Wednesday, September 10, 2008

နေတတ်သလို

ပျော်စရာ...
တွေ့လာရင်ပျော်လိုက်...
ရင်ထဲခိုက်အောင် မဟုတ်ပါ...

ငိုစရာ...
တွေ့လာရင် ငိုလိုက်...
ရင်ထဲခိုက်အောင် မဟုတ်ပါ...

နေ့...
ည...
ရာသီ...

သံသရာ ဒီစက်ဝန်းမှာ...
နေရတာ ဘာမဟုတ်...

ခဏတာ အလည်ရောက်ကြတာမို့...
အခြေအနေ... ၀န်းကျင်တွေ အားလုံး...
ပြေပြစ်အောင်အသုံးချလို့....

လာလမ်းကို ပြန်ချိန် ကျရင်...
ဝေဒနာ ရင်မှာ ပါမသွားစေဘို့...

မင်း..............
ပျော်ချင်ရင်ပျော်လိုက်...
ရဲရဲပဲပျော်....
ငိုချင်ရင်ငိုလိုက်...
ရဲရဲပဲငို...

မင်း.............
နောင်တဆိုတာ... မရတာသေချာရင်...
မင်းဖြစ်ချင်တာ ဘာမဆို... ခု... ဖြစ်ခွင့်ရှိတယ်.....



(မမသီရိ) ၁၀.၉.၂၀၀၈



တစ်ကယ်တော့ ဒီကဗျာလေး ကို လွန်ခဲ့တဲ့ နှစ်အတော်တော်ကြာကြာ တည်းက ရေးဖြစ်ခဲ့တာပါ
ဒီနေ့ ဘလော့ဂ်လေး တစ်ခု ဆောက်တော့ ဘာရေးရမလဲ စဉ်းစားတုန်း ခေါင်းထဲမှာ ပြန်ပေါ်လာတာနဲ့
နည်းနည်းပါးပါး ပြင်ပြီး ဝေမျှလိုက်တာပါ။



အားလုံးကို ပျော်စေချင်ပါတယ်။

1 comment:

ချစ်စံအိမ် 2028 said...

နောင်တဆိုတာ... မရတာသေချာရင်...
မင်းဖြစ်ချင်တာ ဘာမဆို... ခု... ဖြစ်ခွင့်ရှိတယ်.....

သိပ်ကိုနှစ်သက်မိပါတယ် မမ

~ Kk ~