Sunday, April 12, 2009

နှစ်သစ် ဆုတောင်း

နှစ်သစ် ဆုတောင်း

နှစ်သစ်ကူးမှာ..
ရွှင်မြူးပါစေ...
ဆုမွန်ချွေတောင်း...
..
ကံကောင်းသောနှစ်..
အသစ်ဖြစ်စေ...
အတာရေချမ်း နှလုံးလန်းစေ
ပိတောက်ရနံ့ ရင်လုံး နှံ့စေ
လိုရာဆန္ဒ ပြည့်ပါစေ.။


မမသီရိ


(ဒီပို့စ်လေး ကို schedule လုပ်ပြီး တင်ထားတာပါ..ကျမ ခရီးဝေး ရောက်နေပေမဲ့.. ဘလော့ထဲက မိတ်ဆွေ အားလုံးကို သတိရလွမ်းဆွတ်နေပါမယ်..။ ဒီကဗျာလေးက ၂၀၀၉ ခရစ် နှစ်သစ်ကူး မှာ ချစ်ခင်ရသူ တယောက် အတွက်လက်ဆောင် ပေးထားခဲ့ တဲ့ကဗျာလေးပါ.. ခုတော့သူ့ဆီခွင့်တောင်း. မြန်မာနှစ်သစ်ကူးနဲ့ ညီအောင် အသစ်နဲနဲ ပြင်ရေးပြီးတော့ဘလော့မိတ်ဆွေအားလုံးအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်.. မိတ်ဆွေ သူငယ်ချင်း တွေ အားလုံး. မြန်မာ နှစ်သစ်ကူးမှာ .ရွှင်လန်းချမ်းမြေ့ပါစေ)

ပြီးတော့.. နောက်ရေးဖြစ်ခဲ့တဲ့ ကဗျာ တချို့ လဲ ပဲ schedule လုပ်ပြီး တင်ခဲ့ပါတယ်..
ကျမ မရှိလို့ဧည့်ဝတ်ကျေနိုင်မှာ မဟုတ်ပေမဲ့..
မမသီရိ ကိုမေ့မသွားကြအောင်လို့လူလည် ကျတာပါ...း) . ကျမ မရှိပေမဲ့ ကျမရဲ့ ကဗျာလေးတွေက မိတ်ဆွေတွေ ကို.. နွေးထွေး မှုတွေ ပေးနိုင်စေဘို့.. ဆန္ဒ ပြုလိုက်ပါတယ်..
မေလဆန်းမှ ပြန်ဆုံကြစို့နော

အားလုံးကို ချစ်ခင်လေးစားတဲ့ .. မမသီရိ ... 10.4.2009 7:14 pm

10 comments:

yehtutnaung said...

အမရေ ကဗျာလေးနဲ့ အတူ အားလုံး ထပ်တူထပ်မျှပါဗျာ။

ကောင်းကင်ပြာ said...

မမ ခရီးသွားတာ ပြောမသွားဘူး၊ မမ လာမလည်လို့ စိတ်မကောင်းတွေ ဖြစ်နေတာ၊ မမ လဲ နှစ်သစ်မှာပျော်ပါစေ၊ ရေလာလောင်းသွားတယ်နော်၊

လင်းဒီပ said...

အားလုံး အေးချမ်း ပျော်ရွှင် ကြည်လင် လင်းပ နှစ်သစ်အခါသမယပါဗျာ..။

သီဟသစ် said...

မမသီရီရေ

ကျွန်တော်တို့ ဘလော့ ညီအစ်ကို မောင်နှမ အားလုံးအတွက်ရော..

ကျန်တဲ့သူအားလုံးအတွက်ပါ ဒီဆုတောင်းလေးပြည့်ပါစေလို့ ...

ကိုလူထွေး said...

အကောင်းတွေရေးထားတာတွေ့ လို့  အရောက်လာခဲ့ပါတယ်.. ဒီရောက်တော့ အိမ်ရှင်ကမရှိဘူး...

Happy New Year လို့ ပြောရင် မှီသေးတယ် မဟုတ်လား...

ဆောင်းယွန်းလ said...

ကံကောင်းသောနှစ်..
အသစ်ဖြစ်စေ....

ကဗျာလေးထဲကလို အေးမြပါစေလို့ ဝိုင်းဝန်းဆုတောင်းကြရမှာပေါ့ မသီရိရေ

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေ

Welcome said...

မမသီရိလည်း
နှစ်သစ်မှာ
လိုရာဆန္ဒပြည့်ဝပါစေ ..

စိတ်၏ချမ်းသာခြင်း။
ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။

မီယာ said...

မမရေ မလွမ်းရတဲ့ နှစ်ဖြစ်ပါစေ... :)
ခရီးသွားတာတောင် စိတ်မဖြောင့်ဘဲ ဖတ်ဖို့စာတွေ ထားခဲ့ပေးတာ ကျေးဇူးပါ။

မေ့သမီး said...

မမ ခရီးသွားနေတာပေါ့။ နှစ်သစ်မှာပျော်ရွှင်ပါစေ။

Anonymous said...

မမ လည်း နှစ်သစ်မှာ ပျော်ရွှင်ပါစေ ။