Wednesday, November 18, 2015

အကြောင်းတစ်စုံတရာ

ဘာလို့ ဖုန်းမဆက်တာလဲ
...
မင်းကိုသတိရလို့ပါ
...
ဘာလို့မက်ဆေ့မပို့တာလဲ
...
မင်းကိုသတိရလို့ပါ
...
ဘာလို့ မေးလ် မပို့တာလဲ
...
မင်းကိုသတိရလို့ပါ
...
ခရမ်းရောင်အနားသတ်နဲ့ကောင်းကင်ဟာ
ရထားသံလမ်းနှစ်ချောင်းကိုပင့်ထူလို့
ပန်း သုံးပွင့်သာရှိတဲ့ ပန်းခြံမှာ
တိုက်စရာလေကတစ်ဖက်တည်းက
ပဉ္စလက်ဆန်တဲ့အတူရှိခြင်းဟာ
ယူဇနာကုဋေကုဋာ ကိုဦးတည်ဝေး
မင်းအကြောင်းနဲ့မင်းကို
ငါ့အကြောင်းနဲ့ငါ တိတ်တိတ်ကလေးသာ ....။

မမသီရိ
၁၈ နိုဝင်ဘာ ၂၀၁၅

No comments: