မနက်ခင်းဟာ
မနက်ခင်းမဟုတ်တော့တာ
ဘယ်လောက်ကြာခဲ့ပြီလဲ စက္ကန့်တွေ...
ညဟာလဲ
ညမဖြစ်တော့တဲ့
အမှောင် သက်သက် နာရီများ....
ခိုကလေးတွေ ညည်းသံ ဟာ
တစိမ့်စိမ့်ကြေကွဲတေး
သောက်တော်ရေအေး
ကပ်ရင်းနဲ့တောင် အဆွေးကမပြေ....
လေပြေ နဲ့
ရှူရှိက်သွင်းလိုက်တဲ့
အသက်ထဲ
မင်း အခိုးအငွေ့ကလေးပါခဲ့ဖို့
အကြိမ်ကြိမ် ငါဆုတာင်း
တမင် မသိမ်းပဲ ထားတဲ့
မင်းအိပ်ယာကလေး အိပ်သူမဲ့
ထာဝရ ခွဲခွာ လို့
ခရီးဝေး သွားနှင့်ခဲ့ ... သူ
ငါ့ ညတွေဟာ
တွန့်ခေါက်ကြေကွဲ ဆင်းရဲခြင်း
ငါ့နံနက်ခင်းဟာ
အရာရာ ကဘောက်တိ ကဘောက်ချာ
သေချာတစ်ခု ထဲ ရှိရဲ့
အဲဒါ ငါ့ရဲ့ လွမ်းချင်း မင်းဆီကို....။
မမသီရိ
၃၀ ဧပြီ ၂၀၁၇
အစ်မဖွေးဖွေးကျော် အတွက်
လွမ်းခွင့်ရှိသလောက် လွမ်းလိုက်ပါ အစ်မဖွေး
No comments:
Post a Comment