Thursday, November 13, 2008

ရွှေကျီး ငယ်ငယ်


မေ့ဧည့်သည်..လာလေနိုး

မျှော်ကိုးလို့..လွမ်းယောင်ယောင်

ခန်းဆောင်ပေါ် သစ်ညိုရိပ်က

ဧည့်နိမိတ်ပုံဆောင်..

...

မျှော်တော်ရောင် လွမ်းသူလေးကို..

ဖေးကူလို့ ပျော်စေအောင်..

ရွှေကျီးမောင်..အသံပေး.

လာလုငေး..မလေး..မောင်..

......

..လွမ်းရက်တာ ကြာသော်လည်း...

ပေါ်မလာ မျှော်ရှာမော လို့.

လာတဲ့ခါ လာပါလိမ့်မယ်..

မျှော်မိသူ နေမထိအောင်..

ဗေဒင်စာ မအာ စမ်းပါနဲ့..

ရွှေကျီး ငယ်ငယ်......။


မမသီရိ (၁၂.၁၁.၂၀၀၈)


1 comment:

နေကြီး said...

မမသီရိ

ပုံက ရွှေကျီး ငယ်ငယ် မဟုတ်ဘဲ အမြီးနှစ်ခွနဲ့ ငှက်တော် ဖြစ်နေတယ်။