Tuesday, April 21, 2009

အချစ်ကြောင့်သာ...

တသက်တချစ်..
တွယ်တာရစ်တဲ့..
အဆုံးထိတိုင်..
ကြင်နာနိုင်မဲ့..
မြတ်နိုး နှောင်ရစ်.. အချစ်စစ်မို့..

မောင် ရဲ့ ပါးကို နမ်းစေလိုလဲ
ပန်းနု ဖတ်ဖတ်
ထိလျှင် မွကြွေ
ဖြစ်လေမလား.. အတွေးများ နဲ့
အချစ်ရဲ့ ပါးကို
ရဲရဲ မမွှေး..
ဖွဖွ လေး ပဲ နမ်းချင်သူ...။


အကြင်နာသစ် မြတ်နိုး ချစ်မို့
ရင်ခွင် မှီ နွဲ့.. သွဲ့ သွဲ့ တေးဆို
အားကိုးလိုတဲ့..
ဣတ္ထိယ ဖြစ် .. မနှစ်သက်ချင်
ဘေးနားအမှီ.. အဖော်ညီပဲ..
လက်ချင်းတွဲလို့..
မလဲမယိုင်... တူယှဉ်ပြိုင်ကာ..
လှမ်းပါ လိုက်မယ်...

ဟော ဟိုတောင်တန်း
မောင်မထမ်း နဲ့
ဖ၀ါးနုနု သွေးခြေ ဥစေ
ဆက်လှမ်းနေမြဲ..
ချစ်သဲ ပင်ပန်း နွမ်းမှာ စိုးတယ်
ကြခတ်လမ်းလဲ.. ဆက်လှမ်းမယ်...


ဆူးကြမ်း လမ်းလျှောက်
လမ်းပျောက်ခရီး.. ဘယ်မနီးလဲ
ချစ်သူ အဖော် ရှိနေသော်က
မကြောက်မရွံ့.. နောက်မတွန့်ပါ

ပြဿနာတွေ့
ရင်ဆိုင်ဟေ့ ဆို

ရှေ့ကိုကိုယ်ထွက် မောင်ကျန်ခဲ့စေ
အသက်တွေလဲ ပေးဆပ်ရဲတယ်
မောင့် ကို သိပ်ချစ်လို့ပါကွယ်....။


မမသီရိ

12 comments:

yehtutnaung said...

သြော်..အချစ်..အချစ် :P

သီဟသစ် said...

အချစ်ကြောင့် တကယ်ကို ခွန်အားကိုရှိလာစေပါလား မမသီရိရေ..

ကောင်းကင်ပြာ said...

ပြဿနာတွေ့
ရင်ဆိုင်ဟေ့ ဆို

ရှေ့ကိုကိုယ်ထွက် မောင်ကျန်ခဲ့စေ
အသက်တွေလဲ ပေးဆပ်ရဲတယ်
မောင့် ကို သိပ်ချစ်လို့ပါကွယ်....။

တော်တော် ချစ်တတ်တဲ့ တို့ မမသီရိ၊

Moe Cho Thinn said...

အင်းးး
ခေါင်းတဆတ်ဆတ်ငြိမ့်ပြီးပဲ ပြန်သွားပါပြီ။
သူပျော်ရင် ကိုယ်ပျော့သလိုပါပဲလေ..

တလနွန် said...

အချစ်ကြောင့် အရာရာ အားအင်ဖြစ်စေသလား?
ဖတ်ရင်း နဲ့ အားရှိသွားတာ အမှန်
“တသက်တချစ်..
တွယ်တာရစ်တဲ့..
အဆုံးထိတိုင်..
ကြင်နာနိုင်မဲ့..
မြတ်နိုး နှောင်ရစ်.. အချစ်စစ်မို့” တဲ့လား

ဆောင်းယွန်းလ said...

ပြဿနာတွေ့
ရင်ဆိုင်ဟေ့ ဆို

ရှေ့ကိုကိုယ်ထွက် မောင်ကျန်ခဲ့စေ
အသက်တွေလဲ ပေးဆပ်ရဲတယ်
မောင့် ကို သိပ်ချစ်လို့ပါကွယ်....

ဒီကဗျာလေးဖတ်ပြီး ငယ်ငယ်ကသင်ရတဲ့ ရခိုင်တေးတပုဒ်ကိုသွားသတိရမိတယ်မသီရိရေ...

Welcome said...

မိန်းကလေးတစ်ယောက်ရဲ့ ချစ်သူအပေါ်ချစ်တဲ့ အချစ်တွေအတွက် သတ္တိတွေ မြင်သွားတယ်။

လေးစားတယ်

မိုးခါး said...

မမရေ .. ဒီလောက်တောင်ပဲလားး)

ကျော်သိင်္ခ said...

"မောင် ရဲ့ ပါးကို နမ်းစေလိုလဲ
ပန်းနု ဖတ်ဖတ်
ထိလျှင် မွကြွေ
ဖြစ်လေမလား.. အတွေးများ နဲ့
အချစ်ရဲ့ ပါးကို
ရဲရဲ မမွှေး..
ဖွဖွ လေး ပဲ နမ်းချင်သူ...။"

"ရှေ့ကိုကိုယ်ထွက် မောင်ကျန်ခဲ့စေ
အသက်တွေလဲ ပေးဆပ်ရဲတယ်
မောင့် ကို သိပ်ချစ်လို့ပါကွယ်....။"

မမသီရိသည်....
ချစ်ခြင်း၏ သိမ်မွေ့ခြင်း၊ နူးညံ့ခြင်း ကို ပေါ်လွင်အောင် ဖွဲ့နိုင်၏။

ထို့ကြောင့် အချစ်အတွက် အသက်တွေလဲ ပေးဆပ်ရဲ တဲ့ မမသီရိအား အမှတ်ပြည့်ပေးလိုက်ပါကြောင်း......

Anonymous said...

ရေလည်နုတယ်ဂျား)

Anonymous said...

အဲ့ဒီမောင်ကတော့ ကောင်းလိုက်တဲ့ကံကွာ..

boyz said...

ဒီပေါင် တခြမ်း...
မောင်မထမ်းနဲ့ (ကြက်ပေါင်)
ချစ်ဖွားဖွား ဒေါ်နုနု..
သွေးဆေးလူးနေ...
ဆက်လူးနေမြဲ..
နှစ်လုံး၊ သုံးလုံး လွဲမှာစိုးတယ်..
မပေါက်လဲ...ဆက်ထိုးနေမ၇်....

အော်ဂလီ ဂေါ်လီ.