မေ့ဧည့်သည်..လာလေနိုး
မျှော်ကိုးလို့..လွမ်းယောင်ယောင်
ခန်းဆောင်ပေါ် သစ်ညိုရိပ်က
ဧည့်နိမိတ်ပုံဆောင်..
...
မျှော်တော်ရောင် လွမ်းသူလေးကို..
ဖေးကူလို့ ပျော်စေအောင်..
ရွှေကျီးမောင်..အသံပေး.
လာလုငေး..မလေး..မောင်..
......
..လွမ်းရက်တာ ကြာသော်လည်း...
ပေါ်မလာ မျှော်ရှာမော လို့.
လာတဲ့ခါ လာပါလိမ့်မယ်..
မျှော်မိသူ နေမထိအောင်..
ဗေဒင်စာ မအာ စမ်းပါနဲ့..
ရွှေကျီး ငယ်ငယ်......။
မမသီရိ (၁၂.၁၁.၂၀၀၈)
1 comment:
မမသီရိ
ပုံက ရွှေကျီး ငယ်ငယ် မဟုတ်ဘဲ အမြီးနှစ်ခွနဲ့ ငှက်တော် ဖြစ်နေတယ်။
Post a Comment