Monday, December 16, 2013

နောက်ကျနေတဲ့ ကျမ ဧည့်သည်

ရုတ်တရက်ကြီး အငိုက်ဖမ်း ရောက်လာလိမ့်မယ်လို့
ဘယ်သူတွေ က တခုတ်တရ ထင်ခဲ့မှာလဲ..

ကြည့်အုံး ..
ဒီနေ့ မနက်.. 
ကျမရှေ့ မှာ ဆိုက်ဆိုက် မြိုက်မြိုက်ကြီး..
ကျမ မယ်လေ.. ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ.
အပြုံးနဲ့ ကြိုရ ကောင်းနိုးနိုး..
အမုန်းနဲ့ ကြိုရကောင်း နိုးနိုး.. 
ကြာ လိုက်တာ လို့ .. ခြေဆောင့် စိတ်တိုပြလိုက်ရ ကောင်းနိုးနိုး..
ကျမ လွမ်းခဲ့ရတာ ဘယ်လောက် ရှိပလဲ ..ဆိုးတယ်... 



အဲဒီလမ်းကလေးပေါ်မှာ .. ခရေဖူး တွေ ....
သူ့အဖေါ် ကြောင့် ကြွေ ကြွေ ကျ...
ဒေလီယာတွေ က ခေါင်းမော့ လည်ခါခါ ..
မဟာဆန်သူသဇင်တွေ ကျ အိနြေ္ဒ ကြိတ်ပြုံးကလေး နဲ့
ကျမ ထက်တောင် သူတို့ရင်ခုန်ကြသလား..
လည်စီးအရောင်လှလှ ကလေးတွေ ရေ..
ကျမလည်တိုင် ဟီးလေးခိုလှည့်အုံး ..
ပုန်းရာက ပြန်ထွက်ခဲ့ ကြကွဲ့ ..
အဖြူရောင်ဆွယ်တာကလေး .. တင်းတင်း ဆွဲ စေ့လိုက်ပြီ..
ကျမ ချစ်သော ဆောင်း ပေါ့.. ကျမ ဆီ ကို .. တိုးဝင်ထွေးပွေ့ ခေါင်းဝှေ့ ကျီစယ်နေတာ ကို....။


မမသီရိ
၁၆ ဒီဇင်ဘာ ၂၀၁၃

1 comment:

သိ င်္ဂါ ရ said...

ဒီဇင်ဘာ က အရောက်နောက်ကျတယ် ။

သို့ပေမယ့် ... အခုတော့ ...

ဒါဟာ ဒီဇင်ဘာ ကာလ ဖြစ်ကြောင်း

အလွမ်း နဲ့ ရော ၊ အချမ်း နဲ့ ပါ ရောပြွမ်းပြီး ...

သက်သေပြနေလေရဲ့ ... :)