Tuesday, July 30, 2013

ဖေဖေ ပြန်မလာ တဲ့ .. ည.များ နဲ့.. နံနက်ခင်းများ ထဲ က ငါတို့ကျောင်း

နေခြည်မှာ ရွှေရည်မလောင်းနိုင်တော့တဲ့ သူတို့ ကျောင်းကလေးတွေ..

xxxxxxxxxxxxxxxxxx

ကျနော့ ရဲ့ကျောင်းက .. အမိုးတွေ မရှိတော့ဘူး
အကာ တွေ လဲ မရှိတော့ဘူး..
အခင်း ကလဲ .. မရှိတော့ဘူး....
စာသင်ခုံတွေလဲ မရှိတော့ဘူး ... 

ဆရာမ လဲ မရှိဘူး..
ဆရာ လဲ မလာတော့ ဘူး...

ကျနော်တို့ သေနတ်ကျည်ဖူး တွေ နဲ့ သာ ကစားတယ်..
ကျနော့် ကို သေနတ်တစ်လက်ဝယ်ပေးပါ မေမေ..
ဖေဖေ ပြန်လာ အောင် သား လိုက် သွား မလို့..

ဖေဖေ က ဘာကို တိုက်တာလဲ မေမေ
ဘယ်သူ က ဖေဖေ့ ကို တိုက်စေ သလဲ. ..
သား ထမင်း ၀၀ မစား ရတာ ဘယ်လောက်ကြာခဲ့ ပါလိမ့် ..
သား လွယ် အိတ် က .. မီးလောင်သွား တဲ့ သားတို့ အိမ်ထဲမှာ ကျန်ခဲ့တယ်..
ဝ ..လုံး လေးတွေ .. သား တကယ် လွမ်း ပါတယ် မေမေ
ဖေဖေ့ ကိုလွမ်း တယ်.. ၀ ..လုံးလေးတွေ လဲ လွမ်းတယ်..

အကယ်လို့ များ ဖေဖေ ပြန်လာရင်..
ဝ လုံးတောင် မရေးတတ်သေးတဲ့ သား ကို..  ဖေဖေ က ဆူမှာလား မေမေ ..
မေမေ ငို တာ သား လို မျိုး ဗိုက်ဆာ လို့ လား...
ဒါမှ မဟုတ်.. ဖေဖေ့ ကို လွမ်း လို့ လား...
ဒါ မှ မဟုတ်.. မေမေ ရေ ခပ်သွား တုန်း..
မေမေ့ လက် လိုက် ဆွဲ တဲ့ ဟို အရက်မူး ဦးလးကြီး ကြောင့်လား..

မိုး တွေ က ရော.. ဘာလို့ ဒီလောက် သဲတာ လဲ မေမေ
သား တို့ တဲ လေး.. အရည်ပျော် ကျ ပေါ့..
သားတို့ အတွက် ထင်း လဲ လိုတယ်.. သား ချမ်း နေပြီ မေမေ 
ဖေဖေ့ ကို ဘယ်သူ က ပြန်ခေါ် ပေးမှာ လဲ..
သား တို့ ကျောင်း ဘယ် သူ ဆောက်ပေးမလဲ...
အရက်မူး တဲ့ ဦးလေးကြီး .. ည ည မ လာရအောင်.. ဘယ်သူ တားပေးမလဲ..
သား ချမ်းတယ် မေမေ.. သား ကို ဖက်ထား ပါ....။


မမသီရိ
၃၀ ဇူလိုင် ၂၀၁၃


Wednesday, July 24, 2013

ည ပန်းချီ


(၁)
ခရီးဝေး ဘတ်စ်ကား ပေါ်က ဆင်းလာတဲ့  ကျောပိုးအိတ် အပြာ ရောင်ဟာ
အခန်းကျဉ်း အိပ်ယာ ဘေး မှာ လဲ လျောင်း ငြိမ်သက်..
အသက်ရှုသံ ပြင်းပြင်း တွေ အောက်မှာ .. တယ်လီဖုန်း ဟန်းဆက် က ပိတ် ကျသွား တယ်...
ဒီနေ့ ပြန်လာမယ် ဆို တာ သိပြီးသား..
ကြို နေသူ ရဲ့ .. ရာနှုန်းပြည့် သေချာမှု ..
ဒီရင်ခွင် ကို သူမ သာ ပိုင်တယ်.. ဘယ်သူ ဘာပြော မလဲ..
အိမ်ရှေ့ က ဈေး ဆိုင်လေး စောစော သိမ်း တယ်.. ၀ယ်သူ တွေ မလာ ကြနဲ့ ..
သူ့ အိတ်ကပ်ထဲ က .. သူမ အတွက် သိမ်းထား တဲ့ စာမူ ခ ..
တယု တယ သူမ .. သိမ်း ယူ ...
နဲနဲ များများ .. ပိုင်ဆိုင်ခြင်း အစစ်အမှန်ဟာ ဒါ ပဲ ဖြစ်တယ်..


(၂)
ည ဟာ .. ဘာ ကိုမှ မမှု သလိုမျိုး
အမှောင် ကို တစ်ပါတည်း သယ်ဆောင် ရင်း
လိမ့် လာလိုက်တာ ဆို..
သူ့ တစ်ကိုယ် လုံး အဆူး တွေ တစ်ရှရှ တစ်ထောင်ထောင်
တောရိပ်ညိုညိုတွေ ဟစ်အော် တားတာတောင် ဂရု မမူ ခဲ့ ..
တစ်စိုက် စိုက် တစ်မတ်မတ် ပါပဲ
ရင် ကို အစိမ်းလိုက်  ဖြတ်ဖေါက် ထွက် သွား ပုံ...
သူ့ ဆူးတွေ သီမိသွား တဲ့ နှလုံးသား တစ်စုံ ဟာ 
မြစ် ကမ်း နံဘေး ကွေ့ကွေ့မှာ သွေး ချင်းချင်း နီ ရဲ လို့ ..
မိုက်တိ မိုက်ကန်း ည..  လေ အဟုန်မှာ..
အတွင်းခံ ဘယာကြိုး လျှော့ခံရတဲ့ မိန်းမ တစ်ယာက် ရဲ့
ကြည်နူး ငြီးငြူ သံ သဲ့သဲ့ လှိုက်လှိုက်မောမော ဟာ ဝေ့ဝေ့ ဝဲဝဲ လွင့်မျောပါ လာ...


(၃)
တချို့တစ်လေအတွက် ငရဲဟာ
ငရဲပြည် မှာ ရှိတယ် 
တစ်ချို့တစ်လေအတွက် ငရဲဟာ
အင်္ဂါ
ဗုဒ္ဒဟူး..
ကြာသပတေး..  ညတွေ မှာ ရှိတယ် .....။


မမသီရိ
၂၄ ဇူလိုင် ၂၀၁၃

Wednesday, July 17, 2013

မောင် ရေ.. လွမ်းတယ်



မြတ်နိုးခြင်း ကို တိုင်းတာဖို့ ပြဒါးတိုင်ကလေး တစ်ချောင်း
ကြင်နာခြင်း တွေ သိမ်း ထုပ်ဖို့ .. ပုဝါ ခပ် ပါး ပါး တစ်ခု
တမ်းမက် မှု များ .. လွှမ်းခြုံထားသော ..
မျက်ဝန်းညို အကြည့်များ.. အမိအရ ပစ်ဖို့ မျှား တစ်စင်း ..
ကျမ နေကြာပန်းခင်း မှာ ထွန်း လင်း နိုင် ဖို့
နေမင်းတစ်စင်း ဖြစ် စေ.. နှင့် ကျမ လိုအပ် သော အရာများ…

သူ့ပါး ကလေး ကိုင် ကြည့် တဲ့ အခါ နူးညံ့ မှုတွေ နဲ့
တွယ်တာခြင်းတွေ အုံလိုက် ကျင်းလိုက် ပွင့်အာ လာ .
ကျမ ကျောပြင် ပေါ်က သူ့ လက်ကလေး ရဲ့နွေးထွေး သိမ်မွေ့ခြင်း
ဘုရားသခင် အလိုတော်ကျ.. ကျမ ရရှိခဲ့ သော.. သူ့ချစ်ခြင်းတွေ…
မငြင်းပယ် နိုင်လောက် အောင် .. နက်ရှိုင်းခဲ့ ..
နာရီ နဲ့ စက္ကန့်များ.. ကာလ များ စွာ.. ကျမတို့ အတူတူ ဝေးကွာခဲ့ ဖူးတယ်..
နေ့များ ည များ.. နာရီများ.. အချိန်များစွာ .. ကျမတို့ စိတ်ချင်း နီးကပ်ခဲ့ဖူးတယ်..
ကျမ တို့ တူတူ စိတ်ကောက်တယ်.. 
ကျမတို့ တူတူ ဝန်တို တယ်.. အပြာ ရောင် တူတူ နှစ်သက်တယ်..
ချစ်ခင် စွာ တူတူ ငြင်းခုံတယ်.. နှစ်သက်စွာ .. တစ်ယောက် ကို တစ်ယောက် အော်ငေါက်တယ်..

ခြေ တစ်ချက် လှမ်း တိုင်း အလွမ်း ပန်းတွေ ပွင့် နေ..
ဖုန်းခေါ်သံ ကလေး များ.. မကြားလေ တဲ့ အခိုက်..
ကျမ ရဲ့ သဘောင်္ ကလေး.. ဘယ်မှာများ ဆိုက် နေသလဲ ကွယ်..
လိပ်ပြာဖမ်း ပိုက်ကွန်ကလေးက ငယ်နေသလားး..
ကျမ ချစ်ခြင်း အင်အား ကို ကျမ ယုံတယ်..
လေပြေ က တိတ်ဆိတ် ငြိမ် ၀ပ်လို့ … ဆိတ်ဖလူး ရနံ့ တွေ တိုးတိုးဝှေ့ဝှေ့ ပြေးလာလို့
မိုးညို့ညို့ တွေ က တောင် ဖက် ဆီ .. မာန်ချီ လို့ .. 
ဒီလောက် ချစ်နေမိမှတော့.. ဒီလောက်လွမ်းရတာ ဘယ် ဆန်းမလဲ ကွယ်..
မောင်.. ရေ့.. လွမ်းတယ်.. ။

မမသီရိ
၁၇ ဇူလိုင် ၂၀၁၃

Saturday, July 13, 2013

ပြန်မနိုးတော့မဲ့ မင်းသမီး .. အတွက်..



တောင်တွေ ဒီလောက်များနေမှတော့
တောင် တစ်လုံး တစ်လေ ပျောက် သွား ဘာများ ဖြစ်မှာလဲလို့
ရှင် တို့ ပြောကောင်း ပြောကြပေမပေါ့ ..

အုတ် တစ်ချပ်စာ လေး .. ဘာ အရေးလဲ လို့
မတွေး ခဲ့ သူတွေ ကြောင့် သာ..
ဒီနေ့ ဒီ ကမ္ဘာမှာ..
ပုဂံ ဆိုတာလဲ ရှိရဲ့.. ဗောရောဗောဓိလဲ ရှိရဲ့
မဟာ တံတိုင်း ကြီး လဲ ရှိရဲ့..
မြောက်ဦး လဲ ရှိရဲ့ .. အီဂျစ် စဖင့် တွေလဲ ရှိရဲ့ ..

သစ်ပင် တွေ သစ်တော ဒီလောက်ပေါ နေမှတော့
တစ်ပင် တစ်လေ လောက်လေး ဘာမှ မဖြစ်သေးဘူး ပေါ့
ဟို လူတွေး ဒီလူတွေး အတူတူ ဒီအတွေး နဲ့
ဝိုင်း အားပေး လိုက် ကြတာ .. ရာစုနှစ် တစ်ဝက်မှာ
ငါတို့ သစ်တောတွေ ..ဂနာလရာဇ်ပြည် ဆီ ဘ၀ ပြောင်း

အက်ကြောင်းတွေ ဘယ်လို ပြန်ဖာထေးကြမတုန်း..
ကုန်းရုန်း သီး ခံ သူ က သီးခံ..
ကုန်းရုန်း.. အကောင်းစံ သူ က အကောင်းစံ..

အပျိုစင် ကိုယ်လုံး ကိုယ်ပေါက် နဲ့..
နာကျင်စွာ လဲ လျောင်း.. အဓမ္မ အကျင့်ခံ
လက်ပံတောင်းတောင် မင်းသမီး ထံ ..
နှုတ်ဆက်ရန် တစ်ခေါက်.. ရောက်ခဲ့ စဉ်အတွေး ..
ချရေး မိတာလေး တွေ...

မမသီရိ
၀၅ ဇူလိုင် ၂၀၁၃




Thursday, July 04, 2013

မယ်သီတာ

သူကလည်း သူ့တာထဲက မထွက် နိုင်

ကိုယ် ကလဲ ကိုယ့် တာထဲ မထွက် နိုင်..
မျက်နှာချင်း ဆိုင် တွေ့ ရက် နဲ့ လက်ကလေး တောင် မကိုင်နိုင် တဲ့ အဖြစ်..

ဇာတ်တော်ထဲက  မင်းဒဿ သာ ခေါ်လို့ ရမယ်ဆို..
ဟန်ဆောင်တာ မူပို တာတွေ အသာထား..

ဇွတ်ပဲ ပြောလိုက်ချင်ပါရဲ့ ..
အတင်း အကျပ် ပဲ ဖြစ်ဖြစ် .. လာခိုး လှည့်ပါ့ .. ကျမ ကို.. ..။


မမသီရိ
၎ ဇူလိုင် ၂၀၁၃

Monday, July 01, 2013

အယ်လစ်ဇာ

ကျမ ချထား ခဲ့တဲ့ ခြေရာတွေ ကောက်ပြီး မှ ကျမ နောက်လိုက်ခဲ့ ပါ အယ်လစ်ဇာ..
အဖုံးတွေ ဖုံးထားတဲ့.. ရာဝင်အိုးတွ မှာ.. လောက်လန်း တွေ နဲ့ ပွ သယောင်း ထ နေတဲ့ အကြောင်း
မီဒီ ယာ ကို ချခင်း.. ဘာသတင်းတွေ ပေးချင်နေရတာတုန်း အယ်လစ်ဇာ..

ကျမ က နေ့ဆို.. လင်း နေမှ.. ည ဆို မှောင်နေမှ ကြိုက်တာ.
ဟိုမရောက် ဒီ မရောက် နေ့ များ.. ဟို မရောက် ဒီမရောက်ည များ..
ကျမ နား သီ တောင် မသိ မိ ပါစေ နဲ့ လား ..  လောလော ဆယ်
အယ်လစ် ဇာ ရေ.. လ ကို လဲ ချစ်ပါ ရဲ့ တိမ် ကို လဲ ချစ်ပါရဲ့ ..
ဒါပေမဲ့.. ကျမ ခုတစ်လော.. အဖြူ အမဲ ပဲ သဲ ကွဲ ချင်နေမိတာ ကို..

ကျမလား... ငြိမ်းချမ်းရေး ကို ထွေ ခင်း ကစား ချင်လို့..
ဟို တစ်ယောက် ကို အပိုင် လိုချင် မိတာ ခဏ ထား...
ကိုင်း ဖျား ကိုင်း နားတွေ မှာ တောင်.. လုံ ခြုံမှုနဲ့ အိပ်စက်ခြင်း ရဲ့ တရား..
ကျမ တို့ ရပ် လိုက်ကြရ အောင်ပါဆို... အဲဒီ အမုန်း စကား များ..

ဘယ်သူ့ ကို အပြစ်ပေးရ မလဲ ဟုတ်လား..
မေးခွန်းလေး များ ကြည့်မေးစမ်းပါ့ ... အယ်လစ်ဇာရယ်.. ..
လမ်းပေါ် မှာ.. ကလေး လဲ သိ.. ခွေး လဲ သိ... အားလုံး သိ...
ရှင်းရှင်း ကြီး. သိ.. မင်း.. မသိတာ မလွန် လွန်း ဘူး လား ကွယ်...

အယ်လစ်ဇာ ရေ.. 
စစ်တန်းလျားတွေ ဆီ.. ကျမ တို့ ခဏ အလည်သွား ကြမလား..
အိုးအိမ် စည်းစိမ် တွေ ပြာ ပုံ ထဲ ပစ်ခဲ့ရ .. ဒုက္ခ သည် စခန်း  နား ခဏ သွား ကြမလား
စစ်ဘေး သင့် မိဘ မဲ့ ကလေး တွေ နဲ့ မင်း မျက် လုံးချင်း ဆိုင် စကားပြောရဲသလား..
သွေးအိုင် ထဲ မိသား စု ၀င် ရဲ့ အိပ်မက် ဆိုးနဲ့ အသက် ရှင် မိခင် တွေ လက် မင်း ကိုင်ရဲမလား..
မီး လောင် ပြင် ထဲ က ကြေကွဲ မျက် ရည် တွေ အတွက် .. မင်း စာ ရင်း ကောက်ဝံ့ သလား... 

ကောင်း ကင် ကြီး ကတော့ ရှိပါ ရဲ့ အယ်လစ် ဇာ ..
ကျမ တို့ အားလုံး ဘယ်တော့ တူတူ နွေးထွေး ကြ ရမလဲ...
နောင် ဘ၀ တွေ ရှိတယ် လို့ ယုံ တဲ့ သူတွေ က .. ဒီ ဘ၀ မှာ.. မတူ တဲ့ သူ ကို ဒုက္ခပေး..
တစ် ဘ၀ ပဲ ရှိတယ် လို့ ယုံ ကြည် သူတွေ က..  ဒီ ဘ၀ မှာ ပဲ အသက် စတေး ဖို့ ၀န်မလေး..
ကျမ တို့ ရှည် ရှာ်ဝေးဝေး မစဉ်စား ကြေး လေ.. အယ်လစ်ဇာ...
တကယ် တမ်း တော့.. ကမ္ဘာ ပေါ် မှာ.. ရှိတာ လူ သန်း ပေါင်း ၇၀၀၀ သာ..

သူ ငယ်ချင်း တစ်ယောက် ကတော့ အယ်လီယန်တွေ လာစေချင် သတဲ့..
ကျမတို့ .. ဘာကို ချစ်လို့ .. ဘာ့ အတွက်... သံလွင် ခက်တွေ ချနင်း..
ချိုး ဖြူလေး တွေ .. သွေး ချင်းချင်း နီ စေ ရ တာပါလိမ့်....
ကျမ ရဲ့ Little Prince လေး.. ကျမ သိပ်လွမ်း တာပဲ...
ကျမ ဦးခေါင်း မှာ.. မသိ နားမလည် နိုင်ခြင်း နဲ့ သက်ပြင်းတွေသာ ပြည့် နှက်.. 
ကျမ ကို တကယ် ချစ်တယ်ဆို.. 
ကျမ ချထား ခဲ့ တဲ့တဲ့ ခြေရာတွေ ကောက်ပြီး မှ ကျမ နောက်လိုက်ခဲ့ ပါ အယ်လစ်ဇာ...
မိုးထန်ထန်.. လေဆန်ဆန်.. 
ငြိမ်းချမ်းမှု တွေ စုဝေး ရာ တောင် ကုန်းတွေ ဆီ ကို သာ ကျမတို့ သွား ကြရအောင်ပါ...။ 


မမသီရိ
1 July 2013