Sunday, September 27, 2015

ထီး တစ်ချောင်း

သောကနဲ ပဲ
သွန်ချလိုက်သလို
အဲဒီ မိုးစက် ၀၀တုတ်တုတ် တွေ ပ
နှောင်း ပါပြီ ဆိုမှ အားပါးတရ
တလောကလုံး မှောင်အတိကျ..

နာကျင် ခြင်းဆိုတာ ခြုံခို တိုက်ခိုက်တတ်သလား
တဖျောင်းဖျောင်း လောင်းချ တဲ့ မိုးသံ တွေကြား

မှိတ်ထားတဲ့ မျက်ဝန်းထဲ အတင်းပဲ ၀င်လာ 
ခရမ်းရောင် အတိတ်နဲ့ အစိမ်းရောင် အိပ်ယာ
ရမက်အတိ ချစ်ခြင်းအကြည့် မျက်ဝန်းနှစ်လွှာ 

ဒီတက္ကစီ အမိုး နိမ့်နိမ့်ကလေးက အမှား
အမုန်း ရယ် အလွမ်း ရယ် ရုတ်တရာက် ပြည်လျှံသွား
ကျင်ကနဲ စစ်ကနဲ စူးရှတဲ့ နာကျည်းမှုများ
အသက်ရှုတောင်မ၀တော့တဲ့ထိ တအား


ခုတလော..
စတုတ္ထ တစ်လက် အဖြစ် ပျောက်ဆုံး သွားတဲ့ ထီး တစ်ချောင်း ဟာ
ပိုင်ရှင်မဲ့စွာ..
တိတ်ဆိတ်စွာ ..
မိုးသဲသဲအောက် က တက္ကစီ တစ်စီးပေါ် မှာ ..
အဲ      ဒီ      ည     က      ပေါ့...... ။


ည ၂၂ စက်တင်ဘာ ၂၀၁၅။



မမသီရိ
၂၃ စက်တင်ဘာ ၂၀၁၅



1 comment:

သက်ဝေ said...

အဲ ဒီ ည က ပေါ့...... <3