Thursday, November 20, 2008

သံသယ တမ်းခြင်း


တဖျောက်ဖျောက်နဲ့

အိမ်အမိုးထက်. ဆော့လျက်သက်ဆင်း

နှင်းပွင့်ခြေသံ နာခံနေရင်း

ဆုံခဲ့ တဲ့ အကြောင်းပြန်ပြောင်း စဉ်းစား

လွမ်း သင့်သလား လို့လေ.....။


တချက်ချက်နဲ့..

နာရီလက်တံ.. သန်းခေါင်ယံကို..

စည်းချက်မှန်မှန်...ဖြတ်ဆန်ကျော်သွား

...

အိပ်မပျော်ပဲ အတွေးထဲမှာ

အိပ်ပျော်နေလဲ.အိပ်မက်ထဲမှာ

...

အကြင်နာ ထဲ အရောင်တွေ ကဲ သလား

ရက်စက်မညှာ ချွေကာသွားမလား

အပျော်သဘောလား

ရိုးရိုး လားလေ..

သံသယတွေ ရင်မှောဝေဆဲ....။


ကံကြမ္မာရယ်..ဘယ်လိုကြောင့်များ

ရေစက်ကယ် ကြုံ ဆုံစေခဲ့လဲ..

ငြိုး အတေးများ ရေး မှတ်ထားသလား..

ရင်မဆန့်အောင် ပိတ်လှောင် အလွမ်း

နွမ်းလျ မပြေ ဆယ်နေ ပူကဲ

ခံစားချက်များ နှလုံးသားထဲ..

တင်းကျပ် မွန်းလျက်ပါပဲ လေ....။ ...။


မမသီရိ

1 comment:

Phyo Maw said...

အိပ်မပျော်ပဲ အတွေးထဲမှာ

အိပ်ပျော်နေလဲ.အိပ်မက်ထဲမှာ

ဒီလိုဖြစ်နေမှတော့ လွမ်း သင့်သလားလို့လေ ဆိုရင် လွမ်းသင့်တယ်လေ လို့ မဆိုင်ပဲ ၀င်ပြောသွား၏ :D