Friday, April 17, 2009

ပျော်လိုက်တာ

တံခါးတချပ်ရဲ့
နောက်ကွယ်က စကားလေး တခွန်း
နမ်းခွင့် ကျမ ရခဲ့ ပြီ...

ပျော်လိုက်တဲ့ အပျော်တွေ
နှိုင်းလေလို့ မရ..
တဆတ်ဆတ် ခုန်နေတဲ့ နှလုံးသွေး
ရှက်ပြုံးလေးတွေ.. နှုတ်ခမ်းမှာသီ
ပါးလေးတွေ လဲ နီ ပေါ့..


ကံကြမ္မာရေ..
ဒီမျက်နှာသာလေးအတွက်.. ကျေးဇူး
ကမ္ဘာပေါ်မှာ ကျမ အပျော်ဆုံး
ခေါင်းမော်လို့ ပြုံးလိုက်တယ်
ချစ်သူ.. ချစ်တယ် ပြောလာလို့....။


မမသီရိ (5.4.2009)

14 comments:

♥♥♥♥♥ Jennifer™® ♥♥♥♥♥ said...

your blog is very good

သီဟသစ် said...

မမသီရိရေ
ဘာမှတ်ချက်မှ မပါလို့ ကိုယ်တိုင်ခံစားချက်လို့ သတ်မှတ်လိုက်ပါသည်။

ပျော်ရတာ ကောင်းပါ၏..

ပျော်ရွှင်နှစ်သစ် ရင်ခုန်နှစ်သစ်ဖြစ်ပါစေဗျာ

kaungkinpyar said...

နှစ်သစ်မှာ ချစ်သူက ချစ်တယ်ဆိုလို့ မမ ပျော်နေ၏၊ မမနဲ့ အတူ လာပျော်ပါတယ်၊ နှစ်သစ်မှာ ပျော်ရွှင်ပါစေ မမ သီရိ

မိုးခါး said...

မမသီရိ ပျော်တယ်ဆိုတော့ ညီမပါ အပျော်တွေကူး သွားပြီ .. :D

မီယာ said...

ဝေးးးးးဟေးးဟေးးး မမနဲ့အတူ ပျော်တာ

Moe Cho Thinn said...

အော်.. မမက ဂလိုကိုး...
နှစ်သစ်မှာ အချစ်တွေ ရနေတာပေါ့။ အတူတူ ပျော်သွားပြီ။
ပျော်စရာ နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးစရာတောင် မလိုတော့ဘူး ထင်ပါရဲ့။ ၀မ်းသာပါတယ် မမ။
တစုံတယောက်ကို ကျေးဇူးတင်လိုက်ပါတယ်။ :)

mysterysnow said...

မမရေ ခုမှပျော်နေတယ်ပေါ့လေ...
အမြဲတမ်းပျော်ရွှင်ပါစေနော်....

ဂျပန်ကောင်လေး said...

မမရေ... ဒီကဗျာလေးဖတ်မိတော့ ပြုံးမိတယ်.. ပျော်စရာလေး...

Welcome said...

ကိုယ်ချစ်တဲ့သူ ဆီကနေ
မင်းကိုချစ်တယ် ဆိုတဲ့ စကားလေးကြားရတာ
အင်မတန်မှ နှစ်လိုဖွယ်ကောင်းလှပါတယ်
ကမ္ဘာမှာအပျော်ဆုံးဖြစ်မှာပါ။
ကြားဖူးချင်သေးတယ် .. အဟင့် ဟင့် ..

ဆောင်းယွန်းလ said...

အပျော်တွေကူးစက်သွားတယ် မသီရိရေ....

မေ့သမီး said...

မမ တကယ်လားဟင်။ မီးလဲ အဲလိုပျော်ချင်လိုက်တာ။ :P

Anonymous said...

အယ်...ဂယ်ကြီးလား ချစ်တယ် လို့ ဘယ်တူကပြောလာတာတုန်းး)

အချစ်က လူနဲ့တည့်တယ် မမရေ့ များများစားပေးပါ ။

ကိုရင်နော်ခင်လေးငယ် said...

မမရယ်...

ချိုသာ နူးညံ့လိုက်တာ
ခင်လေးတောင် လိုက်မမှီအောင် ချစ်သူအပေါ်
နူးညံ့လွန်းနေတယ်နော်..
မမ ပျော်ရွှင်ပါစေ..

ချစ်တဲ့...
ခင်လေး

boyz said...

ဒန်..ဒန့် ..ဒန်...
သြ..
ချစ်ခြင်းအစ.. တံခါးနောက်ကကိုး...
မမဂျီးရည်းစားက မာလီလာဟင်..တံခါးနားမှာဘာလုပ်နေတာလဲ..

PS: မတိလို့ မေးတာ. ချိတ်ချိုးနဲ့ နော်..တာတာ့