဒီလိုအတွေးမျိုးလေး ၊၊ ဟုတ်တယ်လေ တကယ်ဆို အဲဒီ လတ်တလော အချိန်မှာ သူမမှားဘူး ၊၊ ဒါပေမယ့် ...............
ဟဲဟဲ ဆက်ပြောမယ်နော် ...............
ကိုယ်ချစ်သလိုမှ ပြန်မချစ်ဘူးဆိုရင် နောက်ဆုတ်လိုက်ပါ ......... ချစ်ရတဲ့ ဒုက္ခကြီးသလို အချစ်ခံရတဲ့ ဒုက္ခလည်း မသေးဘူးလေ ၊၊ သူတို.တော့ ဒီလိုဆက်တွေးကြလားသိပါဘူးနော်. .. ကျွန်တော်တို.က လိုရာတွေးပြီး ခံစားလို. ...........
ဟာဟ