Monday, April 09, 2018

ပျော်ရွှင်ခြင်း

ငါ ခဏခဏ ၀ပ်စင်းကျ သွားခဲ့ဖူးတဲ့
သူ့ ပုံပြင်တွေ

၁။ အချစ်ဆုံးက မင်း
၂။ လမင်း ကို ချောင်ထိုး လိုက်
၃။ နှင်းဆီ တွေ အာခံလိုက်
၎။ မိုးတိမ်တွေ အမှုန့်ကြိတ်လိုက်
၅။ ကြယ်စင်တွေ ပိုးသတ်လိုက်

၆။ စိန်တွေ စီထားတဲ့ ရင်ထိုးကလေး က ကျမဆိုပဲ

မင်းပန်းချီတွေ ငါ ဆွဲ မယ် လို့ ပြောတာ ဘယ်သူလဲ
ငါ့ကဗျာ တွေ တစ်ခါမှ မဖတ်ဖူးတာ ဘယ်သူလဲ
ငါ့လက်မောင်းက ဒဏ်ရာဟာ ဘယ်သူ့ကြောင့်လဲ
ငါ့ ရင်ထဲ က အမာရွတ်တွေ ဘယ်သူ့ကြောင့်လဲ

အေး
ကောင်းပြီ
ရေစက်ဆိုတာ
တွေ့ချိန်တန်တွေ့ကြပြီး
ဝေးချိန်တန် ဝေးကြတာမျိုး ပဲ
ရူးချိန်တန်တုန်းက ရူးလို့ရသလောက်ရူးခဲ့တယ်
ပေးလို့ရသလောက် ပေးခဲ့တယ်
လွှတ်ချလိုက်တုန်းက သေအောင်နာကျင်မလား တွေးကြောက်နေသေး
(ရယ်ဖွယ်) ထပ်ရူး  ပုံ
ခုနေများမယ်..
ငါ .. သေသေချာချာ ကြီး ကိုပျော်ရွှင် ရှင်သန်နေပါတယ်။


မမသီရိ
၉.၄.၂၀၁၈



No comments: