Friday, October 10, 2008

ကြေကွဲနေတဲ့ ည

တိတ်ဆိတ်စွာ
ကြေကွဲ
ပိန်းပိတ်နေတဲ့ အမှောင်အောက်
ဆွေးဆွေး မြေ့မြေ့
ငြီးငြူနေတဲ့
ပုစဉ်း ရင်ကွဲ ရဲ့
နာကျင် မှု ကြားမှာ
ပန်းတစ်ပွင့်ရဲ့
ငိုရှိုက်သံဟာ
တိုးတိမ် ဖျော့တော့နေခဲ့...။
တစ်ကယ်တော့
ညဟာ
တပ်မက်ခြင်းထက် ပိုတဲ့
မြတ်နိုးခြင်းတွေနဲ့
မွတ်သိပ်မှုထက် ပိုတဲ့
တွယ်တာခြင်းတွေနဲ့
ဇီဝ လိုအပ်ချက်ထက် ပိုတဲ့
နားလည်မှုတွေ နဲ့
ချစ်ခြင်း မေတ္တာ တရားတွေ နဲ့....
ကြည်နူးစရာ..
ရင်ခုန်စရာ
တမ်းတ အမှတ်ရစရာ..
ကောင်းနေခဲ့ရမှာ...
ခုတော့ဖြင့်
လိပ်ပြာရိုင်းနဲ့ လေပွေ ကြောင့်
ပွင့်ဖတ်လေး တစ်ခု
ဖျတ် ကနဲ ကြွေ
မျက်ရည်တစ်စက်
လွင့်.......ကနဲ.............ကြွေ.........။
ည ကတော့..
ကြေကွဲမှုတွေနဲ့
.....
တိတ်ဆိတ်နေဆဲ...............။

မမသီရိ (၁၀.၁၀.၀၈)

No comments: