Tuesday, October 07, 2008

နှစ်ယောက်အတူ


....ကြိုးမညီတဲ့ ဂစ်တာလို..

သံစဉ်တွေ...

ကကျိုး ကကြောင်နဲ့..

အရာ ရာ အလိုမကျ...

လိုချင်တာတွေ .. မရ လို့...

စိတ်ပျက်တာလား...


အခက်တွေ့ပေမဲ့..

လက်မလျှော့နဲ့ ကွဲ့..

ယောကျာင်္းတံခွန် ..လူရည်ချွန်..

မိုးစွန် တမွတ် ကြယ်ကို ဆွတ်မယ်လို့...

ကြိမ်းဝါးလိုက်စမ်း..


မင်းလိုအပ်သမျှ..

မင်းဆန္ဒတွေ..

အသက်ရှိသရွေ ....

ဖြစ်နိုင်မဲ့..နေ့တွေ ချည်းပဲပေါ့..


မမေ့နဲ့လေ..

အနားနား..

အားပေးဖေါ် ပါနေခဲ့..


ရောက်ချင်တဲ့နေရာ..

အတူလှော်ကြစို့လား...

အလျားလိုက် ဖြစ်စရာမလို..

ရေဆန်ဆိုလဲ...

ရင်ဆိုင်ရဲကြမယ်လေ....


ဟိုး.....ရှေ့မှာ..

အရိပ်လေး..ရှိနေတယ်..

နှစ်ယောက်အတူ..

ချွေးသိပ်ကြစို့..............။





မမသီရိ

No comments: