အိပ်ယာအခင်းဖြူလွလွပေါ်မှာ
ငြိမ်သက်စွာလဲလျောင်း
ဖြူလျော်အားလျှော့ ဖျော့တော့သောမျက်ဝန်းများ ..
အနောက်ဖက်နားဆီက မြက်ရိုင်းတောမှာ
ပိုးကောင်တွေ စီစီ ညံ ဟိုပျံ ဒီလွှား မရပ်မနား
တစ်ခြမ်းသာ ပ နိုင်တော့တဲ့ ဆုတ် သော လ
သူပေးသမျှ အလင်းရောင်မှာ နာကျင်မှုတွေ နဲ့ နက်မှောင်လို့
ကောင်းကင်က ကျယ်ပြောလွန်းလှတယ်
ဖျောက်ဆိပ်ကြယ်တွေ ခိုးခိုး တောက်ပ အဲဒီ ညမှာ
စီရင်ချက်ကျခဲ့ပြီ လို့ ထင်နေတဲ့ ကဗျာဆရာဟာ
ဆောက်တည်ရာမဲ့
သူ့ချစ်ခြင်း နဲ့ အကောင်းအတိုင်းဖြစ်လိုခြင်းသာ သိ
မျက်ရည်ပြည့်လျှံ
ကွဲ အက် ပဲ့တင်သံ တွေ .. ဝေးဝေးက အမြန်လမ်းပေါ် ပြေးလွှား ..
သက်သာလိုသက်သာငြား...
ကဗျာဆရာဟာ.. သူ့ ရင် ကို ဆွဲ ဖွင့် ..
စူးစူးနင့်နင့် ဟစ်ကြွေး.. (သူ့မိဖုရားအတွက်) သူ ရေးသီ ဖူးသော ကဗျာများ..
တစ်လုံးချင်း..
တစ်ကြောင်းချင်း.
တစ်ပိုဒ်ချင်း..
တစ်ပုဒ် ချင်း..
ပြီးတော့ .
တစ်လုံးချင်း..
တစ်လုံးချင်း...
တစ်လုံးချင်း..
လ မင်း.. လိုက် ငို...
ကြယ်စင်တွေ ငို .
ပိုးကောင်လေးတွေ ငို..
မြက်ရိုင်းတွေ ငို..
ညဥ့်နက်နက် ထဲ ညဥ့်ငှက်တွေ ငို..
ပုစဉ်းရင်ကွဲတွေ ငို...
နံရံပေါ် က ပန်းချီကား လဲ ငို..
အညို နုနု ခန်းဆီးတွေ ငို..
တောင်တန်းနိမ့်နိမ့် လေးတွေ ငို..
ရောင်စုံ စက္ကူပန်းတွေ ငို..
လေနုအေးအေး လေး လဲ ငို..
နောက်ဆုံး ...
ကဗျာဆရာ ရဲ့ မိဖုရား ဟာ...
မျက် လွှာ အသာ ပွင့်... ကဗျာဆရာ့ ချစ်ခြင်း ဖြင့်.
အသစ် ရှင်သန်ထမြောက် လာ..
ဖြည်း ..
ဖြည်း ..
ညင် ..
ညင် ..
သာ..
ကဗျာဆရာ့ နှုတ်ခမ်း အပေါ် မှာ
အနမ်း ပွင့်တွေ ကြွေကျ
ကုန်စင်အောင် သွန်မှောက် ချ လိုက်တော့တယ်... ။
မမသီရိ
၆.၃.၂၀၁၄
(ကဗျာဆရာ နဲ့ သူ့ရဲ့ မိဖုရား - ၂၁ ဖေဖေါ်ဝါရီ ၂၀၁၄ အတွက်)

1 comment:
ကဗျာဆရာ ရဲ့ မိဖုရား ဟာ... မျက် လွှာ အသာ ပွင့်... ကဗျာဆရာ့ ချစ်ခြင်း ဖြင့်. အသစ် ရှင်သန်ထမြောက် လာ..
ကဗျာကောင်းလေးမို့ ကြိုက်မိတယ်။
Post a Comment