Tuesday, January 31, 2017

င်္Fear is Freedom

ရှဉ့်လည်း လျှောက်သာဖို့

ပျားလည်းစွဲသာဖို့
အေးချမ်းတဲ့ အိပ်မက်မျိုး ကိုပုံဖေါ်လို့
ငါတို့တွေ
ရေလောင်းရင်း ပေါင်းသင်ရင်း
ကျ လိုက်တဲ့ သွေးတွေ သွေးတွေ
လောင်လိုက်တဲ့ မီးတွေမီးတွေ

Freedom from Fear ဟာ
ငါတို့ရဲ့ ကျမ်းစာအုပ်
အရည်ကျိုသောက်ရင်း သောက်ရင်း
ထောင်နှုတ်ခမ်း လဲ ငါတို့ပျော်ရွှင်ရွှင် ယောင်ကြတယ်
ထောင်ဗူးဝ လဲ ငါတို့ ပျော်ပျော်ရွှင်ရွှင် ဝင်ကြတယ်
ငါတို့ လက်မောင်း မှာ ငါတို့ရင်ဘတ်မှာ
Freedom from Fear တက်တူးနဲ့
ကမ္ဘာလုံး ကြီး တစ်ခုလုံးက သောင်းသောင်းဖျဖျ
စားကြ သုံးကြ 
Freedom from Fear ဟာ ကမ္ဘာကြီးအတွက်
ဆေးကောင်းတစ်လက် ......................
ရှဉ့်လည်း လျှောက်သာဖို့
ပျားလည်းစွဲသာဖို့
အေးချမ်းတဲ့ အိပ်မက်မျိုး ကိုပုံဖေါ်လို့
ငါတို့တွေ
ရေလောင်းရင်း ပေါင်းသင်ရင်း ငါတို့ မျက်ဝန်းထဲတွေထဲ
......................
ရှဉ့်လည်း လျှောက်သာဖို့
ပျားလည်းစွဲသာဖို့
အေးချမ်းတဲ့ အိပ်မက်မျိုး ကိုပုံဖေါ်လို့


ငါတို့တွေ ရေလောင်းရင်း ပေါင်းသင်ရင်း ငါတို့ မျက်ဝန်းထဲတွေထဲ
မျှော်လင့်ခြင်းတွေ သာချန်ခဲ့ပြီး 
တက်တူး အရောင်ရင့်ရင့်သာ 
ငါတို့ ကိုယ်ပေါ်မှာ ကျန်နေခဲ့ပြီးတော့

Freedom from Fear ဟာ စမ်းချောင်းလေးဆီ အလည် ထွက်သွားခဲ့တယ်

အဆုံးစွန်သော နားလည်မှုတွေ နဲ့
မနက်ဖြန် ပြန်လာနိုး
နောက်တစ်နေ့ ပြန်လာနိုး
ပြာ ပုံတွေ ကြားက ငါတို့မျှော်ကြတယ်
သွေးစက်တွေ ကြားက ငါတို့ မျှော်ကြတယ်

သေ နတ်သံ ...

အေးအေး လူလူ ပါ ပဲ
အသာကလေး နောက်နားက တေ့ ဖြုတ် ယုံ ကလေးရယ်
နောက်ထပ် သွေးချင်းချင်း နီရဲ ဦးခေါင်း ဟာ  ငြိမ်းအေးရာ ဘုံကို တံခါးဖွင့်ပေးလိုက် တယ် မူကြိုကျောင်းသား ကလေးက မြေပေါ် လွင့်စင်ကျသွားတယ် ငါတို့ ဦးခေါင်းတွေ ကိုယ်စီ အဆင်သင့်ပြင်ရင်း ကမ္ဘာမကျေဘူး သီချင်းတွေ သံပြိုင် သီဆိုရင်း ငါတို့ ကတော့ အဆုံးစွန်သော နားလည်မှုတွေနဲ့ စမ်းချောင်းလေး ဆီ အလည်ထွက် သွား တဲ့ Freedom from Fear ကို မျှော်ဆဲ ရယ်။ မမသီရိ ၃၁ ဇန်နဝါရီ ၂၀၁၇


No comments: