Monday, June 03, 2013

မောင် .. ဖြည့်ရမဲ့ ကွက်လပ်ကလေး...

ကော်ဖီဆိုင်ထဲမှာ လူ အများကြီး ရှိနေပါသည်..
ကျမကတော့ အိတ်ပရက်ဆိုလေးရှေ့ချ ထီးတည်း အတွေးနဲ့
ယောင်ချာချာ ကျမဘေးမှာ ကွက်လပ်ကလေး..

ဘုရားပေါ်မှာ ဘုရားဖူး အများကြီးရှိနေပါသည်..
ကျမ လက်အုပ်ကလေးကတော့ ထီးတည်း ငေး လို့..
ယောင်ချာချာ ဆုတောင်းစာတွေ ထဲ မှာ ကွက်လပ်ကလေး..

ပန်းတစ်လှေကြီး ပွင့်တဲ့ ပန်းခြံ ထဲမှာ.. လူတွေ အများကြီး ရှိပါသည်..
ကျမ နှစ်သက်တဲ့ ပန်းကလေးကတော့ ထီးတည်း မွှေးလို့..
ယောင်ချာချာ ၀တ်မှုန် နုနု လေးပတ်လည် မှာ ကွက်လပ်ကလေး...

နေညိုချိန် အထူး ဘတ်စ်ကားပေါ် .. လူတွေ အများကြီး ရှိပါသည်...
မမီ မကန်း နဲ့ အပေါ်ကွင်းကလေး က လှောင်ပြုံးလေးနဲ့ ငုံ့ကြည့်..
ယောင်ချာချာ လူတွေ ကြပ်ကြပ် သိပ်သိပ် ကြားမှာ.. ကွက်လပ်ကလေး..

လကွေးကွေး ပတ်လည် မှာ.. ကြယ်စင် တွေ ပျော်ပါးလျှက်ရှိပါသည်..
ကျမ ရဲ့ ရာသီရုပ်ကလေး ကတော့ တိတ်တိတ် လေး မှေး လို့..
ဆန်းစ အလင်း နုနု ဖြူအု ခြုံလွှာ အောက်မှာ ကွက်လပ်ကလေး...

ကျမဘေးက ပြတင်း မှာ ခန်းဆီးတွေ မလှစ်ပဲနဲ့ ..ထားပါသည်..
အသော့ ကလေး ရစ်သိုင်းလာတဲ့ လေပြေ..မှာ .. ရုတ်တရက် မျက်လုံးဖွင့် .
ကျမ ဘယ်လက် ကလေး နဲ့ စမ်း သပ်မိတာ က ကွက် လပ်ကလေး..

အလွမ်းဟာ.. ညိုရှရှ .. သူ့ ကိုယ်သင်းရနံ့မှာ ရစ်တွယ်လို့ .ကျန်ပါသည်...
နူးညံ့ရစ်သမ် တွေ တိုးတိတ် လူးလွန့် ခဲ့ဖူး တာက.. အမှတ်တရ...
 ဟိုတုန်းကတော့ တစ်ကိုယ်ရေ တစ်ကာယ နေနေကျ...
အချစ်ကို.. တူးဖော်မိတော့မှ.. ရုန်းမရ ပြု မရ.. .. ဘာနဲ့မှ အစားထိုး လို့မရ..
မောင်... ဖြည့်မှ ပြည့်ဝ တော့မယ့်..ကျမဘေးက .. ကွက်လပ်ကလေး လှလှ ....။


မမသီရိ
၀၃ ဇွန် ၂၀၁၃

5 comments:

Welcome said...

၁၆ နှစ်အတွက် (ကွက်လပ်) က NBF ဘောလုံးလို ဖြစ်ပါမယ် ၊ ၂၀ နှစ်အတွက် (ကွက်လပ်) က ကန်ဘောလုံး ဖြစ်နိုင်ပါတယ် ၊ ၂၅ နှစ် အတွက် (ကွက်လပ်) ဆိုရင် ဘောလီဘော ဘောလုံး ဖြစ်ပြီး ၃၀ နှစ်နဲ့ အထက် (ကွက်လပ်) အတွက်တော့ ဂေါက်သီး ဘောလုံးနဲ့ တူမယ် ထင်ပါတယ်။

လေးစားလျက် ..

မမသီရိ said...

:P

မိုးနတ်ကြယ်စင် said...

ဝိုးးးးးးးးးးးး
လန်းချက် ...
နုချက်..... :PPPPPPPPPPP

အိ said...

အရမ်းကြိုက်ပါတယ်
အားပေးနေမယ်နော် မမ

Anonymous said...

အရမ်းကြိုက်ပါတယ်