Monday, April 06, 2009

ဆန္ဒရှိတဲ့ အဟောင်းလေး

ထွန်းအိန္ဒြာဗိုလ် ရဲ့ သီချင်းခေါင်းစဉ်လေး ငှားသုံးလိုက်မိတယ်..(copy right နဲ့ မငြိလောက်ဖူးထင်တာပဲ..း) ညီမငယ် ခင်လေးနဲ့ ကိုရင်နော်တို့က ဒုတိယအကြိမ်ထုတ်ဝေခြင်း (သို့) ဆားချက်ခြင်း ဆိုတဲ့ ခေါင်းစဉ် လေးနဲ့လာTag တော့.. ကျမ တယောက် ငိုရမလား.. ရီရမလား..လို့ ဝေခွဲရ ခက်သွားပါတယ်.. ကျမက ခုမှ ဘလော့ဂ်ဂါ လက်သစ်လေ.. ပို့စ်ပေါင်း ၅၀ ကျော်ရုံလေးပဲ ရှိတာ.. ဒီလောကထဲ တကယ့်တရားဝင်ရောက်တာက ၃ လ ပဲ ရှိသေးတာ ။ ဒါပေမဲ့ ချစ်တဲ့ မောင်လေးနဲ့ ညီမလေးက ချစ်လို့ Tag တာပါ လို့ ဆိုလာတော့ လဲ.. ချစ်ခြင်းများစွာနဲ့.. မျက်နှာခပ်ပူပူ နဲ့..ဆန္ဒရှိတဲ့ မဟောင်းတဟောင်းလေးတပုဒ် ပြန်လည်လို့ဖေါ်ထုတ် ပေးပါရစေ..။

ခုတလော.. အလုပ်လေးတွေက အတော်လေးများပါတယ်..။ စိတ်ဖိစီးမှုတွေကလဲ ခပ်များများ.. အမြင်ချင်းမတူ.. အတွေးချင်းမတူ.. အယူအဆ ချင်း မညီသူတွေနဲ့ လက်တွဲ အလုပ်လုပ်ရပြီ ၊ ပတ်သက်နေရပြီ ဆိုရင် ဘ၀မှာတကယ့် စိန်ခေါ်မှုတခုပါပဲ..။ ပြီးတော့ ဘ၀ရဲ့ အရာ တော်တော်များများ ဟာ.. ကိုယ့်ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်မလာတတ်လာလဲ ဘ၀ တခုပဲ ဖြစ်မယ် ထင်ပါရဲ့..။ ကိုယ် တင်ပဲ လားဆိုတော့... ကိုယ့်ထက် depression ရ နေသူတွေ ကရှိနေသေးတာ..

အဲဒီကဗျာလေး ရေးခဲ့တာ နှစ်တွေအတော်ကြာခဲ့ပါပြီ...ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့ လောကကြီးကို ကြည့်ပြီး..ကိုယ့်ကိုကိုယ် အားပေးဘို့ရေးခဲ့တဲ့ကဗျာလေးပါ...အဲဒီတုန်းက ကျောင်းဆရာမဘ၀နဲ့မွေးရပ်ဇာတိ ကနေမိုင်ပေါင်းများစွာ..ဝေးကွာပြီးအတော်လေး ဂျောင် ကျ ခေါင်သီတဲ့ ဒေသ တစ်ခုမှာ ရှိနေခဲ့တာပါ..လိုင်းတို ရေဒီယိုလေး တစ်လုံး ရယ်..ဒိုင်ယာရီ စာအုပ် တစ်အုပ်ရယ်နဲ့...ဖတ်စရာ စာအုပ် တစ်ချို့ရယ်က လွဲပြီး..အဖော်မဲ့ နေခဲ့တဲ့ ၂၁ နှစ် အရွယ် ကောင်မလေး တစ်ယောက်ရဲ့ကာလလေး တစ်ခုပေါ့...ဘယ်သူမှ မသိတဲ့.. ကဗျာတွေ တပုဒ်ပြီး တပုဒ် မွေးဖွားနေခဲ့တဲ့ ကာလထဲ က အမှတ်တရ ကဗျာတပုဒ်ဆိုလဲ မမှားပါဘူး..။

ကျမရဲ့ ဘလော့ဂ်စဖွင့်တဲ့ နေ့ 10.9.2008 မှာကျမရဲ့ ပထဆုံးပို့စ်လေး အဖြစ်တင်ထားခဲ့တာပါ.. ခုတကြိမ်မှာလဲပဲ ကိုယ့်ကိုကိုယ် အားပေးဖို့ အတွက်ရော.. တခြား depression ရနေတဲ့ မိတ်ဆွေတွေ အတွက်ပါ.. အားဆေးလေးတခွက်.. လန်းဆန်းစေမဲ့ ဖျော်ရည်လေး တပေါက် အနေနဲ့ ပြန်လည်တင်ပြ လိုက်ပါတယ်..။

ညီမခင်လေး နဲ့ ကိုရင်နော် .. ကျေနပ်မယ်လို့လဲ ယုံကြည်လိုက်ပါရဲ့..။

ဒီပို့စ်လေးက ကိုယ့်ကို လာ Tag ခံရတာ တတိယမြောက်ပါ၊ ပထမ ၂ ကြိမ်တုန်းက သူများကို ပြန် Tag ရကောင်း မှန်း မသိသေးလို့..။ ဒီတကြိမ် တော့.. ညီမ မိးုချိုသင်းနဲ့. မကေ ပြီးတော့ မောင်လေး July Dream ကိုတို့ Tag ကြည့်စမ်းပါရစေ..။ သူတို့ ၃ ယောက် ပြန်လည် တင်ပြမဲ့ ပို့စ်လေးတွေက စိတ်ဝင်စား စရာ ကောင်းမှာ အမှန်..။


နေတတ်သလို

ပျော်စရာ...

တွေ့လာရင်ပျော်လိုက်...
ရင်ထဲခိုက်အောင် မဟုတ်ပါ...

ငိုစရာ...
တွေ့လာရင် ငိုလိုက်...

ရင်ထဲခိုက်အောင် မဟုတ်ပါ...


နေ့...

ည...
ရာသီ...

သံသရာ ဒီစက်ဝန်းမှာ...
နေရတာ ဘာမဟုတ်...
ခဏတာ
အလည်ရောက်ကြတာမို့...


အခြေအနေ...
ဝန်းကျင်တွေ အားလုံး...

ပြေပြစ်အောင်အသုံးချလို့....
လာလမ်းကို ပြန်ချိန် ကျရင်...
ဝေဒနာ
ရင်မှာ ပါမသွားစေဘို့...


မင်း..
ပျော်ချင်ရင်ပျော်လိုက်...
ရဲရဲပဲပျော်....


ငိုချင်ရင်ငိုလိုက်...
ရဲရဲပဲငို...

မင်း..


နောင်တဆိုတာ...
မရတာသေချာရင်...

မင်းဖြစ်ချင်တာ ဘာမဆို...
ခု...
ဖြစ်ခွင့်ရှိတယ်.....။



(မမသီရိ) ၁၀.၉.၂၀၀၈

တစ်ကယ်တော့ ဒီကဗျာလေး ကို လွန်ခဲ့တဲ့ နှစ်အတော်တော်ကြာကြာတည်းက ရေးဖြစ်ခဲ့တာပါ ဒီနေ့ ဘလော့ဂ် လေး တစ်ခု ဆောက်တော့ ဘာရေးရမလဲ စဉ်းစားတုန်း ခေါင်းထဲမှာ ပြန်ပေါ်လာတာနဲ့ နည်းနည်း ပါးပါး ပြင်ပြီး ဝေမျှလိုက်တာပါ။ အားလုံးကို ပျော်စေချင်ပါတယ်။

မမသီရိ

16 comments:

ကြယ်စင်မင်း said...

အားဆေးတစ်ခွက် ဒါမှမဟုတ် လန်းဆန်းစေမယ့် ဖျော်ရည်လေးတစ်ခွက် ကို သောက်သုံးခွင့်ပေးတဲ့ မမ ကို ကျေးဇူးတင်ပါတယ်..။

Welcome said...

မမသီရီ

တဂ်ပို့လေး လာအားပေးပါတယ်
မဖတ်ရသေးတဲ့ ကဗျာဆိုတော့ ဒုတိယအကြိမ် ပြန်တင်လည်း ကျွန်တော့်အတွက် အသစ်ပါပဲ။
စိတ်ဓာတ်ကျနေသူ တစ်ယောက်ကို
အားပေးထားတဲ့ ကဗျာလေး ကောင်းတယ်။

လေးစားလျက်
ဝင်းဇော်

မီယာ said...

မမရေ depression ဆိုတာ အနားမှာလည်း သိပ်သုံးကြတယ်... stress ဆိုတာနဲ့လည်း ခပ်ဝေးဝေးရှောင်နေရတယ်... ညီမတို့ အဖွားတွေ အမေတွေ ရဲ့ ဘ၀တွေနဲ့ စာရင် ဘာမှ မဟုတ်လောက်ဘူးလို့ ကိုယ့်ဘာသာ အားပေးရတယ်... ကဗျာလေးကို နှစ်သက်ပါတယ်.. ပျော်ရင် စိတ်ညစ်ရင် အရမ်း စိတ်မလွတ်ဖို့ သူငယ်ချင်း တယောက်က အားပေးဖူးတယ်။

ကောင်းကင်ပြာ said...

မမ သီရိရေ ကဗျာလေးလာ ဖတ်တယ်

မေ့သမီး said...

မှန်လိုက်တာမမ။ ပျော်စရာတွေ့ရင် ပျော်လိုက်။ ငိုစရာတွေ့ရင်ငိုလိုက်။ နောင်သိပ်ကြာလာရင် အရင်တုန်းကပျော်ခဲ့ဘူးတာတွေကလည်း အမှုန်အ၀ါး၊ ငိုခဲ့ဘူးတာတွေကလည်း ဟာသတွေဖြစ်လာပါတယ်။

ကိုရင်နော်ခင်လေးငယ် said...

မမရေ...
Tag ပိုစ့်လေးကို ချစ်ခြင်းအားဖြင့် ရေးပေးတဲ့ အတွက်..
နောက်ပြီး.........
Tag ဆင့် ကမ်းပေးတဲ့ အတွက်..

အရမ်းအရမ်းကို ကျေးဇူးတင်ပါတယ်..

ကဗျာလေးက တကယ့်ကို အားဆေးလေး တစ်ခွက်ပါပဲ..

နောင်တဆိုတာ...
မရတာသေချာရင်...
မင်းဖြစ်ချင်တာ ဘာမဆို...
ခု...
ဖြစ်ခွင့်ရှိတယ်.....။
တဲ့

မမရေ မှတ်သားထားလိုက်ပြီ..
နောက် နေတတ်သလို နေတတ်အောင် ကြိုးစားမယ်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

လင်းဒီပ said...

ဟုတ်ပါတယ်လေ...
ခဏရောက်နေတဲ့ အချိန်လေးမှာ
ငိုစရာရှိလည်း ရဲရဲငို
ပျော်စရာရှိလည်း ရဲရဲပျော်
ဒါပဲ ကောင်းတယ်..။

သီဟသစ် said...

မမသီရိရေ
ကော်ဖီတစ်ခွက်သောက်လိုက်ရ သလိုပါပဲ ခင်ဗျာ။
လန်းဆန်းသွားပါပြီ။

Thanks.

မိုးခါး said...

မမသီရိ ဖျော်ရည်လေးကြောင့် လန်းသွားဘီး)

tune said...

:)

ပြည့်စုံ said...

နေတတ်သလို....

ကဗျာလေးက အရမ်းကောင်းတယ်ဗျာ...
အဓိပ္ပါယ်တွေ အများကြီးပါတယ်နော်....

ကျနော်မနေတတ်ဘူး မမသီရိရေ...


ကျနော် ထိနေတယ်...
ဘယ်အချိန်မှ အေးချမ်းမလဲမသိသေးဘူးဗျာ...
အေးစက်စက်နဲ့ကြီးကို ခံစားနေရတာ....

စိတ်စမ်းရေ said...

အားဆေးတခွက် လာသောက်သွားပါတယ်..။

vanko said...

မင်္ဂလာပါ မမသီရိ။ ကဗျာလေးက သိပ်ကောင်းတာပဲ။

နေ့...
ည...
ရာသီ...

သံသရာ ဒီစက်ဝန်းမှာ...

အပျော်တွေ အငိုတွေကို ရဲရဲရင်ဆိုင်ဖို့၊ ရင်ထဲမှာ မထိခိုက်စေဖို့။ ပိုအရေးကြီးတာက ကိုယ့်ကြောင့် သူများရင်ထဲမှာ မထိခိုက်မရှနာစေဖို့..

ဘ၀ကို နေတက် ပျော်တက် ရင်ဆိုင်တက်အောင် အားပေးတဲ့ ကဗျာလေးတစ်ပုဒ်ပါ။

ကူးယူသွားတယ်နော်။

Moe Cho Thinn said...

ဟုတ်တယ်နော် မမ။ ဘာကိုမှ အစွန်းထိ မခံစားတာ ကောင်းမယ်။ တခါတလေကျတော့လဲ ကိုယ့်ကိုယ်ကို အားပေးဖို့ တကယ်လိုအပ်တယ်။ ကိုယ့်အတွင်းစိတ်ထဲက ဒါကို လက်ခံမှ ဘ၀မှာ နေပျော်လိမ့်မယ်။
မမ တက်ဂ်တာ မသိလိုက်ဘူး။ ရေးမှာပေါ့ မမ။ အဟောင်းတွေ ပြန်ဖတ်လိုက်အုံးမယ်လေ။ သတိတရ တက်ဂ်လို့ ကျေးဇူးတင်မိတယ်။ :)

mysterysnow said...

မမရေ
ကဗျာလေးက အရမ်းကောင်းပါတယ်။

ဆောင်းယွန်းလ said...

ပျော်စရာ...
တွေ့လာရင်ပျော်လိုက်...
ရင်ထဲခိုက်အောင် မဟုတ်ပါ...

ငိုစရာ...
တွေ့လာရင် ငိုလိုက်...
ရင်ထဲခိုက်အောင် မဟုတ်ပါ...

ဟုတ်တယ် ဘာပဲဖြစ်ဖြစ် ရင်ထဲခိုက်အောင်ခံစားရင် မကောင်းဘူး...
ဒုတိယအကြိမ် ပြန်လည်ခံစားသွားခဲ့ပါတယ် မသီရိရေ